ဟယ်ရီပေါ်တာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၂၇ -
'''''ဟယ်ရီပေါ်တာ''''' ({{lang-en|Harry Potter}} ၊ '''ဟာရီပေါ့တာ''' ဟုလည်း အသံထွက်/စာလုံးပေါင်းကြ) သည် ဗြိတိသျှစာရေးဆရာမ [[ဂျေ ကေ ရိုးလင်း]] ရေးသားသော လူကြိုက်များထင်ရှားသည့် နာမည်ကြီး စိတ်ကူးယဉ် ဝတ္ထုရှည် စာအုပ်အတွဲ (စီးရီး) တစ်ခု ဖြစ်သည်။ ထိုဝတ္ထုများသည် ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ကြသည့် ငယ်ရွယ်သော မှော်ဆရာကောင်လေး [[ဟယ်ရီပေါ်တာ (ဇာတ်ကောင်)|ဟယ်ရီပေါ်တာ]]နှင့် သူ၏ သူငယ်ချင်းများဖြစ်သော ဟာမိုင်ယွန်းနီ ဂရန်ဂျာ (မိန်းကလေး)၊ ရော်နယ် ဝီစလီ (ယောက်ျားလေး) စသူတို့၏ ဘဝဇာတ်ကြောင်း ဖြစ်ရပ်များကို မှတ်တမ်းတင်ထားခြင်းသဖွယ် ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းများသည်ကား မိစ္ဆာသခင်ကြီး ဗော်ဒီမော့ အား ချေမှုန်းလိုကြသော ဟယ်ရီတို့ သူငယ်ချင်းတစ်စု၏ သည်းထိတ်ရင်ဖို စွန့်စားတိုက်ခိုက်ခန်းများ အကြောင်းပင် ဖြစ်လေသည်။ ဤဝတ္ထုများတွင် ဟော့ဂ်ဝပ်မှော်ကျောင်းတော် အမြန်ရထား၊ မှော်ပညာဝန်ကြီးဌာန၊ မက်ဂယ် (မှော်ပညာမတတ်သော သာမန်လူတို့ကို မှော်အတတ်ရှင်များ သို့မဟုတ် စုန်းကဝေများက ခေါ်သောနာမည်) စသည့် အံ့ဩဖွယ်ထူးခြားမှုများစွာ ပါဝင်သည်။
စာအုပ်အတွဲ၏ ပထမဆုံးဝတ္ထုဖြစ်သော ၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ထုတ်ဝေခဲ့သည့် ''[[ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံး|ဟယ်ရီပေါ်တာနှင့် ပြးဒါးရှင်လုံး]]'' စာအုပ် စတင်ထုတ်ဝေချိန်ကပင် စာအုပ်သည် ရေပန်းစားမှု ၊ ဝေဖန်ရေးများက ချီးကျူးဂုဏ်ပြုမှု ၊ စီးပွားရေးဆိုင်ရာ အောင်မြင်မှုတို့ဖြင့် ကမ္ဘာတစ်ဝန်း လွန်စွာနာမည်ကျော်ကြားလာခဲ့သည်။ ထိုစာအုပ်များသည် ကလေးလူငယ် စာဖတ်သူတို့ အပြင် ယန်း အဒေါ့လ်တ် (Young Adult) ခေါ် အရွယ်ရောက်လူငယ်များ၊ လူကြီးစာဖတ်သူများအတွက်ပါ စိတ်ဝင်စားမှု မြင့်တက်စေနိုင်ခဲ့သည်။<ref>{{cite news|url=http://news.bbc.co.uk/2/hi/entertainment/2996578.stm|title=Potter's place in the literary canon|work=BBC News|last=Allsobrook|first=Dr. Marian|date=18 June 2003|accessdate=15 October 2007|deadurl=no|archiveurl=https://web.archive.org/web/20080109162755/http://news.bbc.co.uk/2/hi/entertainment/2996578.stm|archivedate=9 January 2008|df=dmy-all}}</ref>
|