စစ်တွေမြို့: တည်းဖြတ်မှု မူကွဲများ

စစ်တွေမြို့
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၅၆ -
စစ်တွေမြို့သည် ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ကုန်းလမ်း၊ ရေကြောင်းလမ်း၊ လေကြောင်းလမ်းများဖြင့် ဒေသအသီးသီးသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်သည်။
 
[[စစ်တွေလေဆိပ်]]သည် ရခိုင်ပြည်နယ်၏အဓိကလေဆိပ်ဖြစ်ပြီး [[နေပြည်တော်]]၊ [[ရန်ကုန်မြို့]]၊ [[အမ်းမြို့]]၊ [[ကျောက်ဖြူမြို့]]၊ [[သံတွဲမြို့]](မ‌ကွေးမြို့)(ရမ်းဗြဲမြို့)တို့နှင့် လေကြောင်းခရီးဖြင့် ချိတ်ဆက်သွား လာနိုင်သည်။ ထို့ပြင်စစ်တွေလေဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ အဓိကဝင်ရောက်ရာလေဆိပ်လည်းဖြစ်သည်။
 
စစ်တွေ−ရန်ကုန်ကားလမ်းသည် (၅၃၄.၃)မိုင် ရှည်လျားပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် အမ်းမြို့များကို ဖြတ်သွားသည်။ ကတ္တရာလမ်းဖြစ်ပြီး ရာသီမရွေးသွားလာ နိုင်သည်။ အမ်း−မင်းဘူးမှတဆင့် ရိုးမအရှေ့ဖက်ခြမ်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ သွားလာနိုင်သည်။ ထို့ပြင် အမ်းမှတဆင့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ သံတွဲ၊ ကျိန္တလီ၊ ဂွ နှင့် တောင်ကုတ်မြို့များ သို့သွားရောက်နိုင်သည်။