အိတ်ဇ်ရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
စာကြောင်း ၁၈ -
 
အိပ်စရေးသည် အမှန်အားဖြင့်လျှပ်စစ်သံလိုက်ရောင်စဉ် ခေါ် ရှိသမျှရောင်ခြည် မျိုးပေါင်းစုံပါဝင်သော ရောင်စဉ်တွင် တစ်စိတ်တစ်ဒေသပါဝင်သည့် ရောင်ခြည်ဖြစ်သည်။ ထိုရောင် စဉ်တွင်ပါဝင်သော ရောင်ခြည်အားလုံးတို့၏ အသွားနှုန်းသည် အလင်း၏အသွားနှုန်းနှင့် ထပ်တူပင်ဖြစ်၍ လှိုင်းအတိုအရှည် တွင်သာကွာခြားကြသည်။ ရောင်စဉ်၏အလယ်နားတွင် မျက်စိ ဖြင့်မြင်နိုင်သော အလင်းရောင်ခြည်များရှိ၍ ယင်း၏ဘေး တစ်ဖက်တွင် ထိုအောက် လှိုင်းတိုသောရောင်ခြည်များရှိသည်။ ထိုရောင်ခြည်တို့မှာ အာလတြာဗွိုင်အိုလက်ခေါ် ခရမ်းဘေး ရောင်ခြည်၊ အိပ်စရေးရောင်ခြည်၊ ဂမ္မာရောင်ခြည်တို့ဖြစ်ကြ သည်။ ထို့ကြောင့် အိပ်စရေးရောင်ခြည်သည် အလင်းလှိုင်းတို့
ထက် လှိုင်းအလျားတိုသည့် ရောင်ခြည်အစုတွင်ပါဝင်သည်။ အိိိပ်စရေးရောင်ခြည်တွင်အိိပ်စရေးရောင်ခြည်တွင် လှိုင်းအတိုအရှည်ကွဲပြားသော ရောင်ခြည်အစားစားပါဝင်သည်။ အိပ်စရေးအမာ၊ သို့မဟုတ် လှိုင်းတိုများမှာ အိပ်စရေးအပျော့၊ သို့မဟုတ် လှိုင်းရှည်များ ထက် အရာဝတ္ထုတို့ကို ပိုမို၍ ထိုးဖောက်နိုင်လေသည်။ လျှပ်စစ်ဓာတ်မခေါင်းမှ ထွက်လာသည့် အီလက်ထရွန်
တို့၏ အရှိန်မြန်လေလေ ထွက်ပေါ်လာသော အိပ်စရေးရောင် ခြည်တို့သည် သာ၍အားကောင်းလေလေဖြစ်သည်။ ထို့အတွက် လျှပ်စစ်ခေါင်းနှစ်ခုမှာ ဓာတ်အားခြားနားမှုများလေ ကောင်းလေ ဖြစ်သည့်အတိုင်း ယခုခေတ်သုံး အလွန်အားကောင်းသော အိပ်စ ရေးပြွန်တို့တွင် ဗို့အားသိန်းသန်းအထိရှိသော လျှပ်စစ်ဓာတ်အား ကို အသုံးပြုထားသည်ကို တွေ့ရသည်။ အချို့ အိပ်စရေးပြွန် တို့တွင် ဗို့အားတစ်သန်းပင် ကျော်ပေသေးသည်။