အင်းလေးကန်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၆ -
 
==ထင်ရှားသော ဘုရားပွဲများ==
ဖောင်တော်ဦးစံကျောင်းတော်၌ သီတင်းကျွတ်လဆန်း(၁)ရက်၊ နံနက် (၀၄:၀၀) နာရီခန့်တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး နံနက် (၀၇:၀၀) နာရီ မှာစတင်က စံကျောင်းတော်ရှိ ဘုရားငါးဆူအနက် လေးဆူအား ဟင်္သာဖောင်ဖြင့် [[ကျေးပေါခုံရွာ]]သို့ ရာပေါင်းများစွာသော လှေလှော်သမားများက ခြေထောက်တစ်ဖက်တည်းဖြစ် လှော်ခတ်ကာ ([[အင်းသားလူမျိုး]] ရိုးရာလှေလှော်ခတ်နည်း) ချိတ်ယူပင့်ဆောင်လာခဲ့ပါသည်။ [[အင်းတိန်ရွာ]]တွင် သီတင်းကျွတ်လဆန်း (၂)ရက် မှ (၃)ရက် နေ့အထိ ဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆန်း (၄)ရက်တွင် [[ရွာမရွာ]]၊ သီတင်းကျွတ်လဆန်း(၅)ရက်တွင် [[ငါးဖယ်ချောင်းရွာ]]၊ သီတင်းကျွတ်လဆန်း (၆)ရက် တွင် [[ကြေးစားကုန်းရွာ]] နှင့် [[ပွဲစားကုန်းရွာ]] စသဖြင့် အင်းလေးကန်အနီးရှိရွာအသီးသီးတွင် ဗုဒ္ဓပူဇနိယကျင်းပကြသည်။ ညောင်ရွှေမြို့သို့ကြွချီလာပြီးနောက် သီတင်းကျွတ်လဆန်း (၇)ရက်မှ (၉)ရက်နေ ့အထိရက်​နေ့အထိ စံကျောင်းတော်တွင် ကိန်းဝပ်က ဗုဒ္ဓပူဇနိယပွဲကျင်းပကြသည်။
 
ထိုနောက် ညောင်ရွှေမြို့စံကျောင်းတော်မှ နံနက်(၀၇:၀၀)နာရီခန့်တွင် [[နန်းသဲရွာ]]သို့ဆက်လက်ကြွချီကာ သီတင်းကျွတ်လဆန်း(၁၁)ရက်တွင် [[သလဲဦးရွာ]]၊ သီတင်းကျွတ်လဆန်း(၁၂)ရက်တွင် [[ဓကလာရွာ]] နှင့် [[ဇရပ်ကြီးရွာ]]၊ သီတင်းကျွတ်လဆန်း(၁၃)ရက်တွင် အလိုတော်ပေါက်နှင့် [[နန်းပန်ရွာ]]၊ ထိုနောက် [[မကျီးဆိပ်ရွာ]]သို့လည်းကောင်း [[ကျိင်းခမ်းရွာ]]သို့လည်းကောင်း သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကြွချီကာ ဗုဒ္ဓပူဇနိယပွဲများကျင်းပကြသည်။ သီတင်းကျွတ်လပြည်နေ့ ရောက်သော်အခါ [[မိုင်းပျိုးရွာ]]၊ သီတင်းကျွတ်လဆုတ်(၁)ရက်နေ့တွင် [[နောင်တောရွာ]]၊ သီတင်းကျွတ်လဆုတ်(၂)ရက်နေ့တွင် [[အင်းပေါခုံရွာ]] နှင့် [[ရေးသာရွာ]]သို့ ကြွချီကာဗုဒ္ဓပူဇနိယပွဲများ ကျင်းပကြသည်။ သီတင်းကျွတ်လဆုတ်(၃)ရက်၊ နံနက်(၈)နာရီတွင် ဖောင်တော်ဦး စံကျောင်းတော်ကြီးသို့ရောက်ရှိလာသည် နှင့်အတူ ကျောင်းတော်ဝင်ပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပါသည်။