အောင်ပန်းမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၄၂ -
 
အောင်ပန်းမြို့တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး အများစုမှာ ဓနု၊ ဗမာ၊ တောင်ရိုး၊ ပအိုဝ်း လူမျိုးများဖြစ်ကြသည်။
 
အောင်ပန်းမြို့ဟာ  ရှမ်းပြည်နယ်သို့  အဝင်တံခါးဝကျော်ကျော်လေးက  မြို့လေးတမြို့ဖြစ်ပြီး  ရှမ်းမြေလတ်ဒေသရဲ့အချက်အချာကျတဲ့ မြို့တမြို့ဖြစ်ပါသည်။`အောင်ကျော်ထူးဆန်း မြို့အောင်ပန်း`လို့ မြို့တည်စက  ပွဲစားကိုဝင်း ရဲ့သမုတ်စကားအရ မြန်မာသက္ကရာဇ်  ၁၂၇၃-ခုနှစ်ကတည်ခဲ့တဲ့မြို့လို့ တော်တော်များများက မှတ်ယူခဲ့ကြပါတယ်ဒါပေမဲ့ အတိအကျကတော့ ၁၂၇၅-ခုနှစ်  နှစ်ဆန်းတစ်ရက်နေ့မှာပဲ ပန္နက်ရိုက်၊အကွက်ချထူထောင်ခဲ့တဲ့ မြို့ငယ်လေးတစ်မြို့ ဖြစ်ပါတယ်။၁၉၁၃-ခုနှစ်၊ဧပြီလ(၁၅)ရက်နေ့ပါပဲ။
ရှေးသာမိုင်းခမ်းငွေခွန်မှူးနယ်ထဲက  အရံမြို့အဖြစ်  ပေါက်ဖွားလာတဲ့မြို့တစ်မြို့ဆိုရင်လည်းမမှားပါ။ ဆန်းကျယ်စွာ ပေါ်ပေါက်လာခဲ့တဲ့ မြို့မဟုတ်ပေမဲ့လည်း ထူးခြားတဲ့မြို့ကလေးတစ်မြို့ပါ။၁၉၁၀-ခုနှစ်မှာ အင်္ဂလိပ်အစိုးရက သာစည်ဘူတာဖက်မှ ရှမ်းပြည်ဖက်သို့ ရထားလမ်း ဖောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲ မြန်မာပြည်မီးရထား ကုမ္ပဏီက ဦးဆောင်ပြီး လုပ်ငန်းစတင်ခဲ့ပါတယ်။ထိုရထားလမ်းဖောက်လုပ်ခဲ့တ ဲ့ အကြောင်းတရားကြောင့်လည်း  အောင်ပန်းမြို့သစ်တစ်မြို့ ပေါ်ပေါက်လာခဲ့ရပါတယ်။ ထိုအချိန်က သာမိုင်းခမ်းနယ်ပယ်သည် ကြီးကျယ်စည်ပင်သော ရှေးမြို့တစ်မြို့ဖြစ်ခဲ့ပါတယ်။
ကလောနယ်သည်လည်း သာမိုင်းခမ်းလက်အောက်ခံနယ်ပင်ဖြစ်ပါတယ်။၁၉၁၁-ခုနှစ်၊နိုဝင်ဘာလတွင် အင်္ဂလိပ်အစိုးရက ရှမ်းမြေလတ်ဒေသ အုပ်ချုပ်ဖို့ရုံးနှင့်တောင်စခန်းမြို့တည်ဖို့စီစဉ်ခဲ့ပါတယ်။၎င်းအစီအစဉ်ကို သာမိုင်းခမ်းစော်ဘွား မင်းမောင်ဖိုး က ခွင့်ပြုပေးခဲ့ပါတယ်။ထို့ကြောင့်အင်္ဂလိပ်အစိုးရက ကလောမြို့ကို စနစ်တကျတည်ဆောက်ခဲ့ပြီး ၁၉၁၄-ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့တွငကလောမြို့ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ ၎င်းမြို့ကို အင်္ဂလိပ်အစိုးရက ကုန်သွယ်မှုဗဟိုဒေသ(Trading Center) အဖြစ်လဲ ရည်မှန်းခဲ့ကြပါတယ်။
ထိုစဉ်အချိန်က စည်ကားလျှက် ရှိနေသော သာမိုင်းခမ်းမြို့နှင့် ကလောမြို့အကြား အောင်ပန်းမြို့ ပေါ်ပေါက်လာစရာအကြောင်း မရှိနိုင်ဟု ယူဆလို့ရပါတယ်။သို့သော်လည်း  ၎င်းတို့မြို့နှစ်မြို့  အကြား လမ်းသာသောနေရာတွင် ဘူတာရုံတစ်ရုံတစ်ခုထားရှိရန် စီစဉ်ခဲ့ကြသောကြောင့်  ၎င်းဘူတာနှင့်မလှမ်းကမ်း
နေရာတွင် မြို့တစ်မြို့ဖြစ်ပေါ်လာခဲ့ရပါတယ်။မြို့တည်စတွင် အုပ်ချုပ်သူ သာမိုင်းခမ်းစော်ဘွားကြီး ကိုယ်တိုင် မြို့ဖြစ်လာလိမ့်မယ်လို့မထင်မှတ်ခဲ့။မီးရထားနှင့်ကုန်စည်ကူးသန်းလွယ်ကူစေရန်အလို့ငှါ သာမိုင်းခမ်း၏ အရံမြို့လေးအဖြစ် စီစဉ်ပေးခဲ့ခြင်းဖြစ်ပါတယ်။သာမိုင်းခမ်းစော်ဘွား၏ ယောက်ဖတော်သူ သခင်ခွန်ရုံး 
ကိုမြို့တည်ရန်တာဝန်ပေးခဲ့ပါတယ်။ဘူတာတည်မ့ ဲ  အရှေ့ဘက်ကုန်းလေးပေါ်မှာ    အဆောက်အဦ တစ်ခုဆောက်ပြီး ထိုရုံးမှတဆင့် မြို့သစ်တည်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။၎င်းရုံးသည် ပြည်သူ့ရဲတပ်ဖွဲ့စခန်း အဖြစ်ယနေ့တိုင်  ရပ်တည်နေဆဲပါ။
ရှေးကအလွန်စည်ကားခဲ့သော  သာမိုင်းခမ်းမြို့တစ်ခ ုပျောက်ကွယ်သွားရလောက်အောင် အောင်ပန်း
မြို့သည်ကြီးကျယ်တိုးတက်ခဲ့ရခြင်းနှင့်၊အင်္ဂလိပ်အစိုးရသည် ကလေမြို့ကို  စီးပွားရေးမြို့အဖြစ်ဖန်တီးပေးခဲ့
သော်လည်း ယနေ့အချိန်တွင် အောင်ပန်းမြို့တွင်သာ စီးပွားရေးအချက်အချာကျခဲ့ခြင်းတို့ကြောင့်ထူးခြားသော မြို့တစ်မြို့ဟုဆိုလိုက်ရပါတယ်။
စည်ကားလာရခြင်းအကြောင်းမှာ အာလူးထွက်ကုန်များကြောင့်ဆိုရင်လည်းမမှားပါ။ထိုခေတ်က အာလူးထွက်ကုန်သညအဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ခဲ့ပါသည်။ပင်းတယ၊ ကျုံး၊ ဟဲဟိုး၊ ရွာငန်၊ တီကျစ်၊ သာမိုင်းခမ်းနယ်မှထွက်သော အာလူးများသည် အောင်ပန်းဘူတာတွင် လာရောင်စုစည်းကြပြီး  အနယ်နယ် အရပ်ရပ်သို့ တင်ပို့ကြရပါတယ်။ ၎င်းအာလူးထွက်ကုန်များကြောင့်လည်း အောင်ပန်းမြို့    တိုးတက်ရာ လမ်းကြောင်းသည် ပိုပြီး အဆင်ပြေချောမွေ့ခဲ့ရပါတယ်။အိန္ဒိယ ကလကတ္တားတွင် အောင်ပန်းအာလူးဈေးကွက် ကြီးကျယ်ခဲ့ရပါတယ်။ထိုမျှမက ရှမ်းမြေလတ်မှ ထွက်ကုန်အားလုံးနီးပါးသည် အောင်ပန်းမြို့မှ တစ်ဆင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချပေးသောမြို့တစ်မြို့အဖြစ်ရပ်တည်ခဲ့ရပါတယ်။  ထိုသို့သော အကြောင်းများကြောင့် မြို့ကွက်ချပေးသောနေရာတွင် အနယ်နယ်အရပ်ရပ်မှနေရာယူလာခဲ့ကြရာ စည်ပင်တိုး   တက်လာရခြင်းဖြစ်ပါတယ်။
လမ်းလေးဆုံကျသောနေရာတွင် တည်ရှိနေသောကြောင့် ရှမ်းပြည်ရောက်လျှင် အောင်ပန်းမြို့သို့ မဖြစ်မနေရောက်ရပါလိမ့်မည်။
အရှေ့ဘက်တွင် ရှမ်းပြည်နယ်၏ အထင်ကရ အင်းလေးကန်နှင့် ဖောင်တော်ဦးဘုရားနှင့်မြို့တော်   တောင်ကြီးတည်ရှိပါသည်။ဖောင်တော်ဦးဘုရားပွဲသည် နှစ်စဉ် သီတင်းကျွတလဆန်း(၁)ရက်မှလပြည့်ကျော်   (၃)ရက်နေ့အထိ(၁၈)ရက်တိုင်တိုင် အင်းလေးဒေသ ရွာစဉ်လှည့်လည်အပူဇော်ခံပွဲတော်ဖြစ်ပါတယ်။ပင်လယ်  ရေမျက်နှာပြင်အမြင့်-၄၇၁၂ပေအမြင့်ရှိတောင်ကြီးပေါ်တွင်တည်ထားသောကြောင့် တောင်ကြီးမြို့လို့ ခေါ်ဆို ကြောင်းသိရပါတယ်။အောင်ပန်းမြို့မှ (၃၆)မိုင်ခရီးရှိပါတယ်။တန်ဆောင်တိုင်ပွဲတော်နှင့်မီးပုံးပျံအလှပြိုင်ပွဲမှာ ထင်ရှားပါပေတယ်။တောင်ကြီးမြို့ရဲ့သက်တမ်းကတော့(၁၁၂)နှစ်ပြည့်သွားပါပြီ။ထိုမှတဆင့် အရှေ့တောင် ဘက်သို့(၂၈)မိုင် ဆက်သွားပါက ကက္ကူ(ဝက်ကူ)မွေတော်ဘုရားသို့ရောက်ရှိနိုင်ပါတယ်။၎င်းဘုရားပွဲတော်သည် နှစ်စဉ်ကျင်းပပြီး ပအိုဝ်းလူမျိုးတို့၏တပေါင်းပွဲတော်ပင်ဖြစ်ပါတယ်။
အနောက်ဘက်(၆)မိုင်အကွာတွင် အင်္ဂလိပ်တို့တည်ခဲ့သည့် သာယာလှပသော ကလောမြို့နှင့်ပင်မာ ကုန်းရွာ-နှီးဘုရားကို သွားရောက်ဖူးမျှော်နိုင်ပါတယ်။ကလောနှင့်အောင်ပန်းအလယ်တည့်တည့်နေရတွင် တောင်တိုမင်းလက်ထက် စေတီပုထိုးအဟောင်းများကိုလည်း သွားရောက်ဖူးမျှော်နိုင်ပါသေးတယ်။၎င်းစေတီ တစ်စုသည် နှစ်ကျိပ်ရှစ်ဆူရှိပြီးအသစ်ပြန်လည်ပြုပြင် မွမ်းမံလျှက်ရှိနေပါတယ်။ရှေးက တည်ရှိခဲ့သော သာမိုင်း ခမ်းခေတ်ပြိုင် တောင်တိုရွာကြီးကတော့ ပျက်စီးပျောက်ကွယ်ခဲ့ပါပြီ။
တောင်ဘက်တွင် အောင်ပန်းမြို့မှ ၆-မိုင်ခရီးရှိသော မြင်းမထိ ရှေးဟောင်းဥဏ္ဏလုံ သဘာဝလိုဏ်ဂူ  တော်၊ထိုမှတစ်ဆင့် ရှမ်းလူမျိုးတို့ နေထိုင်သော ပင်လောင်းမြို့၊ပြီးလျှင် ကယားပြည်နယ်သို့ဆက်လက် ကူးသွား နိုင်ပါတယ်။
မြောက်ဘက်(၂၄)မိုင်အကွာမှာ ပင်းတယမြို့ ရွေဥမှင်ဘုရားလိုဏ်ဂူတော်ကိုလည်း သွားရောက်ဖူး မျှော်နိုင်ပါတယ်။ဓနုတိုင်းရင်းသားများ၏ တပေါင်းပွဲတော်ကို နှစ်စဉ်ကျင်းပပါတယ်။ပင်းတယမှအရှေ့မြောက် ဘက်(၇)မိုင်ခန့်အကွာတွင် ကုံလုံဆရာတော်ဘုရားကြီး ကျောင်းတော်လည်းရှိပါတယ်။ဆရာတော်ဘုရားကြီးမရှိ တော့သော်လည်း ကျောင်းတော်ကြီးမှာခံ့ညားထည်ဝါစွာ ရှင်သန်ရပ်တည်လျှက်ပါပဲ။
၎င်းနေရာများသာမက အောင်ပန်းမြို့၏ အနောက်မြောက်ဘက်(၄၂)မိုင်ခန့်တွင် ရွာငံနယ်မှတဆင့် မြန်မာ့သမိုင်းအကြို ကျောက်ခေတ်ဟောင်းလူသား အထောက်အထားရှိတဲ့ ပြဒါးလင်းဂူသို့လည်း လေ့လာရေးခ ရီး သွားရောက်နိုင်ပါသေးတယ်။
အောင်ပန်းမြို့ပတ်ဝန်းကျင်တွင်လည်း လည်ပတ်စရာအထင်ကရနေရာလေးတွေ ရှိပါသေးတယ်။ အောင်ပန်းမြို့၏ အနောက်မြောက်ယွန်းယွန်း(၇)မိုင် အကွာတွင် ရှေးဟောင်းသမိုင်းဝင် သူရဲဥမှင်လိုဏ်ဂူတော် သို့လည်းသွားနိုင်ပါသေးတယ်။ဒေသသားတို့၏ နှစ်စဉ်ကျင်းပမြဲ တပေါင်းပွဲတော်တစ်ခုပင်ဖြစ်ပါတယ်။ အောင် ပန်းနယ်သူ၊နယ်သားများအတွက် ပျော်စရနှစ်သက်စရာပွဲတော်တစ်ခုအဖြစ် ရှေးကတည်းက ကျင်းပလျှက်ရှိပါ တယ်။ထိုနေရာ၏အနောက်ဘက်သို့ ဆက်သွားချင်လျှင်ရပါသေးတယ်။နိုင်ငံခြာသားများ မကြာခဏ လာ ရောက်လေ့လာနေသော ပလောင်တိုင်းရင်းသားများ နေထိုင်ရာအရပ်နှင့် ပလောင်တောင်တန်းများပင်ဖြစ်ပါ သည်။အောင်ပန်းမြို့မှ အနောက်မြောက်ဘက်သို့ (၈)မိုင်ကျောက်သွားရပါတယ်။၎င်းပလောင်လူမျိုးများသည် ထိုနေရာမှစပြီး  ကလောမြို့ရဲ့အနောက်ဘက်(၇)မိုင်-ရွှေမင်းဘုန်းလုရားဒေသတဝိုက်တိုင်အောင် ပျံ့နှံ့နေထိုင် လျှက်ရှိပါတယ်။ပလောင်ဒေသ၏ အရှေ့ဘက်ကပ်လျှက်တောင်ပေါ်တွင် သီရိဓမ္မာသောကမင်း ကောင်းမှု  မြသပိတ်တည်ရှိသောတောင်ကို ရတောင် အဖြစ်လူသိများပြီး ပင်လယ်ရေမျက်နှာပြင်အမြင့်(၅၅၃၂)ပေ (Shan K.Z)တွင်ရှိပါတယ်။အမေ့နို့ဖိုးကျေစေရန် အယူအအဆဖြင့် ၎င်းတောင်ပေါ်သို့ ဒေသသားတိုင်းအရောက်သွား ကြပါတယ်။
ထိုမှတဖန် အောင်ပန်းမြို့၏အရှေ့တောင်ဘက် (၅)မိုင်ခန့်နေရာတွင်လည်း ထူးခြားသော စေတီ တစ်ဆူရှိပါသေးတယ်။၎င်းစေတီသည် ရှမ်းပြည်နယ်တွင် မည်သည့်စေတီနှင့်မျှမတူ တစ်ဆူတည်းသောစေတီ ပင်ဖြစ်ပါသည်။နတ်တော်ကျေးရွာရှိ နတ်တည်စေတီပင်ဖြစ်ပါတယ်။နတ်တို့၏အကူအညီဖြင့် တည်ထားသော ကြောင့် နတ်တည်စေတီလို့ခေါ်ကြောင်း ဒေသခံများပြောစကားအရသိရှိရပါတယ်။စေတီတစ်ဆူတည်းတွင် အရံ စေတီ(၆၈)ဆူမျှပူဇော်ထားသောကြောင့် ထူးခြားရခြင်းဖြစ်ပါတယ်။၂၀၀၅-ခုနှစ်တွင် ထိုင်ဝှမ်အလှူရှင်တစ်ဦးမှ မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်အပြီး တော်တော်များများသွားရောက် ဖူးမျှော်နေကြပါပြီ။
အောင်ပန်းမြို့တွင် ထူးခြားတဲ့ဘုရားဆင်းတုတော်တစ်ဆူရှိပါသေးတယ်။ကလောမြို့ရှိ နှီးဘုရား ကဲ့သို့ သက်တမ်းမရင့်နိုင်သော်လည်း လက်ရာမှာအလွန်ကောင်းမွန်သပ္ပါယ်လှပြီး ဉာဏ်တော်မှာ ၉ပေ၉လက်မ ရှိပါတယ်။၎င်းဘုရားသည် အောင်ပန်း၊လှည်းရိုးကျောင်းတိုက်တွင် ကိန်းဝပ်စံပယ်လျှက်ရှိပါတယ်။ခုနှစ်သက္က ရာဇ်အတိအကျမသိရသေးသော်လည်း နှစ်ပေါင်း(၁၂၀)ကျော်အထက်ရှိသည့် ရှေးဟောင်းနှီးဘုရားအဖြစ် မှတ်တမ်းတင်နိုင်ပါတယ်။
အလည်အပတ်နှင့် လေ့လာခရီးလာမယ် ဆိုရင်ဖြင့် အောင်ပန်းမြို့အနီးအနားတွင် သမိုင်းဝင်စေ တီအစုအများအပြားရှိပါသေးတယ်။
သာယာရွှေပြည် လို့အဓိပ္ပါယ်ရတဲ့ သာမိုင်းခမ်းကျေးရွာတွင်လည်း ရှေးဟောင်းစေတီ၊ပုထိုးများကို သွားရောက်လေ့လာဖူးမျှော်နိုင်ပါသေးတယ်။အောင်ပန်းမြို့၏ အရှေ့မြောက်ဘက်(၅)မိုင်ခန့်တွင် ရှိပါတယ်။ရှေး သာမိုင်းခမ်းမင်း၊စော်ဘွား၊အုပ်ချုပ်သူအဆက်ဆက် တည်ထားကိုးကွယ်ခဲ့ကြသော စေတီ၊ပုထိုး(၇၀)ကျော်ရှိပါ သည်။သာမိုင်းခမ်းမွေတော်ကျောင်းတွင် ရွှေချမ်းအေးနှင့်ရွှေချမ်းမြ ဘုရားနှစ်ဆူအနက် ရွှေချမ်းမြ ကကြေးသွန်း ကိုယ်စားတော်မြတ်ကြီးဖြစ်ပြီး  ရွှေချမ်းအေး ဆင်းတုတော်က နှီးဘုရားကိုယ်စားတော်ဖြစ်ပါသည်။ယခုထက် တိုင် သပ္ပါယ်စွာ ဖူးမျှော်နိုင်ပါသည်။သာမိုင်းခမ်းနယ်ဆုတ်ယုတ်လာသည်နှင့်အမျှ ထိုစေတီပုထိုးများသည်လည်း ပျက်စီးယိုယွင်းမှုများစွာကြောင့် သံဝေဂယူစရာတွေ့မြင်နိုင်ပါတယ်။ ပြန်လည်ပြုပြင်ရန် အကောင်းဆုံး အချိန်အ ခါဖြစ်သော်လည်းပြင်ဆင်သူဒါယကာမဲ့နေပါတယ်။
အောင်ပန်းပုဂံဟု တင်စားနိုင်လောက်အောင် စေတီပုထိုးအများအပြားကိုတွေ့မြင်နိုင်ပါလိမ့် မည်။
နောင်မကြာတော့မည့်အချိန်တွင် အောင်ပန်းမြို့၏ အနောက်ဘက်ကုန်းမြင့် ပေါ်တွင် အထင်က ရစေတီတော်ကြီးတစ်ဆူ ပေါ်ထွန်းလာတော့မည်ဖြစ်ပါတယ်။၎င်းစေတီသည် ရွှေတိဂုံစေတီတော်ပုံစံယူပြီးဉာဏ် တော်(၁၀၈)တောင် တည်ထားကိုးကွယ်မည်ဖြစ်ပါတယ်။၎င်း သီရိမင်္ဂလာဆုတောင်းပြည့်အောင်ချမ်းသာ စေတီတော်မြတ်ကြီးကို အောင်ချမ်းသာဆရာတော်ဘုရားမှ ဦးဆောင်ကာ တည်ဆောက်နေခြင်းဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရေစက်ဆုံဘုရားကုန်း ပေါ်တွင် မာတာသုခ စေတီတော်မြတ်ကြီးလည်း ပေါ် ထွန်းလာတော့မည်ဖြစ်ပါသည်။
အောင်ပန်း ဆိုတာ သပြုသပြေ (ဇမ္ဗုသပြေ)ပန်းဖြစ်ပါတယ်။ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်း သြ ဘာနမိတ်ထွန်း ဆိုပြီးပြောလေ့ရှိတဲ့ ကျွန်တော်တို့နေထိုင်ရာတောင်ကျွန်းမှာ ပေါက်တဲ့ သပြေပင်ကပန်းကို ခေါ် ပါတယ်။အောင်မြငိတဲ့ပန်း၊ ကျက်သရေအပေါင်းနှင့် ပြည့်စုံတဲ့ပန်း အောင်ပန်း အဖြစ်အသုံးပြုကြပါတယ်။ဘုရား လှူခြင်း၊နတ်တင်ခြင်း….စသည့်မြင့်မြတ်ရာမှာ အသုံးပြုကြပါတယ်။
ဒီအတိတ်နိမိတ်တွေကြောင့်ဘဲ အောင်ပန်းမြို့ ဟာကြီးကျယ်ထွန်းကားစည်ပင် လာရသည်ဟု ထင်မြင်မိပါတယ်။ဘာပဲပြောပြော ယနေ့ အောင်ပန်းမြို့ သည်အောင်ပွုခံတဲ့မြို့အဖြစ်ရပ်တည်နေပါပြီ။သာသ နာပွင့်လာတဲ့မြို့အဖြစ်လည်းမြင်တွေ့နေရပါပြီ။
 
==ကိုးကား==