ရှေးဟောင်းသုတေသနပညာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
Reverted 1 edit by Hlaingmoeko (talk): Not related linking. (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
 
စာကြောင်း ၁ -
[[File:archaeology.rome.arp.jpg|thumb|300px|right|[[အီတလီ]]ရှိ ရှေးခေတ်[[ရောမ]]မှ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှ အကြွင်းအကျန်များကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော်၍ မြေပုံဆွဲမှတ်တမ်းတင်နေပုံ]]
[[File:GD-EG-Alex-Théatre031.JPG|thumb|300px|[[အီဂျစ်နိုင်ငံ]] အလက်ဇန်းဒရီးယားရှိ ရောမဇာတ်ရုံ]]
'''[[ရှေးဟောင်းသုတေသနပြတိုက် (ပုဂံ)|ရှေးဟောင်းသုတေသနပညာ]]''' ဆိုသည်မှာ ရှေးဟောင်းခေတ်မှ လူသား တို့ကြွင်းကျန်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတို့နှင့် ပတ်ဝန်းကျင် အနေအထား အချက်အလက်များကို ပြန်လည်ရှာဖွေ၍ ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ထိုခေတ်ထိုအခါက လူ့အဖွဲ့အစည်းကို လေ့လာသော ပညာရပ်ဖြစ်သည်။ ထို့သို့သော အချက်အလက်များတွင် လက်မှုပစ္စည်းများ၊ ဗိသုကာပညာရပ်များ၊ ဇီဝဆိုင်ရာ အချက်အလက်များ နှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေအနေများ ပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် အမျိုးမျိုးသော လုပ်ငန်းဆောင်တာတို့ ပါဝင်လေ့ ရှိသဖြင့် [[သိပ္ပံပညာ]]ဟု ခေါ်ဆိုနိုင်သကဲ့သို့ လူမှုရေးပညာဟုလည်း ခေါ်ဆိုနိုင်သည်။<ref>{{citation | author = Sinclair A | year = 2016 | title = The Intellectual Base of Archaeological Research 2004–2013: a visualisation and analysis of its disciplinary links, networks of authors and conceptual language | journal = Internet Archaeology | volume = | issue = 42| page = | doi=10.11141/ia.42.8}}</ref> [[အမေရိကန်ပြည်ထောင်စု]]တွင် [[မနုဿဗေဒ]] ၏ ဘာသာရပ်ခွဲ တစ်ခု အဖြစ် မှတ်ယူလေ့ရှိပြီး [[ဥရောပ]]တွင်မူ သီးသန့် ဘာသာရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။
 
ရှေးဟောင်းသုတေသန ပညာတွင် လူသားတို့၏ ရာဇဝင်ကို အရှေ့အာဖရိကတွင် ပထမဆုံးသော ကျောက်လက်နက်များများ တီထွင်သုံးစွဲခဲ့ကြသည့် နှစ်ပေါင်း ၃.၄ သန်းမှ အစပြု၍ လတ်တလော ဆယ်စုနှစ်များ အထိ လေ့လာကြသည်။<ref>{{Cite journal|last=Roche|first=Hélène|last2=Kent|first2=Dennis V.|last3=Kirwa|first3=Christopher|last4=Lokorodi|first4=Sammy|last5=Wright|first5=James D.|last6=Mortlock|first6=Richard A.|last7=Leakey|first7=Louise|last8=Brugal|first8=Jean-Philip|last9=Daver|first9=Guillaume|date=May 2015|title=3.3-million-year-old stone tools from Lomekwi 3, West Turkana, Kenya|url=https://www.nature.com/articles/nature14464|journal=Nature|volume=521|issue=7552|pages=310–315|doi=10.1038/nature14464|issn=1476-4687}}</ref> ထိုပညာရပ်သည် သမိုင်းမတင်မီခေတ်က လူ့အဖွဲ့အစည်းများကို လေ့လာရာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ ထိုအချိန်က လူတို့၏ သမိုင်းကြောင်းကို ရေးသားမှတ်တမ်းတင်မှုများ မရှိသော်လည်း လူသားတို့ရာဇဝင်၏ ၉၉ ရာခိုင်နှုန်းသော အဖြစ်အပျက်တို့မှာ ထိုခေတ်အခါက ဖြစ်ပျက်ခဲ့လေသည်။ ရှေးဟောင်းသုတေသနပညာရပ်တွင် လူတို့၏ ဆင့်ကဲပြောင်းလဲမှုကို လေ့လာခြင်းမှ ယဉ်ကျေးမှု ဆင့်ကဲပြောင်းလဲလာခြင်း အထိ လေ့လာရန် အထိ ရည်ရွယ်ချက် အမျိုးမျိုး ရှိသည့်အပြင် [[ယဉ်ကျေးမှု ဝန်ကြီးဌာန|ယဉ်ကျေးမှု]] သမိုင်းကြောင်းကို ပိုမိုနားလည်သိရှိနိုင်ရန် အတွက်လည်း ရည်ရွယ်လေ့ ရှိသည်။<ref>{{Citation|url=https://www.livescience.com/44448-what-is-archaeology.html|title=What Is Archaeology? {{!}} Archaeology Definition|work=Live Science|access-date=25 August 2017}}</ref>