ဇင်ဘာဘွေနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၁၆၉ -
 
=== တဘက်သတ်လွတ်လပ်ရေးကြေငြာခြင်း ===
ရိုဒီးရှား၌ ၁၉၆၄ ဧပြီ ၁၄ မှစ၍ ဝန်ကြီးချုပ်ဖြစ်လာသော အီယန်စမစ်သည် ရိုဒီးရှားလွတ်လပ်ရေးနှင့်ပတ်သက်၍ ဗြိတိန်၊ လန်ဒန်သို့ သွားပြီး ဗြိတိသျှဝန်ကြီးချုပ်များဖြစ်သော ဆာအလက် ဒေါက်ဂလပ်စ် ဟူးမ်နှင့် ထိုနှစ် စက်တင်ဘာ၌၊ ဟာရိုလ် ဝီလ်ဆင်နှင့် ၁၉၆၅ အောက်တိုဘာ၌ ဆွေးနွေးပွဲလုပ်သည်။ တဖန် ရိုဒီးရှားရှိ ဆောလ်စ်ဘာရီမြို့၌ ဗြိတိသျှဝန်ကြီးချုပ်၊ ဓနသဟာသအတွင်းရေးမှူး၊ နိုင်ငံတော်ရှေ့နေချုပ်တို့ သုံးဦးနှင့်လည်း အောက်တိုဘာလအတွင်း ညှိနှိုင်းခဲ့ပြီး ငါးရက်ခန့်အကြာ နိုဝင်ဘာ ၅ ၌ အရေးပေါ်အခြေအနေ ပြဌာန်းခဲ့သည်။ပြဋ္ဌာန်းခဲ့သည်။ နိုဝင်ဘာ ၁၁ ၌ ရိုဒီးရှားသည် ဗြိတိသျှလက်အောက်မှလွတ်မြောက်ကြောင်း အီယန်စမစ်က တဖက်သတ် လွတ်လပ်ရေးကြေငြာသည်။ သို့ဖြစ်၍ ဗြိတိသျှဘုရင်ခံက အီယန်စမစ်ဦးဆောင်သော လူဖြူအစိုးရအဖွဲ့ကို ထုတ်ပယ်ကြောင်း ကြေငြာလေသည်။ ဗြိတိန်ကလည်း တဖက်သက်လွတ်လပ်ရေးကြေငြာသော အပြုအမူကို တရားမဝင်ဟု ဆိုကာ အသိအမှတ်မပြုသော်လည်း အီယန်စမစ်အစိုးရသည် ပြည်တွင်းအုပ်ချုပ်ရေးအာဏာကို ဆက်လက်ချုပ်ကိုင်ထားနိုင်သည်။ နိုဝင်ဘာ ၂၀ ၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ရိုဒီးရှားအား စီးပွားရေးဖြတ်တောက်ကြရန် တိုက်တွန်းရာ တောင်အာဖရိကသမ္မတနိုင်ငံနှင့် ပေါ်တူဂီတို့မှအပ ကျန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက လိုက်နာသည်။ ဒီဇင်ဘာ ၁၇ ၌ ရေနံတင်ပို့ခြင်း ရပ်ရန် ကောင်စီက ထပ်တိုက်တွန်းသော်လည်း မိုဇမ်းဘစ်နှင့် တောင်အာဖရိကနိုင်ငံတို့က ရေနံနှင့် ဓာတ်ဆီ တင်ပို့ခဲ့ကြသည်။
 
ရိုဒီးရှားပြဿနာဖြေရှင်းရေးနှင့် ပတ်သက်၍ ဗြိတိန်ဝန်ကြီးချုပ် ဝီလ်ဆင်နှင့် ရိုဒီးရှားဝန်ကြီးချုပ် စမစ်တို့သည် ၁၉၆၁ ဒီဇင်ဘာ၌ ဗြိတိသျှပိုင် တိုင်းဝါးရေယာဉ်ပေါ်တွင် ၁၉၆၁ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုလျက် တရားဝင်လွတ်လပ်ရေးတွင် လိုအပ်သော အဆိုပြုချက်များကို ဆွေးနွေးရေးဆွဲကြသည်။ ၎င်းကို ဗြိတိန်အစိုးရက အတည်ပြုသော်လည်း စမစ်အစိုးရက ပယ်ချခဲ့သည်။ ၁၉၆၇ ၌ ရိုဒီးရှားနှင့် ဗြိတိန်တို့သည် ထိုအရေး၌ ထပ်မံစေ့စပ်သော်လည်း မအောင်မြင်။ ၁၉၆၈ အောက်တိုဘာ [[ဂျီဘရော်လ်တာ]]ရေလက်ကြားတွင် ဗြိတိသျှရေယာဉ် ဖီးယားလက်စ်ပေါ်၌ ထပ်မံဆွေးနွေးခဲ့သော်လည်း မအောင်မြင်ပြန်ချေ။ ထို့နောက်ရိုဒီးရှားအစိုးရက တိုင်းရင်းသားလူမည်းငါးဦးကို သေဒဏ်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ဗြိတိန်ဘုရင်မက လွတ်ငြိမ်းခွင့်ပေးရန် မေတ္တာရပ်သည်ကို မလိုက်လျောရာမှ ဗြိတိန်-ရိုဒီရှားဆက်ဆံရေး တင်းမာလာသည်။ ၁၉၆၉ ၌ လူဖြူလူနည်းစုအုပ်ချုပ်ရေးကို အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို စမစ်အစိုးရက ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြုပေးရန် ရိုဒီးရှားဥပဒေပြုလွှတ်တော်သို့ တင်သွင်းသည်။ ၎င်းတွင် ရိုဒီးရှားကို သမ္မတနိုင်ငံအဖြစ် ကြေငြာရန်၊ ဗြိတိန်နှင့် တရားဝင်အဆက်အသွယ်ဖြတ်ရန်တို့ ပါရှိသည်။