"အစ္စလာမ်ဘာသာ" ၏ တည်းဖြတ်မှု မူကွဲများ

၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း))
အစ္စလာမ်ဘာသာရှိ နဗီဟုခေါ်သော တမန်တော်များသည် ဘုရားသခင်က သူ၏ စေတမန်အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ခြင်း ခံရသည့် လူသားများဖြစ်သည်။ ကုရ်အာန်၏အဆိုအရ အေဗရာဟင်နှင့် အင်မရာန်တို့မှ ဆင်းသက်လာသူများသည် ဘုရားသခင်၏ အလိုတော်များကို လူသားများထံ ဆောင်ကျဉ်းယူဆောင်ရန် ရွေးချယ်ခံရလေသည်။ ထိုတမန်များသည် တန်ခိုးပြာဋိဟာအစွမ်းများ ပြသနိုင်သော်လည်း ဘုရားမဟုတ်၊ သာမန်လူသားများသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ အစ္စလာမ်ဘာသာအရ ထိုတမန်တော်များအားလုံးသည် ဘုရားသခင်၏ မိန့်ကြားချက် "ကိုးကွယ်ရာအရှင်သည် အလ္လာဟ်တစ်ပါးတည်းရှိကြောင်း နှင့် နောင်တမလွန်ဘဝတွင် စစ်ဆေးမေးမြန်းခြင်းခံရမည့်အကြောင်း"များကို လူတို့အား သတင်းပေး ဟောကြား ပို့သကြရလေသည်။ အစ္စလာမ်ဘာသာတွင် ခိုင်မာသောဘာသာရေးယုံကြည်ချက်အဖြစ် ပွင့်လေကုန်သော တမန်တော်များကို ယုံကြည်စေပါသည်။ ဤတမန်တော်များမှာ အာဒမ်၊ နူးဟ်(နော်ဧ)၊ အီဗရာဟင်မ်၊ အစ္စမာအီလ်၊အစ္စဟာက်၊ယဟ်ကူဗ်၊ မူစာ (မိုးဇက်)၊ဒါဝုဒ်၊ယဟ်ယာ၊ အီစာ(ဂျီးဇက် သခင်ယေရှု) နှင့် အခြားတမန်တော်များ ပါဝင်ကြသည်။ နောက်ဆုံးတွင်မူ ဘုရားသခင်သည် တမန်တော်မုဟမ္မဒ်အား နောက်ဆုံးပိတ်အဖြစ် ဘုရားသခင်၏ အမိန့်ဒေသနာများကို တစ်ကမ္ဘာလုံးအား ဟောကြားပို့သရန် စေလွှတ်လိုက်သည်။ အစ္စလာမ်ဘာသာတွင် မုဟမ္မဒ်၏ ဘဝနေထိုင်မှုကျင့်စဉ်များကို ဆွန္နသ်ဟုခေါ်ပြီး ဟောကြားပို့ချချက်များကို ဟဒီးဆ်ဟုခေါ်သည်။ မွတ်စလင်များအတွက် နေ့စဉ်ဘဝတွင် ထိုဆွန္နသ်နှင့် ဟဒီးဆ်များကို လိုက်နာကျင့်သုံးရန် အရေးကြီးလေသည်။ ဆွန္နသ်နှင့် ဟဒီးဆ်များသည် ကုရ်အာန်ကျမ်းစာကို အဓိပ္ပါယ်ကောက်ရာတွင်လည်း အရေးကြီးသည်ဟု ယူဆကြသည်။
 
=== ကြိုတင်ပြဌာန်းထားမှုကြိုတင်ပြဋ္ဌာန်းထားမှု (နဖူးစာ ခေါ် Taqdir )===
အစ္စလာမ်ဘာသာတွင် ဘုရားသခင်သည် ဖြစ်ပျက်သမျှ အရာအားလုံးကို အစိုးရသိရှိလေသည်။ မွတ်စလင်များသည် ဤလောကရှိ အဆိုးအကောင်း ဖြစ်ပျက်သမျှမှန်သမျှသည် ကြိုတင်သတ်မှတ်ထားပြီး ဘုရားသခင်၏ ခွင့်ပြုချက် မရှိပဲ မဖြစ်နိုင်ဟု ယုံကြည်ကြသည်။ မွတ်စလင်ဘာသာ ပညာရှင်များ၏ အဆိုအရ ဤလောကရှိ အဖြစ်အပျက်များမှာ ကြိုတင်သတ်မှတ်ထားသော်လည်း လူသားများသည် အမှားနှင့်အမှန်ကို လွတ်လပ်စွာ ဆုံးဖြတ်နိုင်၍ သူ၏ လုပ်ရပ်များအပေါ် တာဝန်ရှိလေသည်။ အစ္စလာမ်ဘာသာအရ ဘုရားသခင်၏ ကြိုတင်င်ပြဌာန်းချက်များအားလုံးသည်ကြိုတင်င်ပြဋ္ဌာန်းချက်များအားလုံးသည် လောင်ဟေမဟ်ဖူဇ်ခေါ် ကျောက်ပြားပေါ်တွင် ရေးထွင်းထားလေသည်။
 
== မွတ်စလင်လူဦးရေ ကို ရာခိုင်နှုန်းဖြင့်ဖော်ပြခြင်း ==
၄၅၈၄၄

တည်းဖြတ်မှုများ