ဟစ်တလာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၆၇ -
ဟစ်တလာသည် ပန်းချီအနုပညာကို ဝါသနာပါခဲ့ပြီး အသက်ကြီးလျှင် ပန်းချီဆရာအဖြစ် အသက်မွေးမည်ဟုပင် ဆုံး ဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုးရအလုပ်ကို လုပ်စေချင်ခဲ့ သည်ဆို၏။ ဟစ်တလာမှာ ကျောင်းစာလည်းညံ့ခဲ့သည်။ ကျောင်း ထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့ သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။ ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် [[ဗီယင်နာမြို့]]သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။ ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်ဆို၏။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။ ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစား ပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။
 
ငွေရှင်သူဌေးကြီးများ၏ ကုသိုလ်ဖြစ် ဟိုတယ်များတွင် နေထိုင်ခဲ့ရ၏။ အမြဲတမ်း ငတ်မွတ်စုတ်ပြတ်နေသည့် ကာလများဟု ဟစ်တလာကိုယ်တိုင် ရေးသားခဲ့၏။ ဟစ်တလာ ပန်းချီဆွဲသည့်ကားများတွင် 'အေ ဟစ်တလာ'ဟု လက်မှတ်ထိုးလေ့ရှိ၏။ အဒေါ့ဖ်စ်ဟစ်တလာ အတိုကောက်အမည်ဟူ၏။ ထိုမှဟစ်တလာထိုမှဟစ်တလာ၏ ၏ဘဝအချိုးအကွေ့များသည်ဘဝအချိုးအကွေ့များသည် ဘဝပေးအသိများအရ နိုင်ငံရေး သမားတစ်ယောက်အဖြစ်သို့နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည် ဆို၏။
 
ဟစ်တလာသည် စာများကို ပိုဖတ်ဖြစ်လာ၏။ ပို၍ တွေးတောဆင်ခြင်နိုင်လာ၏။ သတင်းစာများကို ပို၍ ဖတ်ရှုလာ ၏။ဖတ်ရှုလာ၏။ စကားကို လူအများ စိတ်ဝင်စားလာအောင် ကျယ်လောင် ကျယ်လောင် ပြောလေတော့၏။ ဘီယာဆိုင်များတွင် လက်ဖက်ရည်ဆိုင်များတွင် ပို၍ ပြောခဲ့သည်ဆို၏။ နိုင်ငံရေးစကားများ ပို၍ပြောရင်း ရန်ဖြစ်သည်၊ ပြန်လည်ချေပသည်၊ လက်သီးလက်မောင်းတန်းရင်း ဂျူးများ၊ ဘုန်းကြီးများ၊ ဆိုရှယ်လစ်များ၊ ဘုရင့်ဆွေတော်မျိုးတော်များကို မုန်းတီးကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဆို၏။
ဟစ်တလာသည် ထိုအချိန်များမှာပင် စိတ်ကြီးဝင်နေခဲ့ပြီဆိုကြ၏။ သူ့ကိုယ်သူ အလွန်မြင့်မြတ်သူဟု ထင်နေခဲ့ပြီ ဆိုကြ၏။ ဘဝင်မြင့်နေ၏။ သူ့ကိုယ်သူနှင့် အနီးမှလူများကို ဂျာမန်အမျိုးအနွယ်များသည် မြင့်မြတ်သော မဟာမျိုး မဟာနွယ် များဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးမှသာ နိုင်ငံရေး၊ ယဉ်ကျေး မှု ပို၍ မြင့်မားသည်၊ ပို၍ကြွယ်ဝသည်။ ထို့ကြောင့် 'မဟာဂျာမနီ နိုင်ငံတော်ကြီး'ကို ထူထောင်ကြရမည်ဟူသော အတွေးနှင့်စကားမျိုးကို ပြောဆိုခဲ့သည်ဆို၏။
 
၁၉၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ [[မြူးနစ်မြို့]]သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည်နိုင်ငံဟစ်တလာသည် ရေးစကားများကိုသာနိုင်ငံရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့သည် ဆို၏။
သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။
၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှတ်သေနတ်မှန်ကာ ဒဏ်ရာရခဲ့၊ဒဏ်ရာရခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။ စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့ကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် [[ပထမကမ္ဘာစစ်]]ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။
 
ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ် တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။
ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက် အောက်ရှိလက်အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေး ဌာနတွင်သတင်းဖြန့်ချိရေးဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။
 
 
၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင်စတင်ကျော်ကြားခဲ့လေ၏။ ကျော် ကြားခဲ့လေ၏။ 'ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသား ဆိုရှယ်လစ် ဂျာမန်အလုပ်သမားပါတီ'''အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီ''' ဟူ၍ အမည်ပြောင်းခဲ့လေ ၏။အမည်ပြောင်းခဲ့လေ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ 'နာဇီ'ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှာဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တလာနှင့် သဘောမတိုက်ဆိုင်၍ နုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။