ယောစစ် ဘရော်ဇ် တီးတိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်းများ
အရေးမကြီး စာလုံးပေါင်းများ
စာကြောင်း ၁ -
'''ယောစစ် ဘရော်ဇ် တီးတိုး''' ((Josip Broz Tito; Јосип Броз Тито; ၁၈၉၂-၁၉၈၀)သည် [[ယူဂိုစလားဗီးယားနိုင်ငံ]]၏ သမ္မတနှင့် အာဏာရှင်‌ခေါင်း‌ဆောင်ကြီးဖြစ်သည်။ နည်မည်အရင်းမှာနာမည်အရင်းမှာ ယောစစ် ဘရော်ဇ်ဟု ‌ခေါ်သည်။ တီးတိုးဟူ‌သော အမည်ကိုမူ ယူဂိုစလားဗီးယားနိုင်ငံတွင် ကွန်မြူနစ်ပါတီ ‌မြေ‌အောက်လုပ်ငန်းများကို လုပ်ကိုင်‌နေစဉ်က ရရှိခဲ့ခြင်းဖြစ်‌ပေသည်။ ဇာတိအားဖြင့် ယူဂိုစလားဗီးယားနိုင်ငံ [[ဇာဂရက်ဘ်မြို့]](Zagreb) အနီးရှိ ကွမ်ရိုဗက်ကလန်ဂျက် ရွာသား ဖြစ်ပြီးလျှင်၊ ၁၈၉၂ ခုနှစ် ‌မေလ ၂၅ ရက်‌နေ့တွင် ဖွားမြင်သည်။ မိဖများမှာ ‌တောင်သူလယ်သမားများဖြစ်၍၊ ငယ်စဉ်က ‌ကျေးရွာစာသင်‌ကျောင်းတွင် အ‌ခြေခံပညာများကို သင်ကြားခဲ့ပြီး‌နောက် အရွယ်‌ရောက်‌သော် ပန်းပဲအလုပ်ဖြင့် အသက်‌မွေးခဲ့သည်။
 
တီးတိုးသည် [[ပထမကမ္ဘာစစ်]] (၁၉၁၄-၁၈ ခုနှစ်)အတွင်းက ဩစတြီးယား ဟန်‌ဂေရီစစ်တပ်၌ စစ်သားအဖြစ် ဝင်‌ရောက်အမှုထမ်းခိုက်တွင် ၁၉၁၆ ခုနှစ်၌ စစ်သုံ့ပန်းအဖြစ်ရုရှတို့၏ ဖမ်းဆီးခြင်းကိုခံရပြီးလျှင် ရုရှနိုင်ငံသို့‌ရောက်ရှိသွားကာ ရုရှအမျိုးသမီးနှင့် လက်ထပ်၍၊ ရုရှ တပ်နီ‌တော်၌ ၁၉၂၁ ခုနှစ်အထိ စစ်မှုထမ်းခဲ့‌လေသည်။ ၁၉၂၃ ခုနှစ်တွင် ယူဂိုစလားဗီးယားနိုင်ငံ သို့ပြန်လာ၍၊ အလုပ်သမား‌ခေါင်း‌ဆောင်အဖြစ်ဖြင့် ကွန်မျူနစ် ပါတီ ‌မြေ‌အောက်လုပ်ငန်းများကို လုပ်ကိုင်‌နေခိုက် ၁၉၂၈ နှင့် ၁၉၃၂ ခုနှစ်အတွင်းတွင် နိုင်ငံ‌ရေး လုပ်ငန်းများ‌ကြောင့် ‌ထောင်ကျခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် စပိန်နိုင်ငံ၌ ဖြစ်ပွားလျက်ရှိ‌သော အမျိုးသားပါတီ အမည်ခံ ဖက်ဆစ်ဂိုဏ်းသားတို့ တိုက်ခိုက်ကြ‌သော စပိန်ပြည်တွင်းစစ်တွင် လက်ဝဲဂိုဏ်းသားများဖက်မှ ကူညီတိုက်ခိုက်ရန် လူမျိုးစုံပါဝင်‌သော အပြည်ပြည်ဆိုင်ရာတပ်မဟာကို ပြင်သစ်ပြည် ပါရစ်မြို့၌ မိမိကိုယ်တိုင် ‌ခေါင်းဆောင်၍ ဖွဲ့စည်း‌ပေးခဲ့၏။ [[ဒုတိယကမ္ဘာစစ်]] (၁၉၃၉-၄၅ ခုနှစ်)အတွင်း၌ ၁၉၄၁ ခုနှစ်တွင် ယူဂိုစလား ဗီးယားနိုင်ငံသည် ဂျာမန်နှင့် အီတလီတပ်များ လက်‌အောက်သို့ ကျ‌ရောက်ခဲ့၇‌လေရာ၊ တီးတိုးသည် ‌ပြောက်ကျားတပ်များ ဖွဲ့စည်း၍၊ မိမိထက်စစ်အင်အား ပိုမိုကြီးမား‌သော ဂျာမန်နှင့် အီတလီတို့အား ‌အောင်မြင် စွာ ‌တော်လှန်နိုင်ခဲ့သည်။ ဤကဲ့သို့ နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ ‌အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သဖြင့် တီးတိုးမှာ ကမ္ဘာ‌ကျော် ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်ကြီးတစ်ဦး ဖြစ်လာ‌လေသည်။