လူရွှင့်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-်် +်)
စာကြောင်း ၃၇ -
ကလောင်အမည်သာဖြစ်၍ သူ၏အမည်ရင်းမှာ ချောင်ရှူဂျင်ဖြစ်သည်။ လူရွှင့်၏ဖခင်သည် လူရွှင့်အသက် ၁၆ နှစ်အရွယ်လောက်ကပင် အလွန်မကျန်းမမာဖြစ်ပြီး သေဆုံးသွားရကား သူ၏မိသားစုမှာ ဆင်းရဲသွားရရှာလေသည်။ သူ၏ မိခင်သည်ဆင်းရဲသော်လည်း လူရွှင့်အား တစ်သက်လုံးထိန်းသိမ်းကြိုးကိုင်နိုင်ခဲ့သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ၏အမည်မှာ လူဖြစ်ရာ လူရွှင့်၏ ကလောင် အမည်သည် သူ၏မိခင်အမည်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်လေသည်။ လူရွှင့်သည် လူငယ်ဘဝ၌ အလွန်ဉာဏ်ကောင်းသည်ဟု ကျော်ကြားခဲ့သည်။ အသက် ၁၇ နှစ်တိုင်အောင် ရှိုရွှင်းမြို့၌ စာသင်ကြားခဲ့ရာ ထိုအတောအတွင်း တရုတ်စာပေနှင့် အနုပညာများကို များစွာဆည်းပူးခွင့်ရရှိခဲ့သည်။လူရွှင့် လူလားမြောက်သည့်အရွယ်တွင် တရုတ်နိုင်ငံကား နိုင်ငံခြားအရင်းရှင် နယ်ချဲ့သမားတို့၏ စာချုပ်စာတမ်းများဖြင့် တုပ်ပြီးနှောင်ပြီး ရှိနှင့်ပြီးဖြစ်သည့်ပြင် တံခါးမရှိ ဓားမရှိ နိုင်ငံခြားသားတို့ ဝင်ထွက်ချင်တိုင်း ဝင်ထွက်သွားလာလျက်ရှိသော သာလာယံဇရပ်ကဲ့သို့ ရှိနှင့်လေပြီ။ထို့ပြင် မန်ချူးမင်းဆက်တို့၏ ကံကျွေးစနစ်သည်လည်း ကျဆင်းစဖြစ်နေသည်။ ထိုကြောင့် လူရွှင့်၏စိတ်ဓာတ်မှာ စာပေကို အလွန်လိုက်စား လိုသည့်ပြင် နယ်ချဲ့သမားတို့၏ချုပ်ချယ်မှုမှ တော်လှန်ရန်ပြင်းပြခဲ့လေသည်။ အသက် ၁၈ နှစ်အရွယ်တွင် လူရွှင့်သည် မန်ချူးအစိုးရက တည်ထောင်သော ရေတပ်ကျောင်းသို့ ဝင်ခွင့်ရရန် နန်ကင်းမြို့သို့ ထွက်လာခဲ့၏။ ရေတပ်ကျောင်းဝင်စာမေးပွဲအောင်သော်လည်း သဘောမကျသည်နှင့်မဝင်ဘဲ နောက်တစ်နှစ်တွင် မီးရထားနှင့် သတ္တုတွင်းကျောင်းသို့ ပြောင်းရွှေ့သင်ကြား၏။ ထိုကျောင်းတွင် လေးနှစ်သင်ကြားပြီးနောက် ၁၉ဝ၂ ခုနှစ်၌ ဂျပန်နိုင်ငံသို့ ပညာတော်သင်အဖြစ် သွားရောက်သင်ကြားခွင့်ရရှိခဲ့ပြန်သည်။
 
ဂျပန်နိုင်ငံတွင် ရှစ်နှစ်တိုင်တိုင်ကြာခဲ့၏။ နန်ကင်းမြို့နှင့် ဂျပန်နိုင်ငံတို့၌ နေထိုင်ခဲ့စဉ်အတွင်း နိုင်ငံခြားစာပေနှင့် သိပ္ပံပညာရပ် ဘာသာပြန်အမြောက်အမြားတို့ကိုလည်းကောင်း၊နိုင်ငံခြားစာဆိုတော်တို့၏ အရေးအသားများကို လည်းကောင်း စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခွင့်ရခဲ့သည့်ပြင် နိုင်ငံရေးအတွေးအခေါ်များကိုလည်း ရရှိခဲ့သည်။ ထို အတွေ့အကြုံများကား လူရွှင့်၏ ရှိရင်းစွဲ နိုင်ငံရေးနိုးကြားမှုစိတ်ဓာတ်ကို လှုံ့ဆော်ပေးသကဲ့သို့ ရှိနေ၏။ ထိုကြောင့် တော်လှန်ခြင်းဖြင့် မန်ချူးမင်းတို့၏ ကံကျွေးစနစ်ကို အပြီးအပိုင်သုတ်သင်၍ တရုတ်ဆင်းရဲသား လူတန်းစားတို့၏ဘဝကို မြှင့်တင်ပေးရန် စိတ်စောလျက်ရှိနေလေသည်။ သို့သော် တရုတ်လူမျိုးတို့၏ လွတ်မြောက်ရေးကို လုံးပန်းရာ၌ လက်နက်ဖြင့် တော်လှန််ခြင်းထက်တော်လှန်ခြင်းထက် စာပေဖြင့်တော်လှန်ခြင်းသည် အထိရောက်ဆုံးဖြစ်ကြောင်းကိုလည်း လူရွှင့်သိရှိလာသည်။ ထို့ကြောင့် စာပေရေးသားခြင်းဖက်သို့ အာရုံစိုက်လာခဲ့၏။လူရွှင့်သည် တရုတ်နိုင်ငံသို့ ၁၉ဝ၉ ခုနှစ်တွင် ပြန်လာ၍ ၁၉၁၁ ခုနှစ်တွင် တရုတ်တော်လှန်ရေး ဖြစ်ပေါ်ခဲ့၏။ ထိုတော်လှန်ရေးတွင်မန်ချူး မင်းဆက်ပြုတ်သွားသော်လည်း အရင်းရှင်စနစ်နှင့် ကံကျွေးစနစ်ကား တည်မြဲလျက်ရှိလေသည်။ နိုင်ငံရေးအာဏာသည် မန်ချူးမင်များလက်မှ စစ်ဝါဒီနှင့် နိုင်ငံရေးသမားများလက်သို့ပြောင်းသွားသည်သာဖြစ်၍ များစွာမထူးခြားလှချေ။ ၁၉၁၂ ခုနှစ်တွင် တရုတ်သမ္မတနိုင်ငံ တည်ထောင်လေသည်။ လူရွှင့်သည် ပညာရေးဝန်ကြီးဌာန ရာထူးတစ်ခုကို လက်ခံကာ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဤသို့လက်ခံလုပ်ကိုင်လာစဉ် ၁၉၁၇ ခုနှစ် ရုရှအောက်တိုဘာတော်လှန်ရေးနှင့် မေလ ၄ ရက် အရေးတော်ပုံတို့ပေါ်ပေါက် လာခဲ့၏။ ထိုအရေးတော်ပုံများ၏ လှုံ့ဆော်မှုကြောင့် လူရွှင့်၏ တော်လှန်ရေးစိတ်ဓာတ်များသည် ပိုမိုပြင်းထန်လာလေသည်။ ထိုအချိန်အခါတွင် တရုတ်ဆင်းရဲသား လူတန်းစား
များသည်လည်း လူတန်းစားတစ်ရပ်အနေဖြင့် နိုင်ငံရေးသို့ ဝင်ရောက်လျက်ရှိနေလေသည်။၁၉၁၈ ခုနှစ်မှစ၍ လူရွှင့်သည် တရုတ်လူမျိုးတို့အား ကံကျွေးစနစ် တိုက်ဖျက်ရေးအတွက် တော်လှန်ထကြွ ရန်လှုံ့ဆော်ပေးသည့်ဝတ္ထုတိုများကို မဂ္ဂဇင်းတစ်စောင်တွင် စတင်ရေးသားတော့၏။