အရင်းအနှီး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂ -
 
အရင်းအနှီးဆိုသည်မှာ "ဝင်ငွေမျှော်မှန်းနိုင်သည့် [[စတော့ခ်]]တစိတ်တပိုင်း" ဟု [[အဒမ်စမစ်သ်]]က အဓိပ္ပာယ်သတ်မှတ်သည်။ "စတော့ခ်" ဟူသည့်အသုံးအနှုန်းမှာ သစ်ငုတ် သို့မဟုတ် ပင်စည်ဟူသည့် ရှေးအင်္ဂလိပ်စကားမှ ဆင်းသက်လာသည်။ အနည်းဆုံး ၁၅၁၀ ခုနှစ်မှစတင်၍ လယ်ယာမြေပေါ်ရှိ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းအားလုံးအဖြစ် ရည်ညွှန်းသုံးနှုန်းလာခဲ့သည်။<ref>{{ cite web | url = http://www.etymonline.com/index.php?term=stock | title = Online Etymology Dictionary | publisher=Online Etymology Dictionary |accessdate=14 December 2014}}</ref>
 
ရင်းနှီးကုန် သို့မဟုတ် မတည်အရင်းအနှီး ဆိုသည်မှာ ကုန်ချော ၊ တာရှည်ခံကုန် သို့မဟုတ် ထုတ်ကုန် နှင့် ဝန်ဆောင်မှုပြုရာတွင် အသုံးပြုသည့် ငွေမှတပါး အခြားအရင်းအနှီး ဖြစ်သည်။
 
မတည်အရင်းအနှီးသည် လူလုပ်အားဖြင့်မြှင့်တင်နိုင်သည့် မြေရာ (သို့မဟုတ် ပြန်လည်အသုံးမပြုနိုင်သော ရင်းမြစ်များ) နှင့်မတူ ကွဲပြားသည်။ ရုပ်ဝတ္တုအရင်းအနှီးကို မတည်စတော့ခ်ဟု ညွှန်းဆိုလေ့ရှိသည်။ (လုပ်ငန်းဆိုင်ရာ မတည်စတော့ခ်နှင့် မရောထွေးရန်လိုသည်)
 
ထုတ်လုပ်မှုဖြစ်စဉ်အတွက် သွင်းကုန်ဖြစ်သည်။ ပြန်လည်ရောင်းချနိုင်သော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့်အတွက် အိမ်ရာနှင့် ကိုယ်ပိုင်သုံးယာဉ်များကို မတည်အရင်းအနှီးဟု သတ်မှတ်ခြင်း မရှိဘဲ တာရှည်ခံကုန်အဖြစ်သာ သတ်မှတ်သည်။
 
မာ့ခ်ရှန်း[[နိုင်ငံရေးဘောဂဗေဒ]]၌ မတည်ငွေဆိုသည်မှာ အမြတ်အစွန်းရစေရန် ပြန်လည်ရောင်းချနိုင်မည့် ပစ္စည်းကို ဝယ်ယူသုံးစွဲသည့် ငွေကြေးကို ဆိုလိုသည်။ စီးပွါးရေးသံသရာဖြစ်စဉ်တွင်သာ မတည်အရင်းအနှီး (လုပ်ငန်း လည်ပတ်မှုမှ ရရှိသော ကြွယ်ဝမှု) ရှိပြီး မတည်အရင်းအနှီးသည် [[အရင်းရှင်ဝါဒ|အရင်းရှင်စီးပွါးရေး စနစ်]]၏ အခြေခံဖြစ်သည်ဟု [[ကားလ် မာ့ခ်|မာ့စ်]]ကယူဆသည်။ ခေတ်ပေါ်ဘောဂဗေဒတွင်မူ ယင်းမတည်အရင်းအနှီး အမျိုးအစား ကို မတည်ရင်းနှီးငွေဟု ညွှန်းဆိုပြီး မတည်ကုန်နှင့်ကွဲပြားသည်။
 
သမရိုးကျ သို့မဟုတ် ကျမ်းရိုးဘောဂဗေဒက ကုန်ထုတ်လုပ်မှုဖြစ်စဉ်၏ အစိတ်အပိုင်း (အခြားအစိတ်အပိုင်းများ - မြေရာ နှင့် လုပ်အား) ဟု အသိအမှတ်ပြုသည်။ ထုတ်လုပ်ရေး၏ အခြားသွင်းကုန်များကို ကျမ်းရိုးဘောဂဗေဒတွင် မရွှေ့ပြောင်းနိုင်သောပစ္စည်းများဟု ခေါ်ဆိုပြီး အဖွဲ့အစည်း ၊ စွန့်ဦးတီထွင်မှု ၊ အကြားအမြင်သုတ ၊ နာမည်ကောင်း ၊ စီမံခန့်ခွဲမှု (အချို့က အရည်အချင်း ၊ လူမှုအရင်းအနှီး သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာအရင်းအနှီးဟု သရုပ်ဖော်သည်)
 
ကုန်ထုတ်လုပ်မှု၏ အစိတ်အပိုင်းမှာ -
 
* ကုန်ကြမ်း သို့မဟုတ် ကြားခံကုန်များကဲ့သို့မဟုတ်ဘဲ ကုန်ထုတ်လုပ်မှုဖြစ်စဉ်တွင် ချက်ချင်းအသုံးမပြုသော ကုန်ပစ္စည်းများ။ (ခြွင်းချက်မှာ တန်ဖိုးလျော့ခွင့်ပြုငွေ ဖြစ်ပြီး ကြားခံကုန်များနှင့်အလားတူ လုပ်ငန်း အသုံးစရိတ်အဖြစ် သတ်မှတ်သည်။)
* ထုတ်လုပ်နိုင်သော သို့မဟုတ် ပွါးစီးနိုင်သော ကုန်ပစ္စည်းများ (မြေရာ နှင့် ပြန်လည်အသုံးမပြုနိုင်သော ရင်းမြစ်များ)
 
== ကိုးကား ==