"မိုးကုတ်မြို့" ၏ တည်းဖြတ်မှု မူကွဲများ

၁၉၃၆ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
အရေးမကြီး
ce
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် Android app edit
အရေးမကြီး (ce)
== ပထဝီဝင် ==
=== တည်နေရာ ===
မိုးကုတ်မြို့သည် မြောက်လတ္တီကျု့ ၂၂-ဒီဂရီ ၅၀-မိနစ်နှင့် ၂၃-ဒီဂရီ ၃၀-မိနစ်ကြား၊ အရှေ့လောင်ဂျီကျု့ ၉၆-ဒီဂရီ ၁၁-မိနစ်နှင့် ၉၆-ဒီဂရီ ၄၅-မိနစ်ကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ အရှေ့နှင့်အနောက် မိုင်(၃၀)၊ တောင်နှင့်မြောက် (၁၅.၁၂)မိုင်ရှိပြီး ဧရိယာစုစုပေါင်း (၄၅၀.၆၀) စတုရန်းမိုင် ရှိပါသည်။ရှိသည်။ မိုးကုတ်မြို့သည် [[ရှမ်းပြည်နယ်]]မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက်တွင် [[မိုးမိတ်မြို့နယ်]]၊ တောင်ဖက်တွင် [[ကျောက်မဲမြို့နယ်]]၊ အနောက်ဖက်တွင် [[သပိတ်ကျင်းမြို့နယ်]]တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် [[ဧရာဝတီမြစ်]]၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။
 
=== ရာသီဥတု ===
အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ရှိသောကြောင့် သမနွေးစွတ်စိုသော ရာသီဥတုကိုရာသီဥတု ခံစားရပါသည်။ မိုးကုတ်မြို့မှာရှိသည်။ တောင်ပေါ်ဒေသဖြစ်၍ အေးမြသော ရာသီဥတုရှိကာ အမြင့်ဆုံးအပူချိန် ၉၅.၄ဒီဂရီ ဖာရင်ဟိုက်နှင့် အနိမ့်ဆုံးအပူချိန် ၃၀.၂ဒီဂရီ ဖာရင်ဟိုက် ရှိပါသည်။ရှိသည်။ ပုံမှန်မိုးရေချိန်မှာ (၁၀၇.၅၈)လက်မ ဖြစ်ပြီး ပုံမှန်မိုးရွာရက်မှာ (၁၃၅.၇)ရက် ဖြစ်ပါသည်။ဖြစ်သည်။ လေတိုက်နှုန်းမှာ ပုံမှန်အားဖြင့် အနောက်တောင်ဘက်မှ တစ်နာရီလျှင် တစ်မိုင်မှ ငါးမိုင်ခန့်အထိ တိုက်ခတ်လေ့ရှိပြီး ရာသီဥတုဆိုးရွားသော အချိန်များ၌ မြောက်ဘက်၊ အရှေ့မြောက်ဘက်နှင့် အနောက်တောင်ဘက်များမှ တစ်နာရီလျှင် (၂၅)မိုင်ထိ တိုက်ခတ်လေ့ရှိပါသည်။ တောများဖုံးလွှမ်းလျက်ရှိသော တောင်များဖြင့် ဝန်းရံလျက်ရှိသောကြောင့် မိုးကုတ်မြို့ ပတ်ဝန်းကျင်ရှုခင်းမှာ သာယာပေသည်။ တောင်ကုန်းမြင့်ပေါ် တွင် တည်ရှိသဖြင့် အခြား မြေပြန့်ဒေသများထက် အေးသော ဥတုရှိသည်။ ဆောင်းရာသီတွင် ဖာရင်ဟိုက် ၃၇ ဒီဂရီအထိပင် ကျဆင်းတတ်သည်။တိုက်ခတ်လေ့ရှိသည်။ မိုးကုတ်မြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ကွာတွင်ရှိသော ဗားနဒ်မြို့မှာ ပို၍ မြင့်သောကြောင့် ပို၍ပင် အေးသေးသည်။
 
=== မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း ===
 
== လမ်းပန်းဆက်သွယ်ရေး ==
အဓိက လမ်းပန်းဆက်သွယ်ရေးမှာ ကားလမ်းဖြစ်ပြီး ရေလမ်း၊ မီးရထားလမ်း၊ လေကြောင်းလမ်းများ မရှိပေ။ မိုးကုတ်မြို့သည် ကားလမ်းဖြင့် အရှေ့တောင်ဘက်တွင် [[မိုင်းလုံမြို့]]နှင့် (၂၁)မိုင်၊ မြောက်ဘက်တွင် [[မိုးမိတ်မြို့]]နှင့် (၂၈)မိုင်၊ အနောက်ဖက်တွင် [[သပိတ်ကျင်းမြို့]]နှင့် (၆၀)မိုင်၊ [[မန္တလေးမြို့]]နှင့် (၁၂၈)မိုင် အသီးသီး ကွာဝေးပါသည်။ မိုးကုတ်-ကျောက်မဲလမ်းသည် မိုးကုတ်မှ အရှေ့တောင်ဘက် (၇၉)မိုင် ကွာဝေးပြီး [[ဒုတိယကမ္ဘာစစ်]] မတိုင်မှီက အထူးအသုံးပြုခဲ့လေသည်။ မိုးကုတ်-သပိတ်ကျင်းလမ်းတွင် စရပ်ဖြူပေမြင့်စခန်းမှာ ပေ ၄,၈၁ဝ အမြင့်ရှိ၍ ထိုနေရာတွင် သပိတ်ကျင်းနှင့် မိုးကုတ်မြို့နယ်တို့၏ နယ်နိမိတ်ကို ကျော်ဖြတ်သည်။ ထိုတောင်ထိပ်မှ နေ၍ ကြည့်လျှင် ဧရာဝတီမြစ်ကိုမြင်ရပေသည်။ ပေ ၄,၅ဝဝ အမြင့်တွင်ရှိသော ကျပ်ပြင်မှသည် မိုးကုတ်မြို့ ရောက်သည် အထိ ပေ ၇ဝဝ မျှ တောက်လျှောက်လျှော၍ ဆင်းသွားရပေသည်။ ယခုအခါ မိုးမိတ်လမ်းမှာ [[ဗန်းမော်]]သို့ပင် ပေါက်ပြီဖြစ်၍ ဗန်းမော်မှတစ်ဆင့် [[မြစ်ကြီးနား]]သို့တိုင်အောင် မော်တော်ကားဖြင့် သွားနိုင်ပေပြီ။သွားနိုင်သည်။ မိုးကုတ်မှ ၇၆ မိုင်ကွာဝေးသော [[ကျောက်မဲမြို့]]သို့လည်း ကားလမ်းပေါက်သည်။
 
== သစ်တော ==
တစ်မြို့နယ်လုံးရှိ မြေဧရိယာမှာ (၂၉၀၃၀၅)ဧကရှိပြီး သစ်တောကြိုးဝိုင်းအနေဖြင့် မိုးကုတ်ကြိုးဝိုင်း (၇၅၉)ဧက၊ ကျပ်ပြင်ကြိုးဝိုင်း (၁၂၈၆)ဧက၊ အုန်းကိုင်းကြိုးဝိုင်း (၄၈၁၅)ဧက၊ ကသည်းကြိုးဝိုင်း (၁၉၈၇)ဧက၊ ရွာသာယာကြိုးဝိုင်း (၆၁၄၄)ဧက၊ ရွှေဥဒေါင်းဘေးမဲ့ကြိုးဝိုင်း (၁၀၈၅၂)ဧက၊ နမ့်ပန်သဲနီ တိုးချဲ့ကြိုးဝိုင်း (၂၁၁၂၀)ဧက၊ နန်းဝ တိုးချဲ့ကြိုးဝိုင်း (၁၀၄၄၀)ဧကနှင့် ကြိုးပြင်တော (၂၅၃၄၀)ဧက ဖြစ်သည်။ သတ္ထုတွင်းမြေမှာ (၆၁၂)ဧက ဖြစ်သည်။
 
== လူမှုရေး ==
မိုးကုတ်မြို့တွင် သာရေး-နာရေး လူမှုကိစ္စများအတွက် ရပ်ကွက်တိုင်းတွင် ဧည့်ခံအဖွဲ့၊ ထမင်းကျွေးအဖွဲ့၊ လူပျို၊ အပျို စသဖြင့်အဖွဲ့များ ဖွဲ့ကာ တက်ညီလက်ညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့သည့်အခါ စားပြီးပြီလား ဟု နှုတ်ဆက်လေ့ရှိကြသည်။ တစ်ဦးက ထွက်ခွာသွားသည့်အခါတွင် ကျန် တစ်ဦးက ဖြေးဖြေးနော် ဟု နှုတ်ဆက်လေ့ရှိကြသည်။
 
== ဘာသာရေး ==
မိုးကုတ်မြို့တွင် နေထိုင်ကြသော ဗမာ၊ ရှမ်းနှင့် ပလောင်လူမျိုး အများစုမှာ [[ဗုဒ္ဓဘာသာ]]ဝင်များ ဖြစ်ကြသည်။ မိုးကုတ်မြို့နယ်အတွင်းတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းပေါင်း (၂၅၀)ခန့် ရှိရာ လူဦးရေနှင့် နှိုင်းယှဉ်လျှင် လူ(၈၀၀)တွင် ဘုန်းကြီးကျောင်း (၁)ကျောင်းနှုန်း ရှိသည်။ မိုးကုတ်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အများစုမှာ လီဆူဘုရားရှိခိုးကျောင်းများ ဖြစ်ကြသည်။ [[ဂေါ်ရခါးလူမျိုး|ဂေါ်ရခါး]]လူမျိုးများမှာ ဗုဒ္ဓဘာသာနှင့် [[ဟိန္ဒူဘာသာ]] များကို ကိုးကွယ်ကြပါသည်။ကိုးကွယ်ကြသည်။ မိုးကုတ်မြို့တွင် မွတ်စလင်ဗလီ သုံးခု ရှိပါသည်။ တရုတ်ဘုရားကျောင်းများလည်း သီးသန့်ရှိသည်။ တရုတ်ဘုရားကျောင်းများမှာ လယ်ဦး ရပ်ရှိ ငါးပါးသီလ ဘုံကျောင်းနှင့် အောင်ချမ်းသာ ရပ် ရှိ ဘုရားတစ်ထောင် ဘုံကျောင်းတို့ ဖြစ်ပါသည်။ဖြစ်သည်။ မိုးကုတ်မြို့တွင်ရှိသော ဘုရားများအနက် ထင်ရှားသည်ကား ပုဂံပြည် [[အလောင်းစည်သူ]]မင်း တည်ခဲ့သော ဖောင်တော်ဦးဘုရား ရွှေဆင်းတုရုပ်ပွားတော်ကြီးရွှေဆင်းတုရုပ်ပွားတော်ကြီးသည် ဖြစ်ပေသည်။ထင်ရှားသည်။
 
== '''သမိုင်းကြောင်း''' ==
“ကိတ်၊"ကိတ်၊ နဂါး၊ ကြွက် သုံးဖော်ယှက်၊ ကျောက်မျက်ရတနာပေါ်ထွက်လာ ဂန္ဓာလတိုင်း၊ သမိုင်းပွင့်ဆန်း၊ ပင်သဖန်းဟု၊ မော်ကွန်းထိုးထုတ်၊ မြို့မိုးကုတ်” မြို့မိုးကုတ်"ဟူသော ရှေးဟောင်းတပေါင်အရ ကိတ်သည် ၉၊ နဂါးသည် ၇၊ ကြွက်သည် ၅၊ ၎င်းကိုပြောင်းပြန်ယူသော် ၅၇၉ ဖြစ်ပြီး ထိုနှစ်တွင် သဖန်းပင်ရွာကို အရင်းတည်ပြီးမှ မိုးကုတ်မြို့ကို ဆက်လက်တည်ခြင်းဖြစ်ကြောင်း သိရသည်။ မိုးကုတ်သမိုင်းများစွာ၏ အဆိုအရ မြန်မာသက္ကရာဇ် ၅၇၉ ခုနှစ် မိုးမိတ်စော်ဘွားကြီး သိုဟန်ဖက်လက်ထက်တွင် သူ၏ပိုင်နက်ဖြစ်သော ယခုမိုးကုတ်မြို့ဖြစ်လာမည့်နေရာသို့ ရှမ်းမုဆိုးသုံးယောက်သည် တောလည်ထွက်ရင်း မျက်စေ့လည်လမ်းမှားကာ ရောက်ရှိလာပါသည်။ရောက်ရှိလာသည်။ မိုးလည်းချုပ်သွားပြီဖြစ်သဖြင့် လမ်းစရှာမရတော့ဘဲ တောတောင်ခြေရင်းတစ်ခုရှိ သဖန်းပင်ကြီးတစ်ပင်အောက်တွင် အိပ်လိုက်ရပါသည်။အိပ်လိုက်ရသည်။ နံနက်မိုးသောက်ချိန်ရောက်သော် အနီးရှိပြိုကျနေသော တောင်စောင်းတစ်ခုပေါ်တွင် ကောင်းကင်ယံမှ ကျီးများ၊ စွန်များ ပျံဝဲဟစ်အော်နေကြောင်းတွေ့ရပါသည်။ ထို့ကြောင့်ပျံဝဲဟစ်အော်နေကြောင်းတွေ့ရသဖြင့် ထူးခြားသည်ဆိုပြီးသွားရောက်ကြည့်ရှုရာသွားရောက်ကြည့်ရှုရာ အသားတစ်ပမာနီမြန်းနေသည့် ပတ္တမြားကျောက်အနီများကို တွေရှိရသဖြင့် ယူဆောင်ခဲ့ပြီး မိမိတို့ အရှင်သခင်စော်ဘွားကြီးကို ဆက်သခဲ့ကြပါသည်။ဆက်သခဲ့ကြသည်။ စော်ဘွားကြီးကလည်း ဆက်သလာသော ပတ္တမြားကျောက်နီများကို လက်ခံယူပြီး တန်ဖိုးရှိမှန်းသိသောကြောင့် ထိုနေရာအားလိုက်လံပြသခိုင်းပြီး ထိုနေရာကို စောင့်ရှောက်စေခဲ့ပါသည်။စောင့်ရှောက်စေခဲ့သည်။ ထိုပတ္တမြားမြေကို စောင့်ရှောက်ရန် တာဝန်ကျသူများက သဖန်းပင်ကြီးအနီးတွင် ရွာတည်ပြီးနေသည်မှစကာ သဖန်းပင်ရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါသည်။အမည်တွင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အချို့မိုးကုတ်သမိုင်းစာအုပ်များတွင် မိုးကုတ်အစ သဖန်းပင်ကဟု လည်းရေးသားဖော်ပြခဲ့ပါသည်။လည်းရေးသားဖော်ပြခဲ့ကြသည်။ သဖန်းပင်ရွာတွင် ပတ္တမြားတွင်းများကို စောင့်ရှောက်တာဝန်ယူရသော ရှမ်းလူမျိုးများ တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းတွင် တိုးချဲ့နေထိုင်လာခြင်း၊ လယ်ယာစိုက်ပျိုးလုပ်ကိုင်ခြင်းမှနေပြီး နောင်တွင် မိုးကုတ်မြို့ဟု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ဖြစ်သည်။<ref>မောင်ထွန်းဦး ၏ (ကမ္ဘာကသိတဲ့ ပတ္တမြားမြေ) </ref>
 
မိုးကုတ်မြို့ကို သက္ကရာဇ် ၅၇၉ ခုနှစ်တွင် တည်သည် ဟုဆို၏။ ထိုစဉ်က မိုးမိတ်စော်ဘွားများ၏ လက်အောက်ခံ ဖြစ်ခဲ့သည်။ ထိုနောက်တွင်ကား မြန်မာဘုရင်များက ပိုင်သည့် အခါပိုင်ခဲ့၍၊ မိုးမိတ်စော်ဘွားများ၏ လက်တွင် တည်မြဲသည့် အခါ တည်မြဲခဲ့လေသည်။ သာလွန်မင်းလက်ထက်တွင် ရှမ်းတို့ မိုးကုတ်နယ်မြေကို လက်လွှတ်ရပြန်သည်။ မင်းတုန်းမင်း လက်ထက်တွင် မိုးကုတ်မှ ပတ္တမြားတို့ကို တူးဖော်ပြီးလျှင် အနောက်နိုင်ငံသားများနှင့် အရောင်းအဝယ် ပြုသည်။ သီပေါမင်းလက်ထက်တွင် ပြင်သစ်တို့သည် မိုးကုတ်၌ ပတ္တမြားတူးဖော်လုပ်ကိုင်ခွင့် တောင်းဆိုရာ သဘောတူခွင့်ပြုချက်ရသည်တွင် အင်္ဂလိပ်တို့သည် ပြင်သစ်တို့ ခြယ်လှယ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ ခရစ် ၁၈၈၆ ခုနှစ်တွင် အင်္ဂလိပ်တပ်များ မိုးကုတ်မြို့ သို့ ချီတက်လာစဉ် မိုးကုတ်မြို့သား ဗိုလ်သာစီနှင့် ဗိုလ်ရွတ်တို့ဦးဆောင်ကာ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက် ကြသေး၏။
 
== အမည်ရင်းမြစ် ==
မိုးကုတ်ဟူသော အမည်သည် မြို့အေးဟု အဓိပ္ပာယ်ရ သော [[ရှမ်းဘာသာစကား|ရှမ်းစကား]] ''{{shn|မိူင်းၵုတ်ႈ}}'' မိုင်းကုတ်မှ ရွေ့လျောလာသည်ဟူ၍ လည်းကောင်း၊ မြို့ခမောက်၊ မြို့ဒယ်အိုးဟု အဓိပ္ပာယ်ရသော ရှမ်းစကား မိုင်းကွတ်မှ ရွေ့လျောလာသည်ဟူ၍လည်းကောင်း ယူဆကြသည်။
 
=== မိန်းကု ===