မြန်မာနိုင်ငံတော်ဗဟိုဘဏ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဆက်သွယ်ရန်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၂၈ -
 
== နောက်ခံသမိုင်း ==
၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒဖြေင့် ၃-၄-၄၈ ရက်နေ့တွင် ဗဟိုဘဏ်အဖြစ် တည်ထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် သည် [[အိန္ဒိယနိုင်ငံ]] ရီဇက်ဘဏ် ၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကို လွှဲပြောင်းယူခဲ့သည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို ပြဌာန်းကာပြဋ္ဌာန်းကာ ထိုဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ် တည်ထောင်သောအခါ မြန်မာနိုင်ငံတွင် ငွေစက္ကူထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေး အက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ် လုပ်ငန်းကို အပြည့်အဝ ဆောင်ရွက် လာနိုင်ခဲ့ပြီး၊ [[ရန်ကုန်မြို့]] [[ကုန်သည်လမ်း]] နှင့် [[ဆူးလေဘုရားလမ်း]] ထောင့်တွင် စတင်ဖွင့်လှစ်ခဲ့၍ လုပ်ငန်း ဆောင်ရွက်ခဲ့သည်။
 
၁၉၅၂ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ အရ ပြည်ထောင်စုဘဏ် ၏ ခွင့်ပြုမတည်ငွေရင်း အား ကျပ်သန်း၄ဝထားရှိပြီး၊ ငွေကျပ် ၁ဝသန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့ဘဏ် ဥပဒပြေဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေ ကျပ် ၂ဝဝသန်းဖြင့် တည်ထောင်ခဲ့သည်။
 
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း ၌ ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့ပြီး ၁၉၆၇ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် အက်ဥပဒေအရ ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူ့ဘဏ် ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေး စနစ် ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ပြဌာန်းကာ၊ပြဋ္ဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်၊ [[မြန်မာ့စီးပွားရေးဘဏ်]]၊ [[မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်]]နှင့် [[မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်|မြန်မာ့ စိုက်ပျိုးရေးဘဏ်]] ဟူသော နိုင်ငံပိုင်ဘဏ် ၄ ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလ မတည်ငွေရင်း သည် ကျပ်သန်း ၂ဝဝ ဖြစ်ပြီး ယင်းငွေကိုနိုင်ငံတော်က အပြည့်အဝ ထည့်ဝင်ခဲ့သည်။
 
၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက် စီးပွားရေး မူဝါဒများနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့် ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန် နှင့် ငွေရေးကြေးရေးလုပ်ငန်း စွမ်းဆောင်မှု အရည်အသွေး မြင့်မားလာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ပြဌာန်းခဲ့သည်။ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ '''မြန်မာနိုင်ငံတော်ဗဟိုဘဏ်''' ၏ ခွင့်ပြုမတည်ငွေရင်း ကျပ်သန်းပေါင်း ၅ဝဝ အနက် ကျပ်သန်းပေါင်း ၂ဝဝ ကို နိုင်ငံတော်က ထည့်ဝင်ခဲ့သည်။<ref name="cbm"/>
 
== လုပ်ငန်းတာဝန်များ ==
စာကြောင်း ၉၁ -
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ ငွေရေးကြေးရေး ခိုင်မာမှုရှိစေရန် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ကိုလည်း စိစစ်ဆောင်ရွက်လျက် ရှိသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ ၏ နေ့စဉ် စာရင်းဇယားများ ကို ပေးပို့စေ၍ ဘဏ်များ၏ နေ့စဉ် ဘဏ္ဍာရေးအခြေအနေနှင့် အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေး အခြေအနေများ ကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသို့ တင်ပြလျက်ရှိသည်။
 
မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂ဝဝ၂ခုနှစ်တွင် ပြဌာန်းခဲ့သည်ပြဋ္ဌာန်းခဲ့သည် တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ဘဏ်များက ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်စေရန် စည်းမျဉ်းများ၊ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ စည်းမျဉ်းများတွင် ဘဏ်ဖောက်သည်၏ သတင်း အချက်အလက်များအား ဝီရိယပြု ရယူ စိစစ်ခြင်း၊ မှတ်တမ်းပြုစု ထိန်းသိမ်းခြင်း နှင့် သံသယဖြစ်ဖွယ်ငွေကြေး လွှဲပြောင်းမှုများ နှင့် သတ်မှတ် ပမာဏ နှင့် အထက် ကျော်လွန်သည့် ငွေကြေး လွှဲပြောင်းမှု သတင်းပေးပို့ခြင်း လိုအပ်ချက်တို့ အကျုံးဝင်သည်။
 
မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများ အား ငွေကြေးထောက်ပံ့မှု ဆောင်ရွက်ချက်များ ကာကွယ် ထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၃၇၃ အား အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ကုလသမဂ္ဂ မှ ထုတ်ပြန်သည့် စာရင်းဝင်များနှင့် ရရန်ပိုင်ခွင့်များကို ထိန်းချုပ်ထားရန်နှင့် သံသယရှိသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက် အဖွဲ့အစည်း၏ စာရင်းလွှဲပြောင်းမှုများကို တားမြစ်ရန်၊ ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိသည်။
စာကြောင်း ၁၁၂ -
ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သော အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၁-၇-၂ဝဝ၈ ရက်နေ့တွင် လည်းကောင်း၊ ပြည်တွင်း ငွေချေးစာချုပ် ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ၊ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြုစုရေးဆပ်ကော်မတီ၊ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းရေး ဆပ်ကော်မတီ၊ လေ့ကျင့် ပညာပေးရေး နှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ စာရင်းကိုင် နှင့် စာရင်းစစ်များဆိုင်ရာ ဆပ်ကော်မတီဟူသော ဆပ်ကော်မတီ ၆ခု ကို ၁၉-၈-၂ဝဝ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
 
မြန်မာနိုင်ငံတွင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးရေး အတွက် လမ်းပြမြေပုံ ချမှတ်ပြီး အဆင့်၃ဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ငွေတိုက် စာချုပ်များကို ဗဟိုဘဏ်ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့အား ရောင်းချစေခဲ့သည်။ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေပြဌာန်းနိုင်ရန်အတွက်ဥပဒေပြဋ္ဌာန်းနိုင်ရန်အတွက် မူကြမ်းရေးဆွဲကာ အဆင့်ဆင့်တင်ပြခဲ့ပြီး [[အမျိုးသားလွှတ်တော်]]မှ အတည်ပြုချက်ရရှိပြီးဖြစ်၍ [[ပြည်သူ့လွှတ်တော်]]သို့ တင်ပြထားဆဲဖြစ်သည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရလက်ထက်တွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ပေါင်းစည်းခြင်း (Exchange Rate Unification-ERU) အဖြစ် (၁.၄.၂၀၁၂) ရက်နေ့မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား SDR နှင့် ချိတ်ဆက်ထားသည့်စနစ်မှ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်သစ် (Managed Floating Exchange Rate Regime) သို့ ပြောင်းလဲကျင့်သုံးလျက်ရှိသည်။