မြန်မာ ငွေစက္ကူ သမိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၆ -
အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ ထုတ်ဝေခဲ့သည်။ သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။
 
၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဌာန်းခဲ့ပြီးပြဋ္ဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်းငွေကြေး ထုတ်ဝေခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။
 
ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတ်ဝေခဲ့ပါသည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိပါသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိပါသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့ပါသည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတ်ဝေခဲ့ပါသည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့ပါသည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွေဖြင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့ပါသည်။