ဝေလနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၆၁ -
အေဒီငါးရာစုနှင့် ခြောက်ရာစုနှစ်သို့ရောက်သော် အင်္ဂလိုဆက္ကဆွန် လူမျိုးတို့သည် ဗြိတိန်နိုင်ငံကို တိုက်ခိုက်အောင်မြင်ကြလေသည်။ ထိုအခါ ဗရစ်တန်လူမျိုးတို့သည် ဝေလနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ တစ်ဖန် အလယ်ခေတ်တွင် နော်မန်လူမျိုးတို့သည် အင်္ဂလန်နိုင်ငံတွင်းသို့ ဝင်ရောက်အခြေစိုက်ကြသည်။ ဝေလနယ်ကိုမူ လွယ်ကူစွာ သိမ်းသွင်းမရကြချေ။ ဝေလနယ်သား ခေါင်းဆောင်တို့သည် နော်မန်ဘုရင်ကို တော်လှန်ပုန်ကန်၍ မင်းသားဘွဲ့ခံယူကာ နယ်ကို အုပ်စိုးကြသည်။ လူဝဲလင်းဂရစ်ဖစ်ဆိုသူသည် ဝေလမင်းသားဘွဲ့ကိုခံ၍ မင်းမူလျက်ရှိစဉ် ပထမအက်ဒွပ်ဘုရင်သည် ဝေလနယ်ကို တိုက်ခိုက်အောင်မြင်သဖြင့် မိမိ၏သားတော်အား [[ဝေလမင်းသား]]ဘွဲ့အပ်နှင်းခဲ့သည်။
 
ထို့နောက် ဝေလနယ်သားတို့သည် အင်္ဂလိပ်တို့ကို အကြိမ်ကြမ် တော်လှန်ပုန်ကန်ခဲ့ကြသည်။ ၁၄ဝ၂ ခုနှစ်တွင် အိုဝင်ဂလင်းဒူးဝါးဆိုသူသည် အင်္ဂလိပ်တို့ကို တိုက်ခိုက်၍ ဝေလနယ်ကို စည်းရုံးခဲ့သည်။ နောက်ဆုံး ၁၄၈၅ ခုနှစ်တွင် ဝေလအမျိုးသား အဆက်အနွယ်ဖြစ်သူ ဟင်နရီတျူဒါသည် သတ္တမဟင်နရီဘုရင်အဖြစ် အင်္ဂလိပ်ထီးနန်းကို ဆက်ခံစိုးစံရလေသည်။ ဤဘုရင်နှင့် သူ၏သားတော် အဌမဟင်နရီတို့ လက်ထက်တွင် ဝေလနယ်သည် ငြိမ်းချမ်းရေးကို ရရှိခဲ့သည်။ ၁၅၃၆ ခုနှစ်တွင် အက်ဥပဒေ တစ်ရပ်ကိုပြဌာန်း၍တစ်ရပ်ကိုပြဋ္ဌာန်း၍ ဝေလနယ်ကို အင်္ဂလန်နိုင်ငံနှင့် ပေါင်းစည်းခဲ့သည်။ ဝေလနယ်မှ ရွေးကောက်တင်မြှောက်သော အမတ်များသည်လည်း ဗြိတိသျှ ပါလီမန်တွင် ပါဝင်ခွင့်ရကြလေသည်။ ပထမကမ္ဘာစစ်အတွင်းက ဂရိတ်ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သော ဒေးဗစ်လွိုက်ဂျော့သည် ဝေလနယ်သားပင်ဖြစ်လေသည်။
 
ထိုအခါမှ အစပြု၍ ဝေလနယ်၏ သမိုင်းသည် ပညာရေးနှင့် အယူဝါဒရေးဆိုင်ရာ တိုးတက်မှုအကြောင်းပင်ဖြစ်သည်။ ၁၈ ရာစုနှစ်တွင် မက်သဒစ် ခရစ်ယာန်ဂိုဏ်းသည် ဝေလနယ်၌ အခြေစိုက်မိပြီးလျှင် ၁၉၂ဝ ပြည့်နှစ်သို့ရောက်သော် ဝေလသာသနာဂိုဏ်းကို အက်ဥပဒေဖြင့် ဖျက်သိမ်းခဲ့သည်။ ဝေလဘာသာစကားဖြင့် စကားပြေအရေးအသား၊ ကဗျာ၊ လင်္ကာ အရေးအသားတို့လည်း ဖွံ့ဖြိုးတိုးတက်လာသည်။ ၁၉ ရာစုနှစ်နှင့် ၂ဝ ရာစုနှစ်တို့တွင် ဝေလနယ်သည် စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ အမျိုးသားယဉ်ကျေးမှု ထုတ်ဖော်ရေးလုပ်ငန်း စသည်တို့၌ ခေတ်မီတိုးတက်ခဲ့သည်။ အမျိုးသားယဉ်ကျေးမှုကို မပျောက်