ကောလင်းမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အချက်လက်ဖြည့်စွက်
စာတွဲများ: အစားထိုးခဲ့သည် ဗလာပြုလုပ်ခြင်း မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
့် မပြုချေ။
{{Infobox settlement
|name = ကောလင်းမြို့
|pushpin_label_position = bottom
|pushpin_map = မြန်မာနိုင်ငံ
|pushpin_map_caption = မြန်မာနိုင်ငံတွင်း တည်နေရာ
|settlement_type = [[မြန်မာနိုင်ငံရှိ မြို့များ|မြို့]]
|image_skyline =
|image_map =
|map_caption =
|subdivision_type = နိုင်ငံ
|subdivision_name = {{flag|မြန်မာနိုင်ငံ}}
|subdivision_type1 = [[မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ|တိုင်းဒေသကြီး]]
|subdivision_name1 = [[စစ်ကိုင်းတိုင်းဒေသကြီး]]
|subdivision_type2 = [[မြန်မာနိုင်ငံရှိ ခရိုင်များ|ခရိုင်]]
|subdivision_name2 = [[ကသာခရိုင်]]
|subdivision_type3 = [[မြန်မာနိုင်ငံရှိ မြို့နယ်များ|မြို့နယ်]]
|subdivision_name3 = [[ကောလင်းမြို့နယ်]]
|area_total_km2 =
|population =
|population_as_of =
|population_density_km2 = auto
|coordinates = {{coord|23|47|N|95|41|E|region:MM|display=inline,title}}
|elevation_ft =
|elevation_m =
|timezone = [[မြန်မာစံတော်ချိန်]]
|utc_offset = +6.30
|website =
}}
'''ကောလင်းမြို့'''သည် အထက်မြန်မာပြည် ကောလင်းခရိုင် (ယခင် ၂၀၁၉ မတိုင်မီက [[ကသာခရိုင်]])အတွင်း ကောလင်း[[နယ်ပိုင်ရုံးစိုက်မြို့]]ဖြစ်သည်။ ကောလင်းခရိုင်တွင် ကောလင်း၊ပင်လယ်ဘူး နှင့်ဝန်းသိုမြို့နယ်တို့ပါဝင်သည်။ရွှေဘို-မြစ်ကြီးနားပြည်ထောင်စုကားလမ်းမကြီးမှ ၁၄ မိုင်အကွာတွင်တည်ရှိသည်။ကောလင်းမြို့မှာ [[ထီးချိုင့်မြို့]] အနောက်ဘက် မိုင် ၄၀ ကွာတွင် မန္တလေး-မြစ်ကြီးနား [[မီးရထားလမ်း]]ပေါ်တွင် တည်ရှိသည်၊ မြေပြန့်ပေါ်တွင် တည်ရှိသော်လည်း ပတ်ပတ်လည်တောင်များ ဝန်းရံလျက်ရှိသည်။ ကောလင်းမြို့ သည် ၂၁၇ ဧက ကျယ်ဝန်း၍ ၂၀၁၄ ခုနှစ် [[သန်းခေါင်စာရင်း]]အရ လူဦးရေ ၂၁,၄၃၁ ယောက်ခန့် ရှိသည်။<ref>{{cite book|url=https://themimu.info/sites/themimu.info/files/documents/TspProfiles_Census_Kawlin_2014_MMR.pdf|title=၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ် အစီရင်ခံစာ|date=မေ ၂၀၁၇|publisher=ပြည်သူ့အင်အားဦးစီးဌာန}}</ref> ကျယ်ပြန့်သော စပါးလယ်ကွင်းများကို ကောလင်းကွင်းဟုခေါ်ကြသည်။
 
ကောလင်းမြို့နယ်ကို ရှေး မြန်မာမင်းများလက်ထက်က [[မြို့ဝန်]]များခန့်ထား၍ အုပ်ချုပ်စေသည်။ မြို့ဟောင်း နေရာမှာ ယခုကောလင်းမြို့၏ အနောက်ဘက် တစ်မိုင်ခန့်ဝေးကွာသော ရွာမ ပင်ဖြစ်သည်။ ယခုကောလင်းမြို့မှာ
တောင်အင်း နှင့် မြောက်အင်းခေါ် ရွာ ၂ ရွာကို စုပေါင်း၍တည်ခဲ့သော မြို့ဖြစ်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၁)၊ စာမျက်နှာ (၂၆၇)</ref>
 
ဆေးရုံ၁ရုံ အထက်တန်းကျောင်း၃ကျောင်း အလယ်တန်းကျောင်း၁ကျောင်း ဈေး၂ ဈေးရှိသည်။မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးသို့ ဆက်သွယ်ရာမြို့အရှေ့ထွက်ကားလမ်းနှင့် ကန့်ဘလူ-မန္တလေးမြို့သို့ဆက်သွယ်ရာ မြို့တောင်ဘက်အထွက်ကားလမ်းရှိသော်လည်း အလွန်ဆိုးသဖြင့် အသုံးပြုသွားလာရ ခက်ခဲလျက်ရှိသည်။ နှစ်စဥ် ထင်ရှားသောပွဲတော်မှာ ခမောက်တောင်ဘုရားပွဲတော် ဖြစ်သည်။
 
အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်၍ ဖားကန့် မြစ်ကြီးနား မိုးကောင်း စသောအထက်ပိုင်းဒေသများနှင့် ကုန်သွယ်မှုပြုသည်။
 
ကောလင်းမြို့သည် အဖိုးတန် ကျွန်းသစ်နှင့်ရွှေသတ္ထု ပေါများရာဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးဆုံး ရွှေချက်စက်ရုံဖြစ်သော ကျောက်ပုထိုးရွှေစက်ရုံသည် မြို့၏ အရှေ့ဘက် ကျောက်တန်း/ခံသာကျေးရွာအလွန် ဘန့်ဘွေးကုန်းအရပ်တွင် တည်ရှိသည်။ အနောက်အရပ် ရှမ်းကလုံး ဥက္ကံ ချောင်းနားတွင်လည်း တူးဖော်ထွက်ရှိသည်။ ရွှေပါဝင်မှုမြင့်မားသော မြေစာခဲများထွက်ရှိရာ ကောလင်းနှင့် ပင်လည်ဘူးမြို့နယ်အစပ်ရှိ သစ်စေးတောင်ကိုမူ မြေပြိုမှုအန္တရာယ်စိုးရိမ်ရသဖြင့် သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနမှ တရားဝင် တူးဖော်ထုတ်လုပ်ခွင့် မပြုချေ။
 
== ကိုးကား ==