ဘဟန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၀ -
 
== ငယ်ဘဝ ==
ဒေါက်တာ ဘဟန်ကို အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင် တို့မှ ၁၈၉ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၃ဝ ရက် (ကြာသပတေးနေ့)တွင် [[မအူပင်မြို့]]၌ ဖွားမြင်ခဲ့သည်။<ref>http://www.drbamawlibrary.org/about-drbamaw.asp</ref> မွန်-ဗမာမျိုးရိုးဖြစ်သည်။ညီအစ်ကို နှစ်ယောက်ရှိရာ ညီဖြစ်သူ မောင်ဘမော်မှာ မြန်မာ့ နိုင်ငံရေး လောကတွင် ထင်ရှားသော နိုင်ငံတော်အဓိပတိ ဒေါက်တာ [[ဘမော်]] ဖြစ်သည်။ ဦးကျေးမှာ သာသနာပြု ဆရာကြီး ဒေါက်တာမတ် (Dr. Mark) ၏ တပည့် တဦး ဖြစ်၍ မန္တလေး သံတဲကျောင်းတွင် မင်းတုန်းမင်း၏[[မင်းတုန်းမင်း]]၏ သားတော် မင်းညီမင်းသားများနှင့် အတူ ပညာ သင်ကြား ခဲ့ရသူ ဖြစ်သည်။ ထို့ပြင် အင်္ဂလန်သို့ ပညာ ဆက်လက် သင်ကြာရေး အတွက် အရွေးချယ် ခံရသူ တဦးလည်း ဖြစ်သည်။ သို့သော် အင်္ဂလိပ်တို့က သီပေါမင်းအား[[သီပေါမင်း]]အား နန်းချ၍ အထက် မြန်မာပြည်ကို သိမ်းပိုက် လိုက်သည့်နောက် နှစ်အနည်းငယ် အတွင်း ပေါ်ပေါက်ခဲ့သည့် [[သထုံမြို့|သထုံ]] ဒေသမှ တော်လှန် ပုန်ကန်မှုတွင် ဦးကျေး ပါဝင် ခဲ့သည်။ နောက်ပိုင်းတွင် ယိုးဒယား (ထိုင်း) သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
 
== ပညာရေး ==
မောင်ဘဟန်သည် ၁၈၉၆ ခုနှစ်တွင် မအူပင် အစိုးရ အလယ်တန်း ကျောင်း၌ ပညာ သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ညီဖြစ်သူ မောင်ဘမော်နှင့် အတူ ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းသို့[[အ.ထ.က(၆)ဗိုလ်တထောင်|စိန့်ပေါလ်ကျောင်း]]သို့ ပြောင်းရွှေ့ ပညာ သင်ကြားခဲ့သည်။ မောင်ဘဟန်မှာ ငယ်စဉ်ကပင် မိခင် ဒေါ်သိန်းတင်က အင်္ဂလိ်ပ် စကားလုံး တစ်လုံးစ နှစ်လုံးစ သင်ကြားပေးခြင်း ခံရသည်။ စိန့်ပေါလ်ကျောင်းတွင် ပညာ သင်ကြားနေစဉ် မောင်ဘဟန်သည် ဆွစ်ဖ်၏ ဂါလီဗာ၏ ခရီးစဉ် (Swift's Gulliver's Travels)၊ ဒီဖိုး၏ ရော်ဘင်ဆန် ကရူးဆိုး (Defoe's Robinson Crusoe)၊ ကပ္ပတိန် မာရတ်၏ ပင်လယ် ပုံပြင်များ (Captain Maryat's Sea Stories) စသော အင်္ဂလိပ် ဝတ္ထု အမြောက်အများကို ဖတ်ခဲ့ဖြင်းဖြင့် အင်္ဂလိပ် ဝေါဟာရကို ပိုမိုကြွယ်ဝ စေခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ပညာသင်ဆု ရ၍ ရန်ကုန် ကောလိပ်၌ လည်းကောင်း၊ ၁၉၀၆ ခုနှစ်တွင် ကာလကတ္တား ဒပ်ဖ်ကောလိပ်၌ လည်းကောင်း၊ ၁၉၀၇ ခုနှစ်တွင် ရန်ကုန် ကောလိပ်၌ လည်းကောင်း ပညာ ဆက်လက် ဆည်းပူးပါသည်။ တက္ကသိုလ် ပညာ ဆက်လက် သင်ကြားစဉ် ပညာသင်ဆုများ ဆက်လက် ရရှိ၍ ၁၉၀၉ ခုနှစ်တွင် ဝိဇ္ဇာ ဘွဲ့ကို ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင် ခဲ့ပါသည်။ ထို့နောက် ရန်ကုန် ကောလိပ်တွင် သရုပ်ပြ ဆရာ အဖြစ် ခေတ္တ ဆောင်ရွက်ကာ ၁၉၁၂ ခုနှစ်တွင် အငယ်တန်း နိုင်ငံ့ဝန်ထမ်း ရာထူးကို လည်းကောင်း၊ ၁၉၁၃ ခုနှစ်တွင် ဦးထွန်းငြိမ်း၏ လက်အောက်၌ လက်ထောက် စာတော်ပြန် အရာရှိ အဖြစ် လည်းကောင်း လုပ်ကိုင် ခဲ့ပါသည်။ အလုပ် တာဝန် တဖက်နှင့်ပင် ကာလကတ္တား တက္ကသိုလ်မှ မဟာ ဝိဇ္ဇာဘွဲ့ စာမေးပွဲကို အလွတ် ဝင်ရောက် ဖြေဆိုရာ အင်္ဂလိပ် ဂုဏ်ထူးဖြင့် အောင်မြင်ပါသည်။ မဟာဝိဇ္ဇာ စာမေးပွဲကို နေ့ကျောင်းသားများနှင့် အပြိုင် ဖြေဆို၍ အားလုံးတွင် တတိယ ရခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ အကြီးတန်း ဝန်ထမ်း အဖြစ် တိုးမြှင့် ခန့်အပ်ခြင်း ခံရ၍ လစာ ၈၀ဝ ကျပ် ရသော အစိုးရ စာတော်ပြန် ဖြစ်လာပါသည်။
 
၁၉၂၂ ခုနှစ်တွင် အင်္ဂလိပ် လူမျိုး အိုင်စီအက်စ် အရာရှိ များအား မြန်မာဘာသာ စကား စစ်ဆေး ရသော စာမေးပွဲကို စစ်ဆေးရေး ဘုတ်အဖွဲ့၏ သဘာပတိ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုသို့ ဆောင်ရွက် နေစဉ် ဒေါက်တာ ဘဟန်သည် အမှန်အတိုင်း သမာသမတ် ကျကျ ဆောင်ရွက်လေ့ ရှိရာ အင်္ဂလိပ် အရာရှိကြီး တဦးအား စာမေးပွဲ အအောင် မပေးရာမှ အစိုးရ ဝန်ထမ်း ဘဝတွင် အနှောင့်အယှက် တွေ့လာရသည်။ ထို့ကြောင့် ဥပဒေ ပညာ သင်ကြား၍ လွတ်လပ်စွာ အသက်မွေး ဝမ်းကျောင်း ပြုနိုင်ရန် ၁၉၂၂ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်နိုင်ငံ [[ကိန်းဘရစ်ချ် တက္ကသိုလ်|ကိန်းဘရစ် တက္ကသိုလ်]]၊ ပြင်သစ်နိုင်ငံ ဘောဒိုး တက္ကသိုလ်၊ ဂျာမနီနိုင်ငံ ဖရိုင်းဘက် တက္ကသိုလ်နှင့် လန်ဒန် လင်ကွန်းအင်း ဥပဒေ ကျောင်းတို့တွင် ပညာ ဆည်းပူး၍ ဒေါက်တာဘွဲ့၊ စာပေ [[ပါရဂူဘွဲ့]]နှင့် ဘားအက်လော ဥပဒေဘွဲ့များ ရရှိသည်။
 
== ဝတ်လုံ ==
၁၉၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ရန်ကုန် ပြန်ရောက်၍ ဝတ်လုံတော်ရ တဦး အဖြစ် အသက်မွေး ဝမ်းကျောင်း ပြုသည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ပညာ ဌာနတွင်လည်း အချိန်ပိုင်း ကထိက အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် လက်ထောက် အစိုးရ ရှေ့နေ အဖြစ် လည်းကောင်း၊ ၁၉၃၅ ခုနှစ်တွင် ဥပဒေ ဌာန အချိန်ပိုင်း ပါမောက္ခ အဖြစ် လည်းကောင်း၊ ၁၉၄၅ ခုနှစ်တွင် ဥပဒေ မဟာဌာနမှူး အဖြစ် လည်းကောင်း ဆောင်ရွက် ခဲ့ပါသည်။ ဂျပန်ခေတ် အတွင်း မြန်မာ့ ယဉ်ကျေးမှု ပြန်လည် တိုးတက် စေရန်နှင့် ကမာ္ဘ့ ယဉ်ကျေးမှု သိကွျမ်း နားလည် စေရန်အတွက် တည်ထောင်သော ပညာ တံခွန် အသင်းတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန၊ မြန်မာ အဘိဓာန် အကြံပေး အဖွဲ့ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးတန်း များနှင့် မဟာ ဝိဇ္ဇာတန်းများ၏ ပြင်ပ စာစစ်မှူး အဖြစ် လည်းကောင်း၊ ဥပဒေဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် လည်းကောင်း တာဝန် အသီးသီး ထမ်းဆောင် ပါသည်။ ၁၉၆၁ ခုနှစ်တွင် [[မြန်မာနိုင်ငံ သုတေသနအသင်း|မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏အသင်း]]ကြီး၏ ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ခြင်း ခံရပါသည်။
 
== နိုင်ငံတော် ရှေ့နေချုပ် ==
၁၉၅၇ ခုနှစ်တွင် နိုင်ငံတော် အစိုးရ၏ မေတ္တာ ရပ်ခံချက် အရ နိုင်ငံတော် ရှေ့နေချုပ် ရာထူးကို ထမ်းဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော် အစိုးရမှ [[မဟာသရေစည်သူ|မဟာသရေ စည်သူဘွဲ့]] ချီးမြှင့်၍ ဂျီနီဗာတွင် ကျင်းပသည့် ပင်လယ်ရေကြောင်း ဥပဒေ ကွန်ဖရင့်သို့ မြန်မာ အဖွဲ့ကို ဦဆောင်၍ တက်ရောက်ခဲ့သည်။ ဒေါက်တာ ဘဟန်သည် ဇနီး ဖြစ်သူ ဒေါ်ခင်သိန်း [M.A. (Yale)] ပညာရေး တက္ကသိုလ်တွင် ကထိကနှင့် အတူ အမေရိကားရှိ ကောလိပ် တက္ကသိုလ်များတွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို လှည့်လည် ဟောပြော ပို့ချခဲ့ပါသည်။ (ဒေါက်တာ ဘဟန်၏ ပထမ ဇနီးမှာ ဒေါ်သိန်းလွင် ဖြစ်၍ ကွယ်လွန်ခဲ့ပြီး ဖြစ်သည်။)
 
== ဒေါက်တာ ဘဟန် ပြုစုသော တက္ကသိုလ် အင်္ဂလိပ် - မြန်မာ အဘိဓာန် ==
စာကြောင်း ၉၅ -
# A Rapid German Course.<br>
 
ဒေါက်တာ ဘဟန် မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ရေးသားခဲ့သော သုတေသန စာတမ်းများနှင့် စာအုပ် ဝေဖန်ချက်များကို စာစု စာရင်း အဖြစ် တင်ပြပါမည်။-
 
# "U Pon'nya's Wizaya: an estimate"JBRS. Vol. 16, Pt. 3 (Dec 1916) P. 139.
"https://my.wikipedia.org/wiki/ဘဟန်" မှ ရယူရန်