ဟန် ဧကရာဇ် ကောင်းကျူ: တည်းဖြတ်မှု မူကွဲများ

စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၉၃ -
[[မဟာ သမိုင်းပညာရှင် မှတ်တမ်းများ]] သည် ထိုအဖြစ်တွင် ဧကရာဇ်၏ အတ္ထုပ္ပတ္တိတွင် ချန်လှပ်ထားပြီး ရှန်းယု၏ အတ္ထုပ္ပတ္တိတွင် ပါဝင်သည့် အဖြစ်တစ်ခုကို ပြန်လည် ထောက်ပြခဲ့သည်။ လျိုပန်းသည် ရှန်းယု၏ လူများလက်မှ လွတ်မြောက်စေရန် အပြင်းအထန် အားထုတ်ရာတွင် သူ၏ ရထားလုံးကို ဝန်ပေါ့စေရန် အတွက် သူ၏ သားသမီးများကို တွန်းချခဲ့သည်။{{sfnp|Watson|1958|pp=95–98}}
 
===ချင်သုံးနယ်ကို အောင်နိုင်ခြင်း===
ရှန်ယန်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် ရှန်းယုသည် မိမိကိုယ်ကို "အနောက်ပိုင်း ချူ ၏ အထွတ်အထိပ် ဘုရင်"ဟု ကြေညာပြီး ယခင် ချင် ဧကရာဇ် နိုင်ငံတော်ကို [[၁၈ ပြည်ထောင်]] အဖြစ် ပိုင်းခြားလိုက်သည်။
 
စာကြောင်း ၁၁၇ -
လုကုသည် ၁၂ တွဲရှိသည့် ''ကျင်းရု''(新語) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်တွင် တိုင်းပြည်ကို ကြမ်းတမ်း၍ ပြင်းထန်သော ဥပဒေများဖြင့် အုပ်ချုပ်ခြင်း(ချင်မင်းဆက်တွင် ထိုအတိုင်း အုပ်ချုပ်သည်)ထက် အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ဖြောင့်မှန်စွာ အုပ်ချုပ်ခြင်းဖြင့် ရနိုင်သော အကျိုးတို့ကို ရေးသားဖွဲ့ဆိုထားသည်။လုကုသည် ထိုစာအုပ်၏ အတွဲ တစ်တွဲကို ရေးသားပြီးတိုင်း ဧကရာဇ် ရှေ့တော်မှောက်တွင် ဖတ်ပြခဲ့သည်။ ဧကရာဇ်သည် များစွာ နှစ်သက်ခဲ့လေသည်။ထိုသို့ဖြင့် ဧကရာဇ် ဂေါင်ဇူ နန်းစံစဥ်ကာလတွင် ကွန်ဖြူးရှပ်ဝါဒသည် တိုးတက်ပျံ့ပွား၍ (ချင်ခေတ်ကာလက) [[ဥပဒေဝါဒ(အတွေးအခေါ် ပညာ)|ဥပဒေ ဝါဒ]]၏ နေရာတွင် တိုင်းပြည်၏ အတွေးအခေါ် မူဝါဒ အနေဖြင့် အစားထိုးလာခဲ့သည်။လုကု အပါအဝင် ကွန်ဖြူးရှပ် စာပေပညာရှင်များကို အစိုးရအဖွဲ့တွင် အမှုထမ်းစေခဲ့သည်။ ဧကရာဇ်သည် ချင်ခေတ်မှ အချို့သော ဥပဒေများကို ပြန်လည် ပြုပြင်ပြီး အချို့သော ပြစ်ဒဏ်များကိုမူ လျှော့ချစေခဲ့သည်။၁၉၆ ဘီစီအီးတွင် [[ယင်းပု]] ၏ ပုန်ကန်ခြင်းကို နှိမ်နင်းပြီးနောက် သူသည် [[ကွန်ဖြူးရှပ်]]၏ မွေးဖွားရာနေရာဖြစ်သည့် [[ရှန်တုန်း]]ကို ဖြတ်သွားစဉ် အတွေးအခေါ်ပညာရှင်ကြီးကို အရိုအသေပြုရန် အတွက် အခမ်းအနားတစ်ခုကို ကိုယ်တော်တိုင် ပြင်ဆင်ခဲ့သည်။
 
== =ထီးနန်းဆက်ခံမှုအတွက် ပဋိပက္ခဖြစ်ပွားခြင်း ===
 
သူ၏ နှောင်းပိုင်းနှစ်များတွင် ဧကရာဇ် ဂေါင်ဇူသည် [[မောင်းမတော် ချီ]] ကို အလေးထားပြီး [[မိဖုရားခေါင်ကြီး လွီကျီး]] ကို လျစ်လျူရှုခဲ့သည်။ သူ၏ အရိုက်အရာဆက်ခံမည့် မိဖုရားခေါင်ကြီး မှ ဖွားမြင်သည့် [[ဟန် ဧကရာဇ် ဟွီ|လျိုယင်း]]သည် တိုင်းပြည် အုပ်စိုးမည့်သူတစ်ဦး အနေဖြင့် ပျော့ညံ့လွန်းသည် ဟု သူထင်မြင်ခဲ့သည်။ ထို့ကြောင့် သူသည် လျိုယင်းကို မောင်းမတော် ချီ မှ ဖွားမြင်သည့် [[လျိုယုရီ ]] နှင့် အစားထိုးရန် ရည်ရွယ်ရင်း ရှိခဲ့သည်။ လွီကျီးသည် ပူပန်သောကရောက်ရသောကြောင့် [[ကျန်းလျန်(အနောက်ပိုင်း ဟန် )| ကျန်းလျန်]] ကို သူမ သားတော်၏ အရိုက်အရာ မြဲစေရန် ကူညီစေရေးအတွက် အကူအညီ တောင်းခံခဲ့သည်။ ကျန်းလျန်သည် ''ရှန်တောင်တော်၏ သူရဲ လေးဖော်''ကို ထောက်ခံပေးခဲ့ပြီး လျိုယင်းကို ကူညီ စေခဲ့သည်။
စာကြောင်း ၁၂၅ -
<ref name="Ch'en2014">{{cite book|author=Chi-yen Ch'en|title=Hsun Yueh and the Mind of Late Han China: A Translation of the SHEN-CHIEN|url=https://books.google.com/books?id=Sar_AwAAQBAJ&pg=PA171#v=onepage&q&f=false|date=14 July 2014|publisher=Princeton University Press|isbn=978-1-4008-5348-9|pages=171–}}</ref>
 
=== စစ်ဆင်ရေး တိုက်ပွဲများ ===
{{ထပ်မံလေ့လာရန်| ဟန် မင်းဆက် ၏ ဧကရာဇ်များ| ပိုင်တန်း တိုက်ပွဲ| ဟီချင်း}}
[[File:Western Han soldiers.jpg|thumb|သရုပ်ဖော်ထားသည့် [[တရုတ်မြေထည်များ|မြေထည် ရုပ်ထုများ]]၊ [[အနောက်ပိုင်း ဟန်]] ခေတ်မှ၊[[အရှေ့ အာရှ စစ်ဆင်ရေးမှ မြင်းများ| မြင်းစစ်သည်တော်များ]]၊ [[ဟိုင်နန် နယ် ပြတိုက်]]]]
စာကြောင်း ၁၃၆ -
 
ဧကရာဇ် ဂေါင်ဇူသည် [[ ယင်းပု]]ကို နှိမ်နင်းသည့် စစ်ဆင်ရေးတွင် အမှတ်တမဲ့ ပစ်ခတ်လိုက်သည့် မြားတစ်စင်း၏ ထိခိုက်မှုကို ခံလိုက်ရသည်။ သူသည် ထိုအချိန်မှစ၍ အလွန်တရာ နာမကျန်းဖြစ်လာပြီး သူ၏ အတွင်းဆောင်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး သူ၏ ကိုယ်ရံတော်များကို သူနှင့်တွေ့ဆုံသူတိုင်းနှင့် တွေ့ခွင့်ပြုရန် ငြင်းဆန်စေခဲ့သည်။ရက်များစွာကြာသောအခါ [[ဖန်းခွိုင်]]သည် နန်းဆောင်သို့အတင်းဝင်ခဲ့သဖြင့် အခြားသောနောက်လိုက်နောက်ပါတို့သည်လည်း သူ့နောက်မှ လိုက်ဝင်ခဲ့ကြလေသည်။ သူတို့သည် ဧကရာဇ်၏ အိပ်ယာထက်တွင် လဲလျောင်းနေပြီး [[မိန်းမစိုး]]တစ်ဦး၏ ပြုစုခြင်းကိုသာ ခံနေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ဖန်းခွိုင်သည် အောက်ပါအတိုင်းပြောခဲ့သည်။ "ဧကရာဇ် အရှင်သည် နိုင်ငံတော်ကို သိမ်းပိုက်သောအခါ မည်မျှ ဂုဏ်ယူဖွယ်ရှိပါသနည်း။ ကျွန်တော်မျိုးတို့ မည်မျှ နွမ်းလျခဲ့ပါသနည်း။ အရှင့်၏ ကျွန်တို့သည် အရှင်မင်းကြီး နာမကျန်းဖြစ်နေသည်ကို ကြားသိရသောအခါ မည်မျှ ပူပင်ခဲ့ရပါသနည်း။သို့သော်လည်း အရှင်မင်းကြီးသည် ကျွန်တော်မျိုးတို့ကို တွေ့ရန် ငြင်းဆန်ရုံသာမက မိန်းမစိုးတစ်ယောက်၏ အဖော်ပြုမှုကို ပိုနစ်သက်ခဲ့ပါသည်။ အရှင်မင်းကြီးသည် [[ကျောက်ကော်]]၏ အဖြစ်ကို မေ့လျော့နေပါသလော" ဟု ပြောလေရာ ဧကရာဇ် မင်းကြီးသည် ရယ်မော၍ အိပ်ယာမှ ထကာ မိမိ၏ အမှုထမ်းတို့ကို တွေ့ဆုံလေသည်။
 
 
ဧကရာဇ် ဂေါင်ဇူ၏ ကျန်းမာရေးသည် တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာရာ [[မိဖုရားခေါင်ကြီး လွီကျီး]]သည် နာမည်ကျော် သမားတော်တစ်ဦးကို ပင့်ဖိတ်ကာ ကုသစေသည်။ ဧကရာဇ်သည် သူ၏ ကျန်းမာရေးအခြေအနေကို သိလို၍ မေးမြန်းရာ သမားတော်က သူ၏ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း ပြန်ဖြေကြားသည်။ သို့ရာတွင် ဧကရာဇ်သည် ထိုအဖြေကို မနှစ်မြို့ပဲ သမားတော်ကို အောက်ပါအတိုင်း ကြိမ်းမောင်းသည်။ "ငါသည် ဤ နိုင်ငံတော်ကို အဝတ်တစ်ထည် ကိုယ်တစ်ခု ဖြင့် ဓားတစ်စင်းကို ဆောင်ကာ သိမ်းပိုက်နိုင်ခဲ့သည်မှာ မိုးမြေ၏ အလိုပင် မဟုတ်ပါလော့။ ငါ၏ အသက်သည် မိုးမြေ၏ အလိုသာတည်း။ [[ပျန်းချွီ]]ပင် ရှိစေကာမူ အချည်းနှီးသာတည်း" ဟု ဆိုလေသည်။ သူသည် ဆေးကုသမှု ခံရန် ငြင်းဆိုခဲ့ပြီး သမားတော်ကို ပြန်လွှတ်ခဲ့သည်။သူ မကွယ်လွန်မီ [ချောင်ရှန်း]] သည် [[အမတ်ချုပ်ကြီး [တရုတ်ပြည်]| အမတ်ချုပ်] အဖြစ် [[ရှောင်ဟီ]] ကွယ်လွန်ပြီးနောက် သူ၏ နေရာတွင် ဆက်ခံနိုင်ပြီး ဝမ်လင်းသည် ချောင်ရှန်း၏ နေရာတွင် ဆက်ခံနိုင်သည် ဟု ဆိုခဲ့သည်။ ဝမ်လင်းသည် သူ၏ တာဝန်တို့ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ငယ်ရွယ်သေးသည် ဟု ဆိုနိုင်သည့်အတွက် [[ချန်ပင်း (ဟန်မင်းဆက်)| ချန်ပင်း]]သည် ဝမ်လင်းကို ကူညီထောက်မပေးရမည်ဟု မိန့်မှာခဲ့သည်။သို့သော် ချန်ပင်းသည် သူကိုယ်တိုင်လည်း အမတ်ချုပ်ကြီး တစ်ဦး၏ ရာထူးတာဝန်များကို ထမ်းရွက်နိုင်သည်ဟု ယူဆခဲ့သည်။ သူသည် [[ကျိုးပို]]ကိုလည်း စစ်သေနာပတိရာထူးအတွက် သင့်တော်သူဟု မှတ်ချက်ချခဲ့သည်။ သူသည် ချန်းလီနန်းတော် (長樂宮) တွင် ဇွန်လ ၁ ရက် ၁၉၅ &nbsp; ဘီစီအီးတွင် ကွယ်လွန်ခဲ့ပြီး နောင်တွင် [[ဟန် ဧကရာဇ် ဟွီ| ဧကရာဇ် ဟွီ]] ဟု အမည်တွင်မည့် လျိုယင်းမှ သူ၏ နေရာတွင် ဟန် နိုင်ငံတော်၏ ဧကရာဇ် အဖြစ် ဆက်ခံခဲ့သည်။