ဘဟန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
{{Infobox officeholder
||image = [[File:DrBaHan.jpg|thumb|ဒေါက်တာဘဟန်]]
|name=ဘဟန်
|native_name=
Line ၂၉ ⟶ ၃၀:
 
== ပညာရေး ==
မောင်ဘဟန်သည် ၁၈၉၆ ခုနှစ်တွင် မအူပင် အစိုးရ အလယ်တန်း ကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ညီဖြစ်သူ မောင်ဘမော်နှင့် အတူ ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့သည်။ မောင်ဘဟန်မှာ ငယ်စဉ်ကပင် မိခင် ဒေါ်သိန်းတင်က အင်္ဂလိ်ပ် စကားလုံး တစ်လုံးစ နှစ်လုံးစ သင်ကြားပေးခြင်း ခံရသည်။ စိန့်ပေါလ်ကျောင်းတွင် ပညာ သင်ကြားနေစဉ် မောင်ဘဟန်သည် ဆွစ်ဖ်၏ ဂါလီဗာ၏ ခရီးစဉ် (Swift's Gulliver's Travels)၊ ဒီဖိုး၏ ရော်ဘင်ဆန် ကရူးဆိုး (Defoe's Robinson Crusoe)၊ ကပ္ပတိန် မာရတ်၏ ပင်လယ် ပုံပြင်များ (Captain Maryat's Sea Stories) စသော အင်္ဂလိပ် ဝတ္ထု အမြောက်အများကို ဖတ်ခဲ့ဖြင်းဖြင့် အင်္ဂလိပ် ဝေါဟာရကို ပိုမိုကြွယ်ဝ စေခဲ့သည်။[[File:DrBaHan.jpg|thumb|ဒေါက်တာဘဟန်]] ၁၉၀၅ ခုနှစ်တွင် ပညာသင်ဆု ရ၍ ရန်ကုန် ကောလိပ်၌ လည်းကောင်း၊ ၁၉၀၆ ခုနှစ်တွင် ကာလကတ္တား ဒပ်ဖ်ကောလိပ်၌ လည်းကောင်း၊ ၁၉၀၇ ခုနှစ်တွင် ရန်ကုန် ကောလိပ်၌ လည်းကောင်း ပညာ ဆက်လက် ဆည်းပူးပါသည်။ တက္ကသိုလ် ပညာ ဆက်လက် သင်ကြားစဉ် ပညာသင်ဆုများ ဆက်လက် ရရှိ၍ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာ ဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် သရုပ်ပြ ဆရာ အဖြစ် ခေတ္တ ဆောင်ရွက်ကာ ၁၉၁၂ ခုနှစ်တွင် အငယ်တန်း နိုင်ငံ့ဝန်ထမ်း ရာထူးကို လည်းကောင်း၊ ၁၉၁၃ ခုနှစ်တွင် ဦးထွန်းငြိမ်း၏ လက်အောက်၌ လက်ထောက် စာတော်ပြန် အရာရှိ အဖြစ် လည်းကောင်း လုပ်ကိုင် ခဲ့ပါသည်။ အလုပ် တာဝန် တဖက်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ မဟာ ဝိဇ္ဇာဘွဲ့ စာမေးပွဲကို အလွတ် ဝင်ရောက် ဖြေဆိုရာ အင်္ဂလိပ် ဂုဏ်ထူးဖြင့် အောင်မြင်ပါသည်။ မဟာဝိဇ္ဇာ စာမေးပွဲကို နေ့ကျောင်းသားများနှင့် အပြိုင် ဖြေဆို၍ အားလုံးတွင် တတိယ ရခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ အကြီးတန်း ဝန်ထမ်း အဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရ၍ လစာ ၈၀ဝ ကျပ် ရသော အစိုးရ စာတော်ပြန် ဖြစ်လာပါသည်။
 
၁၉၂၂ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး အိုင်စီအက်စ် အရာရှိ များအား မြန်မာဘာသာ စကား စစ်ဆေး ရသော စာမေးပွဲကို စစ်ဆေးရေး ဘုတ်အဖွဲ့၏ သဘာပတိ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုသို့ ဆောင်ရွက် နေစဉ် ဒေါက်တာ ဘဟန်သည် အမှန်အတိုင်း သမာသမတ် ကျကျ ဆောင်ရွက်လေ့ ရှိရာ အင်္ဂလိပ် အရာရှိကြီး တဦးအား စာမေးပွဲ အအောင် မပေးရာမှ အစိုးရ ဝန်ထမ်း ဘဝတွင် အနှောင့်အယှက် တွေ့လာရသည်။ ထို့ကြောင့် ဥပဒေ ပညာ သင်ကြား၍ လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်း ပြုနိုင်ရန် ၁၉၂၂ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်၊ ပြင်သစ်နိုင်ငံ ဘောဒိုး တက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖရိုင်းဘက် တက္ကသိုလ်နှင့် လန်ဒန် လင်ကွန်းအင်း ဥပဒေ ကျောင်းတို့တွင် ပညာ ဆည်းပူး၍ ဒေါက်တာဘွဲ့၊ စာပေ ပါရဂူဘွဲ့နှင့် ဘားအက်လော ဥပဒေဘွဲ့များ ရရှိသည်။
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်