စိုင်းထီးဆိုင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
အရေးမကြီးNo edit summary
စာကြောင်း ၁၅ -
'''စိုင်းထီးဆိုင်'''သည် မြန်မာပြည်တွင် ကျော်ကြားသော [[ရှမ်းလူမျိုး]] တေးရေးဆရာ၊ အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် [[ရှမ်းဘာသာ]]ဖြင့် သီဆိုသော သီချင်းအယ်ဘမ် ၃ ခွေ မှ ၄ ခွေနှင့် ဗမာဘာသာဖြင့်သီဆိုသော သီချင်းခွေ ၃၀မှ ၄၀ အထိ ထွက်ရှိခဲ့သည်။ သူသည် [[ကန်းထရီးဂီတ|ကန်ထရီးဂီတ]]ကိုသာ အထူးအသားပေး ရေးသားခဲ့လေသည်။ စိုင်းထီးဆိုင်နှင့်အတူ တေးရေးဆရာ၊ ဒေါက်တာ [[စိုင်းခမ်းလိတ်]]နှင့် သဘာဝရင်သွေးငယ် The Wild Ones အဖွဲ့သည်လည်း မန္တလေးအခြေပြုပြီး နိုင်ငံကျော်ဖြစ်ခဲ့သည်။
 
စိုင်းထီးဆိုင်ကို အဖဦးနန္ဒာ၊ အမိ နန်းအိန်တို့မှ (၁၉၅၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာသက္ကရာဇ် (၁၃၁၂) ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊[[ရှမ်းပြည်နယ်]]တောင်ပိုင်း၊ လင်းခေးမြို့တွင်[[လင်းခေးမြို့]]တွင် ဖွားမြင်ခဲ့သည်။ မောင်နှမသားချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံးဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး (ခ) ယိင်းနှင့် ညီ[[စိုင်းအောင်ထီးခမ်း]]တို့ ဖြစ်ပါသည်။ စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို အိုက်တူးဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသား အရွယ် အမည်မှည့်ချိန်တွင် စိုင်းတင်ဦး ဟုမှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် ရှင်ဓမ္မရက္ဘွဲ့ရှင်ဓမ္မရက အမည်ဖြင့်ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။
 
== ငယ်ဘဝ ==