တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နေ့လည် +နေ့လယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၉၈ -
လက်နက်အင်အား မမျှတခြင်း၊ ကျွမ်းကျင်မှု အင်အား မမျှတသော မြန်မာတို့မှာ အရေးမသာတော့ချေ။ တတ်နိုင်သမျှ ခုခံကြသော်လည်း အင်္ဂလိပ် ကုန်းတပ်၊ ရေတပ်တို့၏ ညှပ်ပိတ် တိုက်ခိုက်ခြင်း ခံရကား နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဂွေးချောင်းခံတပ်ကျဆုံးရသည်။ ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်မှူး မင်းကျော်သိဒ္ဓိရန်အောင် ကျဆုံးရလေသည်။ မြန်မာတို့သည် မင်းထင်မင်းလှ ကျော်ခေါင်တပ်၊ မဟာမင်းထင်မင်းခေါင်တပ်တို့ ပူးပေါင်းကာ၊ လူအင်အား ၁၀၀၀၊ ဆင် ၅၀၀၊ မြင်း ၅၀၀ တို့ဖြင့် ဆုတ်အပ်သော လက်သီး၊ စည်းအပ်သော ထင်းချောင်းပမာ ကြံ့ခိုင်စွာ ဖွဲ့စည်းထားသည်။
== ကြေးနန်းနှင့် မြန်မာတို့ စိတ်ဓာတ် ==
ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ် အနောက်ဖက်ရှိ ပန်းတောပြင် ခံကတုတ်၌လည်း သဲသဲမဲမဲ တိုက်ပွဲဖြစ်လျက်ရှိသသည်။ ထိုစဉ် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံ မတိုက်ခိုက်ရ။ ခုခံလျင် သူပုန်” ဟူသော ကြေးနန်းရောက်လာ၏။ ထိုနောက်တစ်ဖန် “ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက်။ နောက်ထပ် စစ်ကူများ ပို့ပေးသည်” ဟူသော ကြေးနန်းရောက်လာပြန်သည်။ မြန်မာတို့ကား မတိုက်ခိုက်ရဘဲ အင်္ဂလိပ်တို့အား ဒူးထောက်အရှုံးမပေးနိုင် ဟု ဆိုကာ ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုက်ရန် ဓါးသွေးကာဓားသွေးကာ အားမွေးလျက်ရှိသည်။
ဂွေးချောင်း ခံတပ်ကျဆုံးပြီးနောက် မြန်မာတို့သည် စုမိသမျှ အင်အားနှင့် ခုခံရန် ဦးကင်းဘုရားတွင် စောင့်ဆိုင်းနေ၏။ နိုဝင်ဘာလ ၁၇ ရက်နေ့ တနေ့ခင်း တခင်းလုံး လည်းကောင်း၊ ဦးကင်းဘုရာမှ ခုခံတိုက်ခိုက်ကြသော်လည်း အင်္ဂလိပ်ထိုးစစ်အား ပြင်ထန်လာသဖြင့် ကုန်းရွာသို့ ဆုတ်ခွာပေးလိုက်ရသည်။ ၎င်းမှ တဖန် တဖြည်းဖြည်း မင်းလှမြို့တွင်းသို့ အရောက်ဆုတ်ခွာကာ ခုခံရသည်။ မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်းတို့တွင် အဖက်ဖက်မှ ကျဆုံးခဲရသည်။ တခုတည်းသော အားကိုရာမှာ မင်းလှခံတပ်သာလျှင် ကျန်တော့သည်။
[[File:King thibaws guards1885.jpg|thumb|150px|သီပေါမင်း၏ အခြွေအရံများ]]