ပြည်မင်းသားအရေးတော်ပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြသနာ +ပြဿနာ, -ံံ +ံ, -သြ +ဩ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ံံ +ံ)
စာကြောင်း ၅ -
'''နိဒါန်းစသော မိဘုရားခေါင်တင်မြှောက်ပွဲ'''
 
ဘိုးတော်ဘုရားတော် နတ်ရွှာစံသော အခါ အိမ်ရှေ့စံဘကြီၤးတော်မင်း(စစ်ကိုင်းမင်းသား)သည် ၇.၆.၁၉တွင် အမရပူရ ထီးနန်းကို သိမ်းပိုက်ပြီး နန်းသိမ်းပွဲခံယူတော်မူသည်။နန်းတက်စ ထုံးစံ အတိုင်း စော်ဘွားနှင့် လက်အောက်ခံနယ်စား၊မြို့စား သစ္စာတော်ပေး၊ချီးမြှင့်သင့်သူတို့ကိုဆုလဘာ်တော် ပေးသနားချီးမြှင့်ပေးသနားတော်မူလေသည်။အခွန်ကင်းလွင့် ခွင့် အမိန့်ပြန်တမ်းများ ထုတ်ပြန်တော်မူသည်။သို့သော် မကျေနပ်သူတို့က ဒုနဲ့ဒေး ။အထူးသဖြင့်ဆွေတော် မျိူးတော် အသိုင်းဝိုင်းက မကျေနပ်မူက ပိုကြီးထွားနေသည်။မဆိုင်သူတွေက မြို့စားရွှာစားတွေ ဖြစ်နေပြန်သည်။အထူးသဖြင့် စလင်းမြို့ ပေးသနားတော် မူသော မောင်အိုအား မဟာ တော်ဝင်မင်းသားတို့ အဆောင်ယောင်အတိုင်း ချီးမြှင့် မြှောက်စားမူက ပိုပြီး မကျေနပ်ဖြစ်ကြသည်။စလင်းမင်းသားမောင်အိုမှာ မိဘုရားမယ်နု၏(မိဘုရားခေါင်မဖြစ်သေး) မောင် ဖြစ်သည်။ထို့ကြောင့် သာမာန်ကျေးတောသားဘဝမှ ရွှေမင်းသားကြီး အဖြစ်ကို ရကြလေပီ။ဒါကို ဆွေးမျိူးတော် အပိုင်းက လုပ်ရက်တော် မူလေခြင်းဟု ပြောဆိုကြသည်။ဘကြီးတော်မှာ လည်း ဒီ အရေးထက် မိဘုရားခေါင် တင်မြှောက်ရေးကို တွေးပူနေသည်။နတ်ရွှာစံ မင်းတရားကြီး ချ မှတ်ထားသော နန်းတက်သောအခါ ပန်းတောင် မင်းသမီးကို မိဘုရားခေါင် တင်မြှောက်ပီး ညီ တော် သာယာဝတီမင်းသားကို အိမ်ရှေ့စံ ထား၇မည် အမိန့်ကို လည်း မလွန်ဆန်ရဲ့သလို မိမိ ချစ်သော မယ်နုလည်း မိဘုရားခေါင်ကြီး ဖြစ်စေလိုသည်။ပန်တောင်းမင်းသမီးမှာ အသက် ၁၂ နှစ် သာရှိသေးသည် အပြင် မိဘုရားတို့တက်အပ် သော အရည်းအချင်းဘည်းမရှိသေးပေ။ထို့ကြောင် နန်းကိုသာ စွန့်မည် အချစ်ကိုတော့မစွန့်နိုင်သော ဘုရားကြီးတော် ဘုရား ပြတ်သားမူကြောင့် ၈.၁၁.၁၈၁၉ ခုနှစ် နန်းသိမ်းပွဲတွင် မိဘုရားခေါင် အဖြစ် မိဘုရားမယ်နုကိုတင်မြှောက်ပီး မြို့ပတ်ကာ မင်းခမ်းမင်းနားနဲ့ ထွက်တော်မူတယ်။ဒါကလည်း မလိုသူတွေ ရှေ့မတိုးအောင် တားမြစ်လိုက်ခြင်းဘဲ။နောက်ပီး စလင်းမင်းသားမောင်အို ကို ချီးမြှောက်တာနဲ့ပက်သက်ပီး ညီတော်သာယာဝတီမင်းသား၊နှမတော်တောင်တွင်းမင်းသမီးနှင့် ဘထွေးတော် တောင်ငူစားတို့က ကန့်ကွက်တော်မူတာကို စလင်းစားနဲ့ ပက်သက်လို့ဘကြီးတော်က နောက်ထပ် ထပ်မတင်ရလို့ အမိန်ချမှတ်လိုက်တယ်။ဆွေမျိူးတော်များဘက်က လည်း အသဲနာနေကြတယ် ။သာမာန်ကျေးလတ်သူ မယ်နုကို တောင်ဝင်မင်းမျိူးတွေက ခစားရ မှာကို မလိုလားကြတာပေါ့။ဒါကြောင့်ဘထွေးတော်တောင်ငူစားနဲ့ယောက်ခမ ပြည်စားတို့ ပုန်ကန်ခြားနားဖို့ ပြင်ဆင်လာတယ်။ဘကြီးတော်လည်း သိသိချင်း အရေးယူတော် မူတယ်။တောင်ငူစား ဘထွေးတော်အား မင်းမျိူးတို့ထုံစံ အတိုင်း ရေချ ကွက်မျက်ေ လသည်။ပြည်စားကား ယောက်ဖမ ဖြစ်တာကြောင့် တကြိမ် ခွင့်လွှတ်လိုက်ပီး ရာထူးချ လိုက်သည်။(စစ်ကိုင်းမင် သားတော် ညောင်ရမ်းမင်းသားကား ပြညိစား၏ မြေးဖြစ်သည်။)ဆွေးမျိူးတော် အသိုင်းဝိုင်းမှာ ဘကြီးတော်ကို ကျိတ်ပီး အပြင်တင်နေရုံ မှ တပါး ဘာမှ မတက်နိုင်ပေ။နောက်ပီး ဘထွေးတော် တောင်ငူစားကား ဒီ အရေးမှာ အသက်ပေးသွားရ သည်ကို မကျေ နပ်ကြပေ။ နန်းမတော် မယ်နုကား ထို အချိန်မှ စပီး အာဏကို ချူပ်ကိုင်ပီး တစတစ နှင့် ရွှေဘိုနွယ်တို့နှင့်အပြိုင် အင်းအားတိုးချဲ့ အသုံးချ တော့သည်။မိမိတို့နှင့် သင့်မြတ်သူများကို မြို့စားရွှာစားပေးသာနား အတွင်းကြိတ် လူစုနေသည်။ဒါကို အိမ်ရှေ့ သာယာစတီ မင်းသားမှာ သိမြင်ပီး မိမိ အကို စစ်ကိုူင်းမင်း အား ထိန်းသိမ်း သင့် ကြောင်း လျောက်ထားမူရာ ဘုရင် မှာလည်း မယားဘက်ကို သိသိသာသာ ပ်ါနေသဖြင့် စိတ်မကောင်ဖြစ်နေရသည်။နောက် နန်းမတော် ဘုရားနှင့် စလင်းမင်းသားတို့က လူစုကာ ဆွေတော်မျိူးတော်များအပေါ် နိင်ထက် စီးနင်း ပြုလုပ်လာသည်က တကြောင်း သာယာဝတီမင်းသားက ရှေ့ရေးကို တွေးကာ ကြိုတင်ပြင်ဆင်လာရသည်။ ဆွေမျိူးတော်များက လည်း အိမ်ရှေ့စံ သာယာဝတီမင်းသား ခေါင်းဆောင်တင် မြှောက်ကာ အုပ်စုဖွဲ့ကာ ရန်စောင် နေ ကြသည်။ဘကြီးတော် မင်းကား အချိန်ရှိချိန် တွင် ဝါသနာကြီးလှ သော မြင်းစီး၊ဆင်ဖမ်း ခြင်းနှင့် သာ အချိန်ကုန်သည်က များသည်။တိုင်ရေးပြည် ရေးကို ညီတော် သာယာဝတီမင်းသားနှင့်မှူးမတ်တို့က စီမံ ခိုင်းထားသည်။ အကြံကြီးသူ နန်းမတော် မယ်နုကား အာဏာ ကို အသုံးချကာ မိမိလူများအား အစွမ်းကုန် ရာထူးပေးသနားပီး အချိန်အခါ ကောင်းကိုစောင့်နေသည်။ စလင်းမင်းသားမောင်အို မှာ ဘုရင် ယောက်ဖ အရှိန်ဝါ နှင့်မင်းဆွေ မင်းမျိူးတို့ အပေါ် အာဏာပြကာ လက်စောင်းထက်နေသဖြင့် မင်းဆွေမင်းမျိူးတို့ကာ မလူပ်ဝံံမလူပ်ဝံ သာပေ။သို့သော် နန်းမတော်မယ်နုနှင့် စလင်းမင်းသားတို မှာ အိမ်ရှေ့စံသာယာဝတီ မင်းသာအပေါ်တော့ အာဏမပြရဲ့ပေ။သာယာဝတီ မင်းသားရဲ့ လက်ရုံးရည် နှင့်စွမ်းရည် ကို တော့ သိနှင့်အမ ျှ ချိူသာစွာ ဆက်ဆံပီး အချိူသတ်ထားသည်။ အတွင်းစိတ်မှာတော့ အပြုတ်တိုက်ရေးကို ဦးတည်နေသည်။စလင်းမင်းသားကလညိး တခြားမင်းဆွေ မင်းမျိူးတွေကို မလေးမစားလုပ်ရဲ သော်လည်း သာယာဝတီမင်းသားကိုတော့ လေးလေးစားပြုမူ၇သည်။ သို့သောါ မာန်ကတော့မချပေ။ သာယာဝတီ မင်းသားကလည်း သတိရှိရှိနှင့်ဆင်ခြင်နေပီ ကိုယ်ဘကိမလွန်အောင်ထိန်းထိန်း သိမ်း၂ အုပ်စီးတော်မူကာ စုစည်း ထားလေသည်။ မိမိအကိုတော်က အားမကိုးရသဖြင့် ကိုယ်ထူးကိုယ်ချွန် ရန်သာ ၇ှိတော့မဟုတ်ပေလား။သို့ကြောင့် ရွှေနန်းတော်အတွင်းမှာ နန်မးတော်မယ်နုတို့ အုပ်စုကား ဩဇာညောင်းလျက် ရှိပြီး ဆွေမျိူးတော် အုပ်စုကား အရှိန်ဝါ ကျဆင်းလျက် အာဏာချိန်ခွင်လျာကား တဖက်စောင်းနင်းဖြစ်နေသည်။နေပြည်တော်အနှ့ မှာ တဘောင်တွေ ပေါ်ပေါကလာတယ်။မြန်မာတို့ အတိတ် တဘောင် နှမိတ် တို့ကို လွန်စွာ ယုံကြည်တော်မူတာကြောင့် နားစွင့်ပီး ဘုရင့် ထံ လျောက်တင်ရတယ်။
 
==မြို့တော် ပြောင်းချိန်==