စာပေဗိမာန်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၄ -
==သမိုင်းကြောင်း==
[[File:Sarpay Beikman 01 .jpg|thumbnail|စာပေဗိမာန်အဖွဲ့၏ မူလအစ ရန်ကုန်မြို့ [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံ]]
မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် [[ဗိုလ်ချုပ်အောင်ဆန်း]]က ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မိန့်ကြားခဲ့သည်မှာ ၁၉၄၇-ခုနှစ်၊ ဩဂုတ်လ(၂၆)ရက်နေ့တွင် [[မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း|မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကြီး]] စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်းကြီးကို ၁၉၄၈-ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။ စာပေဗိမာန်အဖွဲ့သည်မူလက [[ပြည်လမ်း]] ဟံသာဝတီအဝိုင်းအနီးရှိ ဆိုရန်တိုဗီလာ အဆောက်အအုံတွင် တည်ရှိခဲ့သည်။ ၁၉၅၅-ခုနှစ်၊ မေလတွင် (၅၂၉-၅၃၁)[[ကုန်သည်လမ်း]] (လက်ရှိနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လတွင် စာပေဗိမာန် စာအုပ်အသင်းကို စတင်တည်ထောင်ခဲ့သည်။ ၁၉၆၅-ခုနှစ်တွင် စာပေဗိမာန်အုပ်ချုပ်ရေးအဖွဲ့ ဥပဒေကိုပြဌာန်းခဲ့သည်။ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ၁၉၇၂-ခုနှစ် မတ်လတွင် စနစ်သစ်အုပ်ချုပ်ရေးအရ ဗဟိုပုံနှိပ်တိုက်နှင့် ပေါင်းပြီး စာပေဗိမာန်သည်ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၏လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ စာပေဗိမာန်သည် ပြန်ကြားရေး ဝန်ကြီးဌာန၏မီဒီယာလုပ်ငန်းများတွင် ပုံနှိပ်မီဒီယာလက်ရုံးတစ်ခု ဖြစ်လာခဲ့သည်။ <ref>http://www.sarpaybeikman.gov.mm</ref>
 
==ရည်ရွယ်ချက် နှင့် ဖွဲ့စည်းပုံ==
စာကြောင်း ၂၂ -
၁၉၅၁ - ၅၂ တွင် နှစ်ငါးဆယ်စာစဉ်များကို ထုတ်ဝေခဲ့သည်။ ၁၉၅၂ တွင် [[ကျောင်းသုံးစာအုပ်]]များ ပြုစုထုတ်ဝေရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ ၁၉၅၂ တွင်ပင် စာပေဗိမာန် မဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။ ထိုမဂ္ဂဇင်းကိုပင် ၁၉၅၉ တွင် ရပ်ဆိုင်းပြီး မဂ္ဂဇင်းနေရာတွင် ပြည်သူ့လက်စွဲ စာစဉ်ကို အစားထိုးခဲ့၏။ ၁၉၅၉ မှာပင် လူထုသိပ္ပံကျမ်းကို (၉)တွဲ အထိ ထုတ်ဝေခဲ့သည်။ စာပေဗိမာန်သည် လူထုပညာရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသည်နှင့်အမျှ လုပ်ငန်းအသီးသီးကို ထိန်းသိမ်းအုပ်ချုပ်ရန် ဌာနခွဲများ တိုးချဲ့လာခဲ့သည်။ စာတည်းလုပ်ငန်း အရပ်ရပ်ကို ထိန်းသိမ်းရန် အတွက် စီမံကိန်းအဖွဲ့၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့၊ လူထုသိပ္ပံကျမ်း စီစဉ်ရေးအဖွဲ့၊ နိုင်ငံ သမိုင်းအကြံပေးအဖွဲ့၊ ကျောင်းသုံးစာအုပ်အဖွဲ့၊ မဂ္ဂဇင်းအဖွဲ့ စသည့်ပညာပိုင်း ဆိုင်ရာ အဖွဲ့များနှင့် လုပ်ငန်းပိုင်း ဆိုင်ရာ အဖွဲ့များ ဖြစ်သည်။ စာတည်းဌာန သုတေသန လုပ်ငန်းအတွက် ရည်ညွှန်းစာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ ဝေါဟာရ ဘာသာပြန် လုပ်ငန်းကိုလည်း လုပ်ခဲ့သည်။ ၁၉၄၉ မှစ၍ ‘စာပေဗိမာန်ဆု အမည်ဖြင့် စာပေဆုများ ချီးမြှင့်ခဲ့သည်။ ၁၉၅၃ မှစ၍ စာပေဗိမာန် ယဉ်ကျေးမှု ဟောပြောပွဲများလည်း လုပ်ခဲ့သည်။ ယဉ်ကျေးမှုကပွဲများလည်း လုပ်ခဲ့၏။ စာကြည့်တိုက်သင်တန်းနှင့် စာပုံနှိပ် သင်တန်းများကိုလည်း ဖွဲ့ခဲ့၏။ ၁၉၅၆ - ၅၇ မှစ၍ သတင်းစာသင်တန်းတစ်ခုကို လည်း ဖွင့်ခဲ့၏။ ၁၉၅၆ မှာပင် စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဖွင့်ခဲ့သည်။ ၁၉၆၀၊ ဇူလိုင်မှ စ၍ စာပေဗိမာန်စာအုပ်အသင်းကိုလည်း တည်ထောင်ခဲ့၏။
 
စာပေဗိမာန် (မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း) သည် ၁၉၆၃ ခုနှစ်အထိ အစိုးရဌာနများ၏ အထောက်အပံ့၊ နိုင်ငံခြားအသင်းအဖွဲ့များ၏ အထောက်အပံ့ဖြင့် ရပ်တည်ခဲ့သော အစိုးရဌာန မဟုတ်သည့် အသင်းအဖွဲ့ပုံစံလည်း မဟုတ်သည့် စာပေနှင်ယဉ်ကျေးမှု လုပ်ငန်းဌာနတစ်ခု အဖြစ် တည်ရှိခဲ့သည်။ ၁၉၆၃၊ ဩဂုတ်လ ၂၂ တွင် မူလ (စာပေဗိမာန်) မြန်မာနိုင်ငံ ဘာသာပြန်စာပေ အသင်းကို ပယ်ဖျက်ကာ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဟူသော အမည်ဖြင့် အက်ဥပဒေ ပြဌာန်း၍ပြဋ္ဌာန်း၍ အစိုးရ လက်အောက်ခံ ဌာနအဖြစ် သတ်မှတ်ခဲ့သည်။ ထိုအခါ စာပေဗိမာန်၏ လုပ်ငန်းများကိုလည်း ပိုင်းခြားသတ်မှတ်လိုက်သည်။ ထိုအသစ် ပြန်လည်ဖွဲ့စည်းသော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းများမှာ မြန်မာနိုင်ငံသား အားလုံး ဗဟုသုတ တိုးပွားရေးအတွက် နိုင်ငံခြားစာပေမှ ကောင်းနိုးရာရာများကို သုတေသနပြုရန်၊ စာအုပ်ပြုစုရန်နှင့် တိုင်းရင်းသား ဘာသာဖြင့် ပြန်လည်ထုတ်ဝေရန်၊ အစိုးရအသိအမှတ်ပြု [[ကျောင်းသုံးစာအုပ်]]များ ပုံနှိပ်ရန်၊ စာပေဆုပေးပွဲများ၊ စာပေနှီးနှောဖလှယ်ပွဲများ၊ စာပေဆိုင်ရာ ပြပွဲများ ကျင်းပရန် တို့ ဖြစ်လေသည်။
 
ထိုအစီအစဉ်များအရစာပေဆု(များ)အမျိုးမျိုးကို ချီးမြှင့်ခဲ့၏။ ကလေးစာပေ နှီးနှောဖလှယ်ပွဲ၊ သိပ္ပံစာပေနှီးနှောဖလှယ်ပွဲ၊ ပြဇာတ်စာပေနှီးနှောဖလှယ်ပွဲ၊ အတ္ထုပ္ပတ္တိစာပေ နှီးနှောဖလှယ်ပွဲ၊ သုတစာပေစာတမ်းဖတ်ပွဲ၊ ဂန္တဝင်စာပေ စာတမ်းဖတ်ပွဲ၊ ဇာတိမာန် စာပေစာတမ်းဖတ်ပွဲ စသော စာပေနှီးနှော ဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၈) ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။တင်သွင်းခဲ့သော စာတမ်းရှင်တို့၏ စာတမ်းများကို ပုံနှိပ်ထုတ်ဝေခဲ့ရာ သုတေသီတို့ အကိုးအထောက် ပြုကြရသော ကျမ်းများ ဖြစ်နေသည်။
 
စာပေဗိမာန်သည် မူလက အဖွဲ့အစည်းတစ်ခုမျှသာ ဖြစ်ရာ တော်လှန်ရေးကောင်စီ တာဝန်ယူပြီးနောက် ၁၉၆၃ ခုနှစ်တွင် စာပေဗိမာန် အဆောက်အအုံကို ပြည်သူပိုင်သိမ်းလိုက်ပြီး ဒုတိယဗိုလ်မှူးကြီးတင်ထွန်း၊ ဗိုလ်မှူးကိုလေး၊ ဦးထင်ကြီး(တက္ကသိုလ်ထင်ကြီး)တို့ ပါဝင်သော စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ အုပ်ချုပ်ရေးကိစ္စ အဝဝကို တာဝန်ယူစေသည်။ စာပေဗိမာန် အုပ်ချုပ်ရေး အဖွဲ့ ဥပဒေကိုလည်း ပြဌာန်းပေးသည်။ပြဋ္ဌာန်းပေးသည်။
 
စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ ဥပဒေအရ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးသည် အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်ပြီး စာပေဗိမာန် အုပ်ချုပ်ရေးမှူးသည် အဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို နောင်တွင် စာပေဗိမာန် အဖွဲ့ဟု ပြောင်းလဲ ခေါ်တွင်သည်။ စာပေဗိမာန် ဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပယ်ဖျက်ခဲ့သည်။ [[စာပေဗိမာန်]]၏ အုပ်ချုပ်ရေးမှူး ရာထူးကို ဒုတိယ အထွေထွေ မန်နေဂျာ၊ ညွှန်ကြားရေးမှူး (စာပေ)စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ယခုအခါ စာတည်းမှူးချုပ်ဟု သတ်မှတ်ခေါ်ဝေါ်သည်။