ရိုမေးနီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၆၇ -
 
==ပညာရေး==
၁၉၈၉ ခုနှစ် ရိုမေးနီးယား တော်လှန်ရေးနောက်ပိုင်းတွင် ရိုမေးနီးယား၏ ပညာရေးစနစ်သည် သိသာစွာ ပြောင်းလဲမှု ဖြစ်လာခဲ့ပြီး ချီးမွမ်းခြင်းနှင့် ဝေဖန်ခြင်း နှစ်မျိုးစလုံးကို ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သောပြဋ္ဌာန်းခဲ့သော ပညာရေး ဥပဒေအရ ပညာရေးစနစ်ကို ပညာရေး နှင့် သုတေသန ဝန်ကြီးဌာနမှ ထိန်းချုပ် ထားသည်။ အဆင့်တိုင်းတွင် ၎င်းတို့နှင့် သက်ဆိုင်သော အဖွဲ့အစည်း ရှိပြီး ဥပဒေ သီးသန့် ရှိသည်။ မူကြိုမှာ ကလေးငယ် အသက် ၃ နှစ်မှ ၇ နှစ် အထိ ဖြစ်ပြီး မတက်မနေရ မဟုတ်ပေ။ ကျောင်းနေသည့် အရွယ်မှာ ၇ နှစ်မစပြီး ၁၀ တန်းအထိ မတက်မနေရ တက်ရသည်။ မူလတန်းနှင့် အထက်တန်း ပညာရေးကို ၁၂ တန်း ပိုင်းခြား သတ်မှတ်ထားသည်။ အဆင့်မြင့် ပညာရေးမှာ ဥရောပ၏ အဆင့်မြင့် ပညာရေး နှင့် တန်းညှိထားသည်။
 
ရူမေးနီးယားတို့သည် ကျွမ်းကျင်သော ရက်ကန်းပညာရှင် များနှင့် သစ်ပန်းပုပညာရှင်များ ဖြစ်သည်။ မိမိတို့၏ လှပသော အမျိုးသားဝတ်စုံကို ရှေးအခါကနည်းတူ ရက်လုပ်သုံးစွဲလျက်ပင် ရှိ၏။ ဝတ်စုံများ၏ရောင်စုံအဆင်အသွေးနှင့် ပုံပန်းအချိုးအစား သည်လည်း လိုက်ဘက်လှ၏။ ရူမေးနီးယန်းတို့၏ စောင်၊ စားပွဲခင်း၊ ကော်ဇော စသော အိမ်သုံးအထည်များသည်လည်း အသွေးအရောင် အလွန်တောက်ပလေသည်။