ဆီစီဖက်: တည်းဖြတ်မှု မူကွဲများ

"ဆီစီဖက် ({{lang-grc|Σίσυ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ဆီစီဖက် ({{lang-grc|ΣίσυΦος, Sίsyphos}}) ဂရိဒဏ္ဍာရီလာ[[ဂရိ]]ဒဏ္ဍာရီလာ အီဖျာအက်ဖီရာ (Ephyra) ဘုရင် ဖြစ်သည်။ ထပ်တလဲလဲ လိမ်လည်မှုကြောင့် ကြီးမားသော ကျောက်တုံးကြီးကို တောင်ပေါ်သို့ တွန်းတင်ရန် အပြစ်ပေးခံရသည်။ ထိုကျောက်တုံးသည် တောင်ထိပ်မရောက်မီ ပြန်ကျမည်ဖြစ်ပြီး တောင်ထိပ်သို့ရောက်အောင် အမြဲတမ်း တွန်းတင်နေရဦးမည် ဖြစ်သည်။
 
== ဒဏ္ဍာရီ ==
စာကြောင်း ၈ -
သေမင်းတမန် သန်နာတော့ (Thanatos) လာခေါ်သည်။ သံကြိုး မည်သို့အလုပ်လုပ်သည် သိလိုကြောင်း သန်နာတော့ကို ညာမေးပြီး သန်နာတော့ကို သံကြိုးခတ်ကာ အကျဉ်းချထားလိုက်သည်။ သန်နာတော့ပင် သေရွာမခေါ်နိုင်သည့်လူ ရှိလာပြီဟု အုံးအုံးကျွတ်ကျွတ် ဖြစ်လာကြရာ စစ်နတ်ဘုရား အေရိ (Ares) ကြားဝင်လာသည်။ သန်နာတော့ကို လွှတ်ပေးပြီး ဆီစီဖက်ကို သန်နာတော့လက် အပ်သည်။
 
အဝတ်မဲ့ အသေကောင်ကို လူလယ်ခေါင်၌ ပစ်ထားရန် သူ့ဇနီးအား ဆီစီဖက်က မသေခင် မှာသည်။ သူ့ဇနီးက မှာသည့်အတိုင်း လုပ်သည်။ ဆီစီဖက် စတစ် (Styx) မြစ်ကမ်းဘေးသို့ ရောက်သော် အောက်ဘုံမှ သခင်မ ပါစီဖုန်းပါစစ်ဖနီ (Persephone) ကို အသေလောင်းအား ထိုသို့ ပစ်ထားခြင်းမှာ မလေးစားရာ ရောက်ကြောင်း၊ မြေကမ္ဘာသို့ ပြန်ကာ သူ့ဇနီးအား ဆူပူဆုံးမလိုကြောင်း ပြောသည်။ သို့ဖြင့် မြေပေါ်သို့ ပြန်ရောက်လာသည်။ သူ့ဇနီးအား ဆူပူပြီးသော်လည်း အောက်ဘုံသို့ ပြန်မသွားလိုကြောင်း ငြင်းသဖြင့် အောက်ဘုံသခင် ဟားမိအားမိစ် (Hermes) က အတင်းဆွဲခေါ်ရသည်။
 
ဇုက ဆီစီဖက်၏ အကြိမ်ကြိမ်လှည့်ဖျားမှုကို အပြစ်ပေးသည့်အနေဖြင့် ကျောက်တုံးကြီးကို မတ်စောက်သော တောင်ကုန်းထိပ်သို့ တွန်းတင်ရန် အပြစ်ပေးခံရသည်။ ထိပ်မရောက်ခင်တွင် ထိုကျောက်တုံးသည် ပြန်ကျမည်ဖြစ်ပြီး ထပ်၍ တွန်းတင်ရဦးမည် ဖြစ်သည်။ ထို့ကြောင့် အချိန်ကြာကြာ ထပ်ကာထပ်ကာလုပ်ရသော၊ ဦးတည်ချက်ပျောက်နေသော အလုပ်မျိုးကို ဆီစီဖက်အလုပ်ဟု ညွှန်းကြသည်။