တပယ်မင်းသား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
တပယ်မင်းသားသည် [[ကုန်းဘောင်ခေတ်]][[မင်းတုန်းမင်း]] လက်ထက်တွင် ရှိသော မင်းသားဖြစ်သည်။ တပယ်မင်းသားသည် မင်းသားအစစ် မဟုတ်ပေ။ သူ ့မိခင် အလ္လကပ္ပမြို့ ့စားသည် မင်းတုန်းမင်း၏ မိထွေးဖြစ်သော်လည်း တပယ်မင်းသားသည် လေးဗိုလ် ဦးဆိုင် နှင့် အလ္လကပ္ပမြို ့စားတို ့မှ မွေးဖွားခဲ့သော သားသာဖြစ်သည်။ သူတို ့ တစ်တွေမှာ မင်းသွေးမပါ ။ ဤတွင် မင်းတုန်းမင်းက မိထွေးတော် အလ္လကပ္ပမြို ့စား ကိုလည်း အရေးတယူလုပ်ပြီး သူ ့သားကိုလည်း ချီးမြှောက်ထားလေသောကြောင် ့ မင်းသား ဖြစ်နေရသည်။
 
တပယ်မင်းသားသည် တေးကဗျာ ဝါသနာပါ၍ အတီးအမှုတ် တတ်လေသည်။ သီချင်းကြီး သီချင်းခန့်လည်း စုဆောင်းတတ်သည်ဟု ပညာရှိ ရွှေပြည် ဦးဘတင်၏ အမှတ်အသားရှိသည်။ စကားချပ်ရသော် ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှ အိမ်ရှေ ့မင်းသားနှင့် အဖွဲ ့သည် မြန်မာနိုင်ငံသို ့ အလည်အပတ် ရောက်ခဲ့ဘူးလေသည်။ မန္တလေးသို ့ သဘောင်္ဖြင့် ထိုအဖွဲ ့ ရောက်ရှိလာသည့် အချိန်၌ကား အဖွဲ ့ဝင်တစ်ဦးအား မြန်မာတစ်ယောက်က တပယ်မင်းသားပိုင် စောင်းဟူ၍[[စောင်း]]ဟူ၍ ရှေးဟောင်း စောင်းတူရိယာ တစ်ခုကို ရောင်းချခဲ့ဘူးလေသည်။ထိုတပယ်ရောင်းချခဲ့ဘူးလေသည်။ ထိုတပယ် မင်းသားသည် ကဗျာစာဆိုများကိုလည်း တေးကဗျာ ရေးခိုင်းတတ်သော အလေ့ရှိ၏။
 
တစ်နေ့၌ တပယ်မင်းသားသည် တေးကဗျာ ရေးခိုင်းရန်အတွက် လူပျိုတော်တစ်ဦးကို စေလွှတ်၍ [[စလေဦးပုည]]အား အခေါ်ခိုင်းလေသည်။ ဦးပုညမှာလည်း အခြားမင်းသားတွေက တေးကဗျာ ရေးခိုင်းထားသဖြင့် မအားရပဲ ရှိလေသည်။ ထို ့ကြောင့် သူအလုပ်ပြီးမှ လာနိုင်မည့် အကြောင်းကို ပြန်လျှောက် ခိုင်း လေသည်။ နောက်တစ်နေ ့တွင် တပယ်မင်းသားက အခေါ်ခိုင်းပြန်၏။ အလုပ်မအားရသော ဦးပုညလည်း စိတ်မရှည်တော့ဘဲ " မင်းသား အစစ်တွေခိုင်းတာကို ရေးနေရတယ်။ ယမနေမင်းသားက ခေါ်တာကို မလာနိုင်အားသေးဘူး။ သည်က ပြီးမှ လာနိုင်ပါမယ် ့ အကြောင်းကို လျှောက်ထားလိုက်ပါ" ဟု မချေမငံ ပြန်ပြောခဲ့လေသည်။
 
ဤကား တပယ်မင်းသား သိက္ခာကျစရာ စကားပါပေ။ ရုပ်သေး(မင်းသား) ရုပ်ကို ယမနေသား နှင့် ထုလုပ်မြဲဖြစ်၏။ ယမနေသား မင်းသားရုပ်နှင့် တပယ်မင်းသား ကို ခိုင်းနှိုင်းခြင်းမှာ တပယ်မင်းသားသည် မင်းသား အစစ်မဟုတ်ဟု အဓိပ္ပါယ်ထွက် လေသည်။ သူတစ်ပါး အရှိန်သြဇာ ၊ သူတစ်ပါးအမိန် ့ဖြင့် မင်းသားအရာ ရနေသော တပယ်မင်းသားသည် ဦးပုည၏ စကားကို မခံနိုင်ဖြစ်လေသည်။ ထို ့ကြောင့် အမျက်ထား၍ အခွင့်ကြံုကြိုက်သည့် အခါ ဦးသာအိုးမှ[[ဦးသာအိုး]]မှ တစ်ဆင့် ကွပ်မျက်စေခဲ့ လေသည် ဖြစ်၏။
<ref> မိုးဂျာနယ် ( ဇွန်လ ၁၉၉၅)</ref>
 
စာကြောင်း ၁၃ -
[[Category:ကုန်းဘောင်ခေတ်]]
[[Category:ကုန်းဘောင် မင်းဆက်]]
[[Category:မြန်မာ့ သမိုင်း]]