"ကွမ်းဆော်ကြောင်းဖြူ" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား))
မှန်နန်းရာဇဝင်မှာ အနော်ရထာက ကွမ်းဆော်ကြောင်ဖြူမင်းနဲ့ မြောက်ပြင်သည်တို့ရဲ့ သားတော်ဖြစ်တယ်လို့ ပြဆိုတယ် ။ ကွမ်းဆော်ကြောင်ဖြူက တန်နက်မင်းရဲ့ သားတော်ဖြစ်တယ် ။ တန်နက်မင်းကို စလေငခွေးလုပ်ကြံပြီး မင်းပြုတဲ့အခါ တန်နက်မင်းရဲ့ မိဖုရားက စလေငခွေးရဲ့ မိဖုရားမလုပ်လိုတဲ့အတွက် ဝမ်းတွင်း ပဋိသန္ဓေနဲ့အတူ နန်းကဆင်းပြီး ပြေးတယ် ။ အဲ့ဒီ့နောက်ကြောင်ဖြူအရပ်မှာနေထိုင်ရင်း ကလေးမွေးဖွားတဲ့အတွက် ထိုကလေးမှာ ကြောင်ဖြူမင်းအမည် သွင်လာပါတယ် ။
 
အရွယ်ရောက်လာတော့ သူဟာ မင်းမျိုးက ဆင်းသက်လာသူဖြစ်ကြောင်း သိရပြီး တစ်ချိန် ခမည်းတော်အရိုက်အရာကို ရရပါမယ်လို့ ယုံကြည်ထားတယ် ။ နောက်တော့ နန်းတော်မှာ ကွမ်းဆော်အဖြစ်အမှုထမ်းနေတယ် ။ တစ်နေ့ ပုဂံမှာ မင်းလောင်းပေါ်မယ်လို့ ကျော်စောလာတယ် ။ ပုဂံသားတို့က မင်းလောင်းကို ပူဇော်ဖို့အတွက် တုရင်တောင်ကို သွားကြတယ် ။ ကွမ်းဆော်မင်းလည်း မင်းလောင်းကို ကြည့်လိုတဲ့အတွက် အလာမှာ (အမည်မသိ)လူတစ်ယောက်က သူ့ရဲ့ မြင်းနဲ့အတူ ပတ္တမြားဥသျှောင် / ပတ္တမြားလက်စွပ် / လှံ(အရိန္ဒမာလှံ) နဲ့ ဓါးကိုဓားကို ကွမ်းဆော်မင်းဆီ ပေးလိုက်တယ်လို့ ဆိုတယ် ။ ကွမ်းဆော်လည်း အဲ့အရာတွေယူပြီး မင်းလောင်းကြည့်ဖို့ တုရင်တောင်ကို သွားခဲ့တယ် ။ အဲ့မှာပဲ ကွမ်းဆော်ကို မင်းလောင်းအဖြစ်နဲ့ မြင်ပြီး တင်မြှောက်လိုက်ကြပါတယ် ။ အဲ့မှာ စောရဟန်းမင်းက မိမိရှိနေပါလျက်နဲ့ ဘယ်သူက ဒီလို လုပ်သလဲဆိုပြီး အမျတ်ရှနေစဉ်မှာပဲ တံခါးဝက ရုပ်ထုကျိုးကျပြီး ဦးခေါင်းစိုက်ကျ နတ်ရွာစံခဲ့တော့တယ် ။
 
ညောင်ဦးစောရဟန်းမင်း နတ်ရွာစံတော့ မိဖုရား သုံးဦးကျန်ခဲ့တယ် ။ မိဖုရားကြီးကို တောင်ပြင် ။ အလတ်ကို အလယ်ပြင် ။ အငယ်ကို မြောက်ပြင်လို့ ခေါ်ပြီး ထိုအချိန်မှာ အကြီးနဲ့ အလတ်မိဖုရားဆီမှာ ကိုယ်ဝန်ကိုယ်စီနဲ့ကျန်ခဲ့တယ် ။ အငယ်တစ်ဦးပဲ ကိုယ်ဝန်မရှိပဲ ကျန်ခဲ့ပါတယ် ။ အနော်ရထာက မိဖုရားအငယ်ဖြစ်တဲ့ မြောက်ပြင်သည်ရဲ့ ဝမ်းက မွေးဖွားလာခဲ့တာ ဖြစ်ပါတယ် ။
၄၅၅၃၇

တည်းဖြတ်မှုများ