ဝေါ်လတာ ချစ်ထွန်း: တည်းဖြတ်မှု မူကွဲများ

infobox
Proper introduction is added.
 
စာကြောင်း ၁၄ -
| image = walterchittun.jpg
}}
'''ဝေါ်လတာချစ်ထွန်း''' (၁၈၉၈ – ၁၉၄၇) သည် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦး ဖြစ်ပြီး [[မြန်မာ့ ပထမဆုံးများ|မြန်မာ့ပထမဆုံး]] ကိုယ်ကာယအလှ ဖော်ထုတ်သူ ဖြစ်သည့်အပြင်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦးလည်းဖြစ်သည်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းလှပအောင် ကာယဗလလိုက်စား လေ့ကျင့်သည့်ဖက်၌ မြန်မာနိုင်ငံတွင် ရှေးဦးစွာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်မှာ '''ဝေါ်လတာချစ်ထွန်း'''ပင်ဝေါ်လတာချစ်ထွန်းပင် ဖြစ်သည်။ ကာယဗလ လေ့ကျင့်သော ပုဂ္ဂိုလ်များမှာ ရှေးကမြန်မာနိုင်ငံတွင် နည်းပါးလှသည်။ ဝေါ်လတာချစ်ထွန်းမှာ ဤသို့လေ့ကျင့်ခြင်းဖြင့် ကိုယ်ကာယအနေအထား လှပသောကြောင့် အထူးထင်ရှားခဲ့သည်။
 
== ကိုယ်ရေးဖြစ်စဉ် ==
ဝေါ်လတာချစ်ထွန်းကို ၁၈၉၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် [[မော်လမြိုင်မြို့]]၌ အဖဆရာဝန်ကြီး ဦးချစ်ထွန်းနှင့် အမိဒေါ်သိန်းငွေတို့မှ ဖွားမြင်စည်။ [[မွန်လူမျိုး|မွန်အမျိုးသား]]ဖြစ်၍ ခရစ်ယာန်အယူဝါဒကို ကိုးကွယ်ကာ အမည်ကိုလည်း ဝေါ်လတာချစ်ထွန်းဟု ဖခင်အမည်ကို လိုက်၍ ခေါ်တွင်ခဲ့သည်။ ငယ်စဉ်က ရန်ကုန် စိန့်ပေါကျောင်းနှင့် [[ရန်ကုန်တက္ကသိုလ်]]၊ ကာလကတ္တားများတွင် ပညာသင်ကြားပြီးနောက် ဆေးပညာကို ကာလကတ္တားတွင် သင်ယူတတ်မြောက်ခဲ့သည်။ စိတ်နှင့်ဆိုင်သော ရောဂါများကို အထူးကုသနိုင်၍ ရန်ကုန်မြို့ တံတားကလေး စိတ္တဇဆေးရုံ၌ ဆရာဝန်အဖြစ်နှင့် အမှုထမ်းခဲ့သည်။
 
Line ၂၄ ⟶ ၂၅:
ကိုယ်ကာယလှပသဖြင့် မြန်မာရုပ်ရှင်များ ခေတ်စားစ အခါက 'ပန်းပဲမောင်တင့်တယ်'ဇာတ်ကားတွင် မောင်တင့်တယ် အဖြစ် ပါဝင်ရိုက်ကူးခဲ့ရသည်။ မြန်မာလူမျိုးထဲမှ ကာယဗလ တောင့်တင်းသန်မာရေးကို စတင်မျက်စိဖွင့်ပေးခဲ့သူ ကျေးဇူးရှင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။
 
== ဘဝနိဂုံး ==
၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မော်တော်ဆိုင်ကယ် စီးသွားစဉ် မတော်တဆ မော်တော်ကား တိုက်မိ၍ ထိုဒဏ်ရာဖြင့် ကွယ်လွန်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>