သခင်ဘသောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၃၈ -
 
== အမျိုးသားကျောင်းဆရာ ==
သခင်ဘသောင်းသည် မန္တလေး၊ ရွှေဘို၊ ပုသိမ် မြို့များရှိ အမျိုးသားကျောင်းများတွင် စေတနာ့ဝန်ထမ်း ကျောင်းဆရာအဖြစ် ဆောင်ရွက်သည်။ ထို့နောက် ၁၉၂၄ - ၂၅ ခုနှစ်တွင် မြန်မာပိုင် နယူးဘားမားသတင်းစာ၌ လက်ထောက်အယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ ကင်းဝန်မင်းကြီး ပိဋကတ်တိုက် တွင်လည်း လက်ထောက်ပိဋကတ်တိုက်မှူးအဖြစ် ဆောင်ရွက်သည်။ ထိုစဉ် ဂန္ထလောကမဂ္ဂဇင်းက ကြီးမှူးကျင်းပသော ဘာသာပြန် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ၊ ပြိုင်ပွဲ ခြောက်ကြိမ်တွင် ပထမဆု ငါးကြိမ်ရသည်။ ၁၉၂၉ - ၃ဝ တွင် 0utlines of General History ကို "ကမ္ဘာ့ရာဇဝင်ချုပ်" အမည်ဖြင့် မြန်မာဘာသာ ပြန်ဆိုသည့်အတွက် [[ဝေလမင်းသားစာပေဆု]]ချီးမြှင့် ခံရသည်။ ၁၉၄၂ ခုနှစ် ဂျပန်ခေတ်ဦးတွင် [[ရန်ကုန်တက္ကသိုလ်]] မြန်မာစာဌာနတွင် ဘာသာပြန်နည်းပြဆရာအဖြစ် တစ်နှစ်ခန့် ဆောင်ရွက်သည်။
 
== တို့ဗမာအစည်းအရုံး ==