မြန်အောင်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

ဖြည့်စွက်ချက်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Reverted 1 edit by Khaing Soe Htay (talk): Please do not copied text from sources into Wikipedia. Doing so is a copyright violation and constitutes plagiarism. (TW)
စာတွဲများ: အစားထိုးခဲ့သည် နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၂၈ -
}}
'''မြန်အောင်မြို့နယ်''' သည် [[မြန်မာနိုင်ငံ]]၊ [[ဧရာဝတီတိုင်းဒေသကြီး]]၊ [[ဟင်္သာတခရိုင်]]ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ [[မြန်အောင်မြို့]] ဖြစ်သည်။
 
မြန်အောင်မြို့ သမိုင်း နှင် တည်နေရာ နယ်နမိတ်၊ လူဦးရေနှင့်အကျယ်အဝန်း
=========================
မြန်အောင်မြို့ ကို ရှေးရှေးတုန်းက
၁။ ကျိုက်တုံလုံတော (မွန်ခေတ်)
၂။ ကူထွတ် / ဂူထွဋ်
၃။ လွန်ဆေး
..................လို့ ခေါ်ခဲ့ကြတယ်...
 
အလောင်းမင်းတရားကြီးသည် သက္ကရာဇ် ၁၁၁၆ ခုနှစ် တန်ခူးလပြည့်ကျော် ၁ ရက်(ခရစ်နှစ် ၁၇၅၅ ခုနှစ် မတ်လ ၂၈ ရက်) သောကြာနေ့တွင် ကူတွတ်မြို့ဟောင်း(လွန်ဆေး)ကိုမြန်အောင်ဟု သမုတ်လျက် မြန်အောင်ဘုံသာစေတီကို တည်ခဲ့ကြောင်းကမ္ဗည်းထိုးထားသည်။
အလောင်းမင်းတရားတည်ထားခဲ့သည့် မြန်အောင်ဘုံသာဘုရား၏ မြစ်ကမ်းပြိုပျက်ခဲ့သဖြင့်ဓာတ်တော်များ သိမ်းဆည်း ထားရကြောင်း မြန်အောင်မြို့သူကြီး စည်သူရာဇ ရွှေတောင်က လျှောက်ထားလာသဖြင့် ဘကြီးတော်သည် သက္ကရာဇ် ၁၁၉၀ ပြည့် နှစ်၊နှောင်းတန်ခူးလဆုတ် ၂ ရက်(ခရစ်နှစ် ၁၈၂၉ ခုနှစ် မတ်လ ၂၁ ရက်) စနေနေ့တွင် ဌာပနာရင်း ဓာတ်တော်မွေတော်များကို ဓာတ်တော်မွေတော် ရုပ်ထုတော်များ ထပ်မံဖြည့် ဆည်း၍သင့်ရာနေရာသို့ပြောင်းရွှေ့တည်လုပ်စေခဲ့ပြီး မြန်အောင်ဘုံသာဟု ကမ္ဗည်း တပ်စေခဲ့ကြောင်း ခေါင်းလောင်းစာတွင် ဖတ်ရှုနိုင်သည်။
ပုသိမ် (၃၂) မြို့တွင် ပါဝင်သော ကျိုက်တုံလုံတော၊ ကူထွတ်၊ လွန်ဆေး စသည့် အမည်များဖြင့် ထင်ရှားခဲ့သည့် ယနေ့ မြန်အောင်မြို့။ နန်းတော်ရာနှင့် နန်းတော်ရာစေတီတို့မှာ မြစ်ရေတိုက်စားရာတွင် ပါသွားခဲ့ပြီဟု ဆိုကြပါသည်။
 
ကိုးကား။ ကူထွတ် လွန်ဆေး မြန်အောင်၊ မြို့သမိုင်းပြုစုရေးအဖွဲ့၊ ၂၀၁၂ ဇူလိုင်
 
https://m.facebook.com/myanmaringe/photos/a.467120969983447.119089.467119559983588/503817099647167/?type=3
မြန်အောင်သမိုင်း
မြန်အောင်အကြောင်းသိကောင်းစရာ
၁။ဥသြအော်မြည်-မြန်အောင်ရွှေဘုံသာတည်။(မြန်အောင်ရွှေဘုံသာစေတီတော်ကြီးကို(၁၁၁၅)ခုနှစ်တွင်တည်ထားပူဇော်သည်)
၂။ဥသြအော်သည်-မြန်အောင်ရွှေကျောင်းတည်။(ပရဟိတမြို့ရွှေကျောင်းတိုက်ကို(၁၁၁၆)ခုနှစ်တွင်တည်ထောင်သည်။)
၃။အောင်ကျော်ကြာလှ-တာကြီးစ။(မြန်အောင်ရေကာတာကြီးကို(၁၂၂၄)ခုနှစ်တွင်စတင်ဖို့သည်။)
၄။အောင်ကျော်ကြာကျင်း၊ဈေးကြီးခင်း။(မြန်အောင်ဈေးရုံကြီးကို(၁၂၂၂)ခုနှစ်တွင်စတင်တည်ဆောက်သည်။)
၅။အောင်ဆန်းဖခင်-ဈေးရုံပြင်။(ဈေးရုံကြီးကို(၁၃၅၂)ခုတွင်ပြင်ဆောက်သည်။)
၆။အကျော်သုတိ၊ကြံခင်ထိဖောက်သည့်ရထားတာ။(ရထားလမ်းကြီးကို(၁၂၆၇)ခုနှစ်တွင်စတင်ဖောက်သည်။)
၇။အောင်ဆန်းကျော်မှ-ရေနံရ။(မြန်အောင်ရေနံမြေ။(၁၃၂၅)ခုနှစ်တွင်စတင်ထွက်သည်။
၈။အောင်ဆန်းဆုနှင်း-တိုင်းလုံးလင်း။(မြန်အောင်သဘာဝမီးစက်ကြီး(၁၃၃၇)ခုနှစ်တွင်ဧရာတိုင်းလုံးလင်းသည်။)
၉။အောင်ဆန်းလမ်းဖောက်-မြန်အောင်ကြံခင်းကားလမ်းပေါက်။(မြန်အောင်ကြံခင်းကားလမ်းမကြီးကို(၁၃၄၅)ခုနှစ်ဆန်း(၁)ရကိနေ့ဖွင့်သည်။)
၁၀။အောင်ဆန်းဝမ်းမြောက်-မြန်အောင်နာရီစင်ကြီးဆောက်။(မြန်အောင်ဈေးအတွင်းနာရီစင်ကြီးကို(၁၃၄၅)ခုနှစ်တွင်စတင်ဆောက်လုပ်သည်။)
၁၁။အောင်ဆန်းပြည်ထောင်-နဝဒေးတံတားကြီးအောင်။(နဝဒေတံတားကြီးကို(၁၃၅၉)ခုနှစ်တွင်ဖွင့်သည်။)
၁၂။မြန်အောင်သမ္ဗုဒ္ဓေတည်ဆောက်ပေ-မှတ်လေ၁၃၆၀။(မြန်အောင်သမ္ဗုဒ္ဓေဘုရားကို(၁၃၆၀)ခုနှစ်တွင်တည်ထားပူဇော်သည်။
မြို့တစ်မြို့ဖြစ်တည်ပေါ်ထွန်းလာခဲ့သည်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စတင်သမုတ်ခေါ်ဝေါ်ခဲ့ပါသည့် ကုန်းဘောင်ခေတ်ဦးမြန်မာသက္ကရာဇ် ၁၁၁၆-ခုနှစ်၊တပေါင်းလပြည့်ကျော် (၇)ရက်မှစကာ ရေတွက်လျှင် နှစ်ပေါင်း ၂၅၄ နှစ် ရှိနေပြီဖြစ်ပါသည်။ အမှန်အားဖြင့် မြို့၏သက်တမ်းမှာ ထိုမျှမကပါ အနော်ရထားမင်း တည်ထောင်တော်မူခဲ့သော ပထမမြန်မာနိုင်ငံတော်ကာလမတိုင်ခင် သရေခေတ္တရာပျူခေတ်လောက် ကတည်းကတည်ရှိခဲ့သော မြို့ဖြစ်ကြောင်း ရှေးစာဟောင်းများအရ မှတ်သားသိရှိခဲ့ရပါသည်။ မြို့အမည်မှာလည်း သရေခေတ္တရာ ပျူခေတ်လောက်မှစကာကူထွတ်(ဂူထွတ်)ဟုသမိုင်းဝင်ခဲ့ပြီးဖြစ်ပါသည်။ ပုဂံခေတ်တွင်လည်း ကူထွတ်အမည်နှင့်ပင် တည်ရှိခဲ့ပါသည်။ သို့သော်လည်း၊ ညောင်ရမ်းခေတ်နောက်ပိုင်း ကုန်းဘောင်ခေတ်ဦး မတိုင်မီကာလလောက်တွင် မွန်ဘာသာဖြင့် (လွန်ဆေး)ဟုအမည်တွင်ခဲ့သော မြို့ဖြစ်လာခဲ့ပါသည်။
အရှင် ဥတ္တရဉာဏ at 8:18 AM
 
မြန်အေါင်မြို့သည် ပုသိမ်ရာမညအပိုင်းတွင်ပါဝင်သည်။ပုသိမ်အပါအဝင် ၃၂ မြို့ရှိသည်။နယ်နိမိတ်မှာ အရှေ့ကိုဇရွံတောင်စွန်၊အာလိန်၊အနောက်ကို မိုးတိမ်ပြင်ရွာတိုင်၊မြောက်ကို ကျန်ကင်းပရှင်းချောင်းထိဖြစ်သည်ဟူ၏။ကျန်ကင်းပရှင်းချောင်းသည် ကြံခင်းမြို့ပင်ဖြစ်၏။
အင်းဝအမရပူရစံ ဘိုးတော်ဦးဝိုင်းလက်ထက် ၁၁၄၅ နှစ် စစ်တမ်းကောက်ယူရာတွင် ပုသိမ်မြို့သူကြီး ဦးချမ်းမြ လျောက်တင်သော စစ်တမ်းပရပိုက်မူတွင်
အရှေ့လား ဧရာဝတီမြစ်လယ်ကြော
တောင်လား ပင်လယ်
အနောက်လား နဂရစ်တောင်ရိုးအထိ
မြောက်လား ဖားတရှဉ်းနယ်ဟု ဆို၏။
ဖားတရှဉ်းနယ်သည် ကြံခင်းနယ်ပင်ဖြစ်သည်။ ပုသိမ် ၃၂မြို့ဖော်ပြရာတွင် အမှတ်စဉ် ၁၈၊ ကျိုက်တုံလုံထော ယခုအခါမြန်အောင်ဟု ဖော်ပြထားသည်။ကျန်ကင်း ပရှင်းချောင်း တရုပ်မော်အထိဟု တွဲ၍ဖော်ပြထားသည်။
မြန်အောင်သည်မွန်ဘာသာဖြင့်မည်သို့အဓိပ္ပါယ်ရသည်ကိုရှင်းလင်းဖော်ပြထားခြင်းမတွေ့ပါ။
ပုသိမ် ၃၂-မြို့
ရွှေတိုက်တော် စာရင်း ပုရပိုက်မှ၊ ယခု အမည်ကို နောက်ဆက်ကော်မာနှင့် ပြထားသည်။
ကျကျိုက်စတည်မြို့ ' ဟိုင်းကြီး'၊
ကျိုက်သရဲမြို့'မော်တင်'၊
ကျိုက်ခရံမြို့'ဘုရားလှ, ကျုံထူး'၊
ကျိုက်ထူပါရရုံ ကမ်းဖြူမြို့'မြစ်တရာ'၊
ကျိုက်ဇလဘမော် မြို့၊
ကျိုက်ပေဒါမြို့'ပန်းမဝတီ'၊
ကျိုက်အမွန်မြို့'ဆိပ်ကြီး'၊
ကျိုက်ဝှန်မြို့ 'ကျုံတုံးကံကြီး'၊
ကျိုက်ဇလဲထော်မြို့'မြောင်းမြမြို့ဟောင်း'၊
ကျိုက်မိမြို့'သစ်ရောင်းချောင်း'၊ (၁၀)
ကျိုက်ဓောမြို့'တကောင်း'၊
ကျိုက်ပိမြို့'ကျုံတေရာ်, ကျုံပျော်'၊
ကျိုက်မော်ဓော ထလျော် မြို့'ထောင်လုံ'၊
ကျိုက်သေထာမြို့'ရေကြည်ပန်းတော'၊
ကျိုက်ပတီသာရေဝါမြို့'မြို့ကွင်း'၊
ဘုရားကြီးသံသေတန်ခွန်မြို့ 'ဒမ္ဘီ'၊
ကျိုက် တုံလုံတောမြို့ 'မြန်အောင်'၊
ကျိုက်ပြိုတောင်မြို့ 'အင်္ဂပူ, အုတ်ဖို'၊
ကျိုက်ငူသုနန္ဒမြို့'မန်းကြာ'၊
ကျိုက်တောင်တော်မြို့'ပန်းတောကြီး '၊ (၂၀)
ကျိုက်မင်းပေတာမြို့'ကျောက်ချောင်းကေလး'၊
ကျိုက်အဝှန် ကျုံတုံးမြို့'ဘိုးတော်ဘုရားကြီး'၊
ကျိုက်ခရံဂေဟနံမြို့'ခေနံ '၊
ကျိုက်သေတာမြို့'ဘုရားကုန်း'၊
ကျိုက်ခေတာ်တုံမြို့'ထန်းဖူး'၊
ကျိုက်ခရံထော်, ကျိုက်ဖြူမြို့'သိမ်ချောင်း, သာပေါင်း'၊
ကျိုက်နံကလံ တနပေဝါရိမြို့'ကျောက်ချောင်းကြီး'၊
ကျိုက်တည်မုေဋ္ဌာ -သြမင်းတုံးမြို့'ပန်းတေနာ်'၊
ကျိုက်သလွန်မွန် 'ဒေါင်းဖြူမြို့ ဓနုဖြူမြို့'၊
ကျိုက်အနန္ဒပူရမြို့ 'ဟင်္သာတ'၊ (၃၀)
ဟင်္သာတမြို့၊
ပုသိန်မြို့မ (၃၂)။ [၂] [၃]
 
မှတ်ချက်။ ။ အချို့စာမူတို၌ ဟင်္သာတမြို့ မပါ၊ ၃၁-မြို့သာ ရှိ၏။
ဝီကီပီးဒီးယားစွယ်စုံကျမ်းမှ ကူးယူဖော်ပြထားပါသည်။
Ven Cakkinda
Credit # ရိုးမပန်း
 
#မြန်အောင်မြို့သည်မြေပုံအညွှန်းအားဖြင့် မြောက်လတ္တီကျူ(၁၈)ဒီဂရီ(၁၇)မိနစ်မှ(၅၂)
အကြားနှင့်အရှေ့လောင်ဂျီကျူ(၉၅)ဒီဂရီမှ
(၁၈)မိနစ်မှ(၄၆)မိနစ်အကြားတွင် တည်ရှိသည်။ ပင်လယ်ရေမျက်ပြင်အထက် (၆၃)ပေ
အမြင့်တွင် တည်ရှိသည်။ မြန်အောင်မြို့သည် အလျား(၃)မိုင်(၃)ဖာလုံ၊ အနံ(၇)ဖာလုံရှိပြီး၊ အကျယ်အဝန်း(၁.၆၁)စတုရန်းမိုင်ရှိသည်။
မြန်အောင်မြို့နယ်၏အကျယ်အဝန်းမှာ အရှေ့အနောက်(၄၂)မိုင်၊တောင်မြောက်(၂၉)မိုင်
ရှိပြီးဧရိယာ(၅၉၃.၃၉) စတုရန်းမိုင် ရှိသည်။
မြို့နယ်ဧရိယာ၏တစ်ဝက်ခန့်မှာ ကြိုးဝိုင်းသစ်တောများဖြစ်သည်။မြန်အောင်မြို့
သည် မြောက်ဘက်တွင်ဟင်္သာတခရိုင် ကြံခင်းမြို့နယ်နှင့်(၃၂)မိုင်ထိစပ်လျက်သော်လည်းကောင်း၊တောင်ဘက်တွင် ဟင်္သာတခရိုင်
အင်္ဂပူမြို့နယ်နှင့်(၅၂)မိုင် ထိစပ်လျက်သော်
လည်းကောင်း၊ အရှေ့ဘက်တွင် သာယာဝတီခရိုင်
(ဧရာဝတီမြစ်)နှင့်မိုင်(၃၀)ထိစပ်လျက်သော်လည်းကောင်း၊ အနောက်ဘက်တွင် သံတွဲခရိုင်
(အနောက်ရိုးမတောင်တန်းကြီး)များနှင့်မိုင်(၂၀)ထိစပ်လျက်သော်လည်းကောင်းတည်ရှိသည်။
 
မြန်အောင်မြို့လူဦးရေနှင့်လူမျိုးဘာသာ
===========================
မြန်မာသက္ကရာဇ်တစ်ထောင်မတိုင်မီက မြန်မာနိုင်ငံအထက်ပိုင်းတွင်နန်းစိုက်သော
မြန်မာဘုရင်များနှင့် အောက်ပိုင်းဒေသတွင် နန်းစိုက်သောမွန်ဘုရင်များစစ်ခင်းကြရာတွင်
မြန်မာပိုင်ဖြစ်လိုက် မွန်ပိုင်ဖြစ်လိုက်ဖြစ်ခဲ့ရသဖြင့်
ဂူထွတ်(မြန်အောင်)ဒေသသည် လူနေနည်းပါးဖွယ်
ရှိခဲ့သည်။ဗြတိသျှတို့အုပ်ချုပ်သည့်ခေတ်တွင် လမ်းပန်းဆက်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများ
ကြောင့် (၁၈၈၁)ခုနှစ်တွင် (၅၄၁၆)ဦး၊
(၁၉၉၁)ခုနှစ်တွင် (၈၃၃၁)ဦး၊(၁၉၃၁)ခုနှစ်တွင် (၉၀၇၂)ဦး စသည်ဖြင့်အသီးသီးတိုးတက်ခဲ့သည်။ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင်
ပိုမိုဖွံ့ဖြိုးတိုးတက်လာသောကြောင့် (၁၉၆၃)ခုနှစ်တွင်(၁၂၁၂၆)ဦး၊ (၁၉၆၉)ခုနှစ်တွင်
(၁၅၉၇၈)ဦး၊ (၂၀၀၈)ခုနှစ်တွင် (၁၈၉၀၄)ဦး၊
(၂၀၁၁)ခုနှစ်တွင် (၁၈၅၅၄)ဦး ရှိခဲ့သည်။
မြန်အောင်တစ်မြို့နယ်လုံးတွင် (၂၀၁၁)ခုနှစ်၌ စုစုပေါင်း(၂၁၄၁၂၄)ဦးနေထိုင်လျက်ရှိခဲ့ကြောင်း မှတ်တမ်းများအရသိရပါသည်။မြန်အောင်မြို့တွင်
(၆)ရပ်ကွက်၊ ကနောင်မြို့တွင်(၅)ရပ်ကွက် အပါအဝင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၆၉)ခုရှိပြီး၊ ကျေးလက်ပေါင်း(၅၁၇)ရွာ၊
အိမ်ခြေပေါင်း(၅၀၁၂၄)ရှိကာ လူဦးရေ-မ(၁၀၁၁၆၆)ဦး၊ကျား(၁၁၂၉၅၈)ဦး
စုစုပေါင်း(၂၁၄၁၂၄)ဦး ရှိကြောင်း၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင်ကောက်ယူထားသောမှတ်တမ်းများအရသိရပါသည်။ရှေးမြန်မာမင်းများလက်ထက်တွင် ဂူထွတ်(ခ)လွန်ဆေး(ခ)မြန်အောင်မြို့၌
ဗုဒ္ဓဘာသာနှင့်မိရိုးဖလာနတ်ကိုးကွယ်သူများသာ နေထိုင်ကြပြီးဗြိတိသျှအုပ်ချုပ်မှုခေတ်တွင် နိုင်ငံခြားမှဝင်ရောက်လာကြသော အိန္ဒိယ ပါကစ္စတန်လူမျိုးများကြောင့်ဟိန္ဒူ၊ အစ္စလာမ်
ကိုးကွယ်မှုများ ရှိလာသည်။အင်္ဂလိပ်၊ကရင်နှင့်
ချင်းလူမျိုးများသည်အများအားဖြင့်ခရစ်ယန်ဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။
 
မြန်အောင်မြို့ရာသီဥတုနှင့်သဘာဝပေါက်ပင်များ
===========================
မြန်အောင်မြို့နယ်သည် အပူပိုင်းမုတ်သုံရာသီဥတု(A M W)ဖြစ်ပြီး၊
ပူ၍ မိုးအသင့်ရွာသော ရာဦဥတုမျိုးဖြစ်သည်။
နွေဥတု မိုးဥတု ဆောင်းဥတု ထင်ရှားစွာရှိသည်။
တစ်နှစ်အတွင်း ပျမ်းမျှအနိမ့်ဆုံးအပူချိန်မှာ
(၇၄.၄)ဒီဂရီ ဖာရင်ဟိုက် ရှိပြီး၊အမြင့်ဆုံးအပူချိန်မှာ (၁၀၅.၅)ဒီဂရီဖာရင်ဟိုက်ရှိတတ်၏။တစ်နှစ်အတွင်း
ပျမ်းမျှမိုးရေချိန်မှာ (၅၈.၆၃)လက်မဖြစ်သည်။
ပူ၍မိုးသင့်သောရပ်ဝန်းအတွင်း အောက်ရွက်ပြတ်
ရောနှောတောများ ပေါက်ရောက်လျက်ရှိသည်။ ခြုံပုတ်များသစ်ပင်များနှင့်အနည်းအကျဉ်း
နေရာများတွင် ထန်းပင်ဝါးပင်နှင့် မြက်ပင်ကိုင်းပင်
များပေါက်ရောက်သည်။ မြန်အောင်မြို့
အနောက်ဘက်ရခိုင်ရိုးမသစ်တောများ၏အတွင်းပိုင်းတွင် ကျွန်း၊ပျဉ်းကတိုး၊ရုံး၊ပျဉ်းမ၊မျောက်ချော၊
ပိတောက်၊ဇင်ပြွန်း၊သစ်ဖြူ၊သစ်ရာ၊ထောက်ကြံ့နှင့်
ဝါးမျိုးစုံ ထူထပ်စွာပေါက်ရောက်ပြီး ကျန်အပိုင်းတွင် အင်၊ကညင်၊သင်္ကန်း၊သစ်ခါး၊တောင်သရက်၊မြောက်ညို၊ကနစို၊သက်ရင်းကြီး၊အင်းသပြေတောင်လက်ပံ၊
ဒီးဒူး၊နှော၊နဘဲ၊သပြေ၊ချဉ်ပုတ်၊ယမနေနှင့်ဝါးမျိုးစုံတို့
ပေါက်ရောက်သည်။ထို့အပြင် ပရဆေးပင်များ
လည်းမျိုးစုံစွာပေါက်ရောက်သည်။
 
မြန်အောင်မြို့ဘူမိဗေဒနှင့်မြေဆီလွှာ
=========================
မြန်အောင်ဘူမိသက်တမ်းတွင်သက်တမ်းအနုဆုံးသော အပိုင်း၌ မြန်အောင်မြို့နယ်သည်ပါဝင်သည်။
တတိယအနယ်အနှစ်သဲကျောက်လွှာများဖြင့် တည်ဆောင်ထားသော်(အီအိုဆင်း)ကျောက်
များသည် ဧရာဝတီမြစ်အနောက်ဘက်တစ်လျှောက် ရခိုင်ရိုးမမှသရက်မြို့အထိတည်ရှိသည်။ မြို့တောင်ဘက်အရှေ့ပိုင်းတွင် ထူထပ်သောသဲနှင့်
ကျောက်စရစ်တို့သည် ဆယ်မိုင်ခန့်ကျယ်ဝန်းသည်။ ၎င်းကျောက်နှင့်သဲလွှာ၏အောက်သည်အပြာရောင်ရွှံ့စေးလွှာဖြစ်၍ ရုပ်ကြွင်းများတွေ့ရသည်။ မြန်အောင်ဒေသသည် မြန်မာနိုင်ငံ၏အဓိကရေနံ
တူးဖော်ရာဒေသတွင် ပါဝင်သည်။ပညာရှင်များ၏
သုတေသနပြုချက်အရမြန်အောင်မြို့နယ်မြေဆီလွှာသည် ရွှံ့စေးပါသောနုံးလယ်မြေပြာအမျိုးအစား နှင့် သက်နုလယ်မြေပြာအမျိုးအစားတို့ဖြစ်ကြောင်း သိရသည်။ထိုမြေဆီလွှာနှစ်မျိုးတွင် စပါးစိုက်ပျိုးရန်
ကောင်းမွန်သည်။ ပဲနှင့်ပြောင်းသီးနှံများလည်း
စိုက်ပျိုးနိုင်သည်။မိုးစိုညိုသစ်တောမြေလွှာ
အနည်းငယ်တွေ့ရသည်။
 
မြန်အောင်မြို့မြေမျက်နှာပြင်ရေဆင်းနှင့်ဘူမိဗေဒ
===========================
မြန်အောင်မြို့သည် ဧရာဝတီမြစ်ဝကျွန်းပေါ်
ဖြစ်ထွန်းရာဒေသ၏မြောက်ဘက်အစွန်ဆုံးဒေသ ဖြစ်သည့်အားလျော်စွာ မြေမျက်နှာပြင်သည် အကြမ်းအားဖြင့်ညီညာပြန့်ပြူးလျက်ရှိသည်။
သို့သော်အနောက်ဘက်၌ပေ(၃၀၀၀)မှပေ(၅၀၀၀)အထိမြင့်မားသော ရခိုင်ရိုးမ(အနောက်ရိုးမ)
တောင်တန်းကြီးများမှာမြောက်ဘက်မှတောင်ဘက်သို့သွယ်တန်းလျက်ရှိပြီး စပါးပုံတောင်(၄၀၃၂)ပေ
မှာထင်ရှားသည်။ဧရာဝတီမြစ်သည်မြို့၏အရှေ့
ဘက်မှ အရှေ့တောင်ဘက်သို့ကွေ့ကောက်စွာ
စီးဆင်းနေသည်။မြို့မြောက်ဘက်ရှိ ဖားတစ်ရှဉ်း
ချောင်းခေါ်ပရှဉ်းချောင်းသည်ရခိုင်ရိုးမရှိ
ကျောက်ပါးစပ်ဒေသမှ စတင်စီးဆင်းလာရာ
ပန်းတောချောင်းနှင့်ပေါင်းစုံပြီး ဧရာဝတီမြစ်
အတွင်းသို့စီးဝင်သွားသည်။မြို့တောင်ဘက်တွင်
ကန်ဟောင်းချောင်းသည် ဧရာဝတီမြစ်အတွင်းသို့
စီးဝင်သည်။မြန်အောင်မြို့၏တောင်ဘက်တွင် မမြချောင်းသည်ရခိုင်ရိုးမတောင်ခြေမှ
ရေနံတောင်ရွာအရှေ့ဘက် မြေပြန့်လွင်ပြင်သို့
ချောင်းငယ်များပေါင်းဆုံ၍ထူအိုင်အတွင်းသို့စီးဝင်သည်။ထူအိုင်ကြီးသည်မြန်မာနိုင်ငံအောက်ပိုင်း၌
ထင်ရှားသည်။
(myanaungwayluwon.blogspot.com)
#ဟိုစပ်စပ်/ဒီစပ်စပ်
ခိုး save ထာတာတွေ ဖော်ပြလိုက်ပြီ ......ksh
 
အစ,အဆုံး ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် ခဗျ ...
ရှဲရှဲ ,10Q per
 
အားလုံးကျန်းမာရွှင်လန်းကြပါစေ...
 
== ကိုးကား ==