လွီးဘက်မြို့: တည်းဖြတ်မှု မူကွဲများ

"{{Infobox ကမ္ဘာ့အမွေ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
 
စာကြောင်း ၁၂ -
| ဝက်ဘ် = http://whc.unesco.org/en/list/272
}}
[[File:Lübeck Rivier Trave Sleeswijk-Holstein Duitsland.jpg|thumb|ထရာဗဲမြစ်]]
 
'''လွီးဘက်မြို့''' တရားဝင် အမည်အားဖြင့် '''ဟန်းဆတစ်မြို့တော် လွီးဘက်''' သည် ဂျာမနီနိုင်ငံမြောက်ပိုင်း ဆလက်စဝစ်-ဟိုးစတန် တွင် ရှိသော မြို့တော်တစ်ခုဖြစ်ပြီး [[ဂျာမနီနိုင်ငံ]] ၏ အဓိက ဆိပ်ကမ်းမြို့ တစ်ခု ဖြစ်သည်။ ထရာဗဲမြစ်ပေါ်တွင် တည်ရှိပြီး ဟန်းဆတစ်၏ ဦးဆောင်မြို့တော် တစ်ခု ဖြစ်ခဲ့ကာ များပြားလှစွာသော ဘရစ်ဂေါသစ် ဗိသုကာလက်ရာများကြောင့် [[ယူနက်စကို]] မှ [[ကမ္ဘာ့အမွေအနှစ်နေရာ]] တစ်ခု အဖြစ် စာရင်းသွင်းခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် လူဦးရေ ၂၁၈,၅၂၃ ဦး ရှိသည်။
 
လွီးဘက်မြို့၏ မြို့ဟောင်းပိုင်းသည် ထရာဗဲမြစ်မှ ဝန်းရံထားသော ကျွန်းတစ်ခု ပေါ်တွင် ရှိသည်။ အယ်ဘီ-လွီးဘက်တူးမြောင်းသည် ထရာဗဲမြစ်အား အယ်ဘီမြစ်နှင့် ဆက်စပ်ထားသည်။ မြို့အနီးရှိ အခြားအရေးပါသော မြစ်တစ်စင်းမှာ ဝါးကန်နစ်ဇ် မြစ်ဖြစ်သည်။ အော်တိုဘန်း ဟိုင်းဝေး အမှတ် ၁ သည် လွီးဘက်မြို့အား [[ဟမ်းဗတ်မြို့]] နှင့် [[ဒိန်းမတ်နိုင်ငံ]] တို့နှင့် ဆက်သွယ်ပေးထားသည်။ ထရာဗဲမွန်ဒဲ သည် ဘောလတစ်ပင်လယ် ကမ်းရိုးတန်းပေါ်တွင် ရှိသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း နှင့် လွန်းပျံရေယာဉ် ဆိပ်ကမ်းတစ်ခု ဖြစ်သည်။ လွီးဘက် ဟော့ပ်ဘန်ဟော့ဖ် ဘူတာရုံတွင် ရထားလမ်းများစွာရှိပြီး အဓိကအားဖြင့် ဟမ်းဗတ်မြို့နှင့် ဆက်သွယ်ထားသော ရထားလမ်း ရှိသည်။