အေဘရာဟမ် လင်ကွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၅၉ -
တောင်ပိုင်းဗိုလ်ချုပ်ကြီး လီး နှင့် မြောက်ပိုင်းဗိုလ်ချုပ်ကြီး ဂရန့်တို့ ဝိုင်းဒါးနက်စ် တိုက်ပွဲကာလလေးရက်တာတွင် [[အိမ်ဖြူတော်]] ကော်ရစ်ဒါများတွင် လမ်းလျှောက်ရင်း တစ်တွတ်တွတ်ရေရွတ်ညီးတွား နေခဲ့ရှာသည်။ အိမ်ဖြူတော်တွင် အခန်းပေါင်း ၃၁ ခန်းရှိရာ တစ်ခန်းမှ လင်ကွန်းအိပ်မပျော်ဟု ဆိုသည်။ စစ်ပွဲမှာ ပြီးပြတ်မည့် အရိပ်အရောင် မရှိသေး။ အနောက်ဖက် စစ်မျက်နှာတွင် ဗိုလ်ချုပ် ရှားမင်း၏ တပ်များကလည်း အရေးနှိမ့်နေသည်။ သို့ဖြင့် ဗိုလ်ချုပ်ဂရန့်ကို ဖြုတ်ရန် တောင်းဆိုသံတွေထွက်လာသည်။ သို့သော် လင်ကွန်းက လက်မခံခဲ့ပေ။ ခပ်တုံးတုံး လူဖြူအမှိုက်၊ အာဏာရှင် စသည့် ရှုံချမှုများနှင့် ကြုံသည်။
 
သို့ဖြင့် ၁၈၆၄ နွေရာသီရောက်သာအခါ တိုက်စစ်ကိုမြှင့်တင်လိုက်သည်။ ဘက်စုံမှအပြတ်တိုက်ရန် စီမံသည်။ မျှော်လင့်မထားသည့် တောင်ပိုင်းတပ်များ အထိနာကြသည်။ ဗိုလ်ချုပ်ကြီး ရှားမင်းက ပင်လယ်ကမ်းခြေအထိ အကြမ်းတိုက်သည်။ [[အတ္တလန္တာမြို့]] ကျသွားပြီးသည်မှစကာ တောင်ပိုင်းသားတို့သည် မျှော်လင့်ချက်များကုန်ခန်းသွားပြီဖြစ်ကြောင်းနားလည်းလိုက်ကြသည်။ (အတ္တလန္တာမှာ Gone with the wind ဇာတ်လမ်း၏ ဇာတ်အိမ်တည်ရာဖြစ်သည်။ အတ္တလန္တာ၏ မီးခိုးများနှင့်အတူ တောင်ပိုင်းသားတို့၏ ဘဝများ၊ အိမ်မက်များလွှင့်ပါသွားရခြင်းကို ရည်ညွှန်းသည်။) စစ်ရှုံးဗိုလ်ချုပ်ကြီး လီးက ကျွန်တော်ဟာ ဗိုလ်ချုပ်ကြီးဂရန့်ရဲ့ စစ်တပ်ကို ရှုံးနှိမ့်ခဲ့ပါတယ်။ သမ္မတ လင်ကွန်းရဲ့ မေတ္တာ၊ ဂရုဏာကိုလည်း အညံ့ခံလိုက်ရပါတယ် ဟုဆိုခဲ့သည်။ ထိုစကားအတိုင်း စစ်ပြီးသည်နှင့် စစ်ရှုံးပြည်နယ်များကို ပြန်လည်ထူထောင်ရေး လုပ်ပေးသည်။ အငြိုးအတေးထားခြင်းကို ခွင့်မပြု၊ ရန်ငြိုးမပြေနိုင်ရှိမည်ကို တားဆီးခဲ့သည်။ လူမည်းများအတွက်လည်း အခွင့်အရေးပြဌာန်းပေးရန်အခွင့်အရေးပြဋ္ဌာန်းပေးရန် ကြံသည်။ ထိုအကြောင်းမိန့်ခွန်းပြောရာ [[ဂျွန် ဘု]] ဆိုသော ပြဇာတ်မင်းသားက မကျေမနပ်ဖြင့် ကန့်ကွက်သည်။
 
== ဘဝ ဇာတ်သိမ်း ==