စိုင်းခမ်းလိတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၄ -
တေးပြုစာဆို '''ဒေါက်တာ စိုင်းခမ်းလိတ်'''သည် ကိုယ်ပိုင်သံစဉ် တေးပေါင်းများစွာကို ဖန်တီးရေးသားခဲ့သူ၊ အဆိုတော် [[စိုင်းထီးဆိုင်]]၊ [[ဘိုဖြူ]] တို့ကို ကျော်ကြားစေခဲ့သူ ဖြစ်သည်။ ဒေါက်တာ စိုင်းခမ်းလိတ်သည် ရိုးသားကြိုးစားပြီး အနစ်နာခံသည့် နေရာမှာ စံပြဖြစ်သည်။ သူ့၏ ထူးခြားမှုတစ်ခုက အရမ်းကိုစာဖတ်သော လူတစ်ယောက်ဖြစ်သည်။ စာကြီးပေကြီးများကို ဖတ်သည်။ အင်္ဂလိပ်စာတွေဖတ်သည်။ အဆင်မြင့် အတွေးအခေါ်သမား တစ်ယောက်ဖြစ်သည်။
 
ဒေါက်တာစိုင်းခမ်းလိတ်ကို ရှမ်းပြည်မြောက်ပိုင်း၊[[ရှမ်းပြည်နယ်]]မြောက်ပိုင်း၊ သိန္နီမြို့၊ ဟိုတဲန့်ရပ်ကွက်၌ (၁၉၄၉)ဧပြီလ(၂၇)ရက်နေ့တွင် မွေးဖွား ခဲ့သည်။ မိဘများမှာ ရှမ်းစာဆိုတော် ဦးရွှေကြီး၊ ကုန်သည် ဒေါ်စိန်ဥ တို့ ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးရွှေကြီးမှာလည်း ရှမ်းစာဆိုတော်ကြီး (ကလောင်နာမည်- ခမ်းကာ (တုံဟုံး)ဖြစ်သည်။) တစ်ဦးဖြစ်သည့် အပြင် သိန္နီစော်ဘွားကြီး၏ အမတ်ချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ သားသမီး ၄ ယောက်အနက် ဒုတိယ သားကြီး ဖြစ်သည်။
 
နမ္မတူ ပန်ဟိုက်ရပ်မူလတန်းကျောင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါသည်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁ဝတန်းအောင်ခဲ့ပါသည်။
စာကြောင်း ၂၂ -
(၁၉၅၆) တွင် ပထမဆုံး ကိုယ်ပိုင်သံစဉ်သီချင်း ရှမ်းသီချင်းဖြစ် သည့် '''အိပ်မက်ထဲမှ ချစ်ရသူ''' ကို ရေးသားခဲ့သည်။
 
(၁၉၆၆) တွင် အထက်တန်းအောင်ပြီး မန္တလေး ဆေး တက္ကသိုလ်သို့[[မန္တလေးဆေးတက္ကသိုလ်]]သို့ တက်ခဲ့သည်။ ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။
 
(၁၉၆၈) မှာ ရှမ်းသီချင်းများစွာ ရေးခဲ့သည်။