ကျိုက္ကဆံစေတီတော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၉ -
ရဟန္တာအရှင်မြတ်တို့က ရေမြေရှင်မင်းမြတ် ဤပထမပတိကကုန်းမြေ၌ ဘုရားရှင်ဆံတော်၊ဓာတ်တော်မြတ်အား၊ ဌာပနာလျှက် တြိယဝဲဂမင်း၊ သကြားမင်းနှင့် ရသေ့ဂေါက်တို့မှ စေတီတစ်ဆူ ဦးစွာ တည်ထားခဲ့ဘူး၏။ ပထမစေတီတည်ခဲ့ဘူးသဖြင့် ယခုအခါ ဒုတိယအကြိမ် တည်ထားရခြင်း ဖြစ်သည်ဟု မိန့်ကြားလျှင် သီဟဒီပမင်းသည် ကျေနပ်ဝမ်းမြောက် ခံစားခဲ့ရ၏။ ထို့နောက် အရှင်မြတ်တို့ ညွှန်ရာတွင် စေတီတည်အံ့ ဟုမိန့်ကြားပြီး ဆံတော်မြတ်(၆)ဆူနှင့် အတူ ဓာတ်တော်မြတ်တို့အား၊ ရဟန္တာတို့မှ ပင့်ဆောင် ဦးဆောင်ပြီး သကာလ ပထမပတိကကုန်းမြေသို့ ကြွတော်မူခဲ့၏။
 
ရဟန္တာအရှင်မြတ်၊ သီဟဒီပမင်းတို့နှင့်အတူ မင်းမိဖုရား၊ အမှူးပြုသည့်မင်းညီမင်းသား၊ ပုဏ္ဏား၊ သူဌေးသူကြွယ် များကုန်သည်လယ်ယာလုပ်သူများ စသည့်မင်းပရိသတ်စုံညီစွာဖြင့် ဆံတော်ဓာတ်တော်များအားမင်းခင်းမင်းနားဖြင့် ပင့်ဆောင်ခဲ့၏။ ပထမပတိကကုန်းတော်သို့ ရောက်လျှင် ဆံတော်နှင့်အတူ ဓာတ်တော်များအား၊ ခုနှစ်ရက်တိုင်တိုင် ပူဇော်ပွဲသဘင် ဆင်ယင်ကျင်းပခဲ့၏။ ထို့အတူ ထိုနှစ် တပို့တွဲလပြည့် မင်္ဂလာအခါတော်နေ့၌ ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ် စသည့် ရတနာ အုတ်ကျောက်များ ဆောက်လုပ်အပ်သည့် ဂန္ဓာကုဋိတိုက်ဂန္ဓာကုဋီတိုက် တော်ဝယ် ဆံတော်(၆)ဆူ၊ ဓာတ်တော်(၁၀)ဆူတို့အား၊ ရွှေ ကြုတ်၊ ငွေကြုတ်၊ ပတ္တမြားကြုတ်စသည့်ကြုတ်(၇)ထပ်စီတန်းလျှက် ဌာပနာပြုတော်မူခဲ့၏။ ယင်းကဲ့သို့ပင် ရဟန္တာအရှင်မြတ်တို့ ရှိခိုးပူဇော်ဟန် ရုပ်ထုအား လည်းကောင်းသီဟဒီပမင်းကြီးမှ ပူဇော်နေဟန် ရုပ်ထုတော်ကိုလည်းကောင်း ရွှေအတိဖြင့်သွန်းလောင်းလျက် ဌာပနာတိုက်အတွင်းသို့ သွင်းလျှက် စေတီတော်ကြီးအား တည်ထားကိုးကွယ်တော်မူခဲ့၏။
[[File:ShinYaTha.jpg|thumb|ရှင်ယသ သိမ်တော်]]