ဆေးခြောက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
" ဆေးခြောက် တစ်နေ့တစ်လိပ် သောက်ရုံနဲ့ အဆုတ်ရောဂါ မဖြစ်နိုင်" [ကျန်းမာရေး, ဗဟုသုတ ]
[[File:Blooming cannabis plant by My 420 Tours.jpg|thumb|ဆေးခြောက်ပင်]]
 
မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုပါသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာပါသည်။ ဆေးခြောက်အဆီကို
bhang, ganja, hashish, resin ဟု ခေါ်ကြပါသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, marijuana, spliff, weed ဟုခေါ်ကြသည်။
 
Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။
 
 
 
 
 
 
 
 
 
မုန့်လို့ခေါ်ကြတဲ့ ဆေးခြောက်ကို တစ်နေ့တစ်လိပ် သောက်ခြင်းဟာ ကကယ့်တော့ အဆုတ်ခိုက်မှု မဖြစ်စေပါဘူးလို့ Annals of the American Thoracic Society တွင် ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှု အသစ်တစ်ရပ်က တွေ့ရှိခဲ့ကြောင်း Medical Daily မှ တဆင့် သိရပါတယ်။
 
ဆေးခြောက်ကို တစ်နေ့တစ်လိပ် မှန်မှန်သောက်တဲ့ အရွယ်ရောက်ပြီး လူတွေရဲ့ အဆုတ်စွမ်းရည်က လုံးဝမသောက်သူတွေရဲ့ အဆုတ်နဲ့ အတူတူပင် ဖြစ်ကြောင်း Emory တက္ကသိုလ်မှ သုတေသီတွေက နောက်ဆုံးအဖြေ ရရှိခဲ့ကြပါတယ်။ ပိုပြီး သိသင့်တဲ့အချက်က တစ်နေ့တစ်လိပ် သောက်ဖြစ်နေရင်တောင် လုံးဝမသောက်ပဲနေတဲ့လူတွေရဲ့ အသက်ရှူနိုင်စွမ်း
ကိုပင် ရရှိပိုင်ဆိုင်နိုင်ပါသေးတယ်။
 
ဆေးခြောက်သုံးစွဲသူတွေမှာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းကဲ့သို့သော ရောဂါလက္ခဏာ အသေးလေးတွေတော့ ခံစားရတတ်ကြပါတယ်။
 
အဆုတ်ထဲ ဝင်ရောက်လာတဲ့ အငွေ့တွေကြောင့် သွေးကြောကျဉ်းစေတဲ့အပြင် အလွန်အကျွံသောက်ခြင်းကြောင့် အဆုတ်တွင်းက သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှု ပျက်ဆီးစေပါတယ်။ ဒါပေမယ့်လို့  ယေဘုယျကြည့်ရင်တော့ ဆေးခြောက်ပုံမှန်သုံးခြင်းကြောင့် အဆုတ်ရဲ့လုပ်ငန်းဆောင်ရွက်မှုကို သိသိသာသာပြောင်းလဲမှု ဖြစ်မသွားစေကြောင်း သုတေသီတွေက နောက်ဆုံး မှတ်ချက်ပေးထားပါတယ်။
 
ယခုပြုလုပ်တဲ့ လေ့လာမှုအသစ်ကနေ မှတ်ချက်ပေးထားတာက အလွန်အကျွံမဖြစ်ဖို့ အရေးကြီးဆုံးသာ ဖြစ်ကြောင်းပါခင်ဗျား။
 
#ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးNJ
 
==သုံးစှဲပုံ==
ဆေးခြောက်ကို ဆေးလိပ်တွင် ဆေးရွက်ကြီးများ နှင့် ရော၍ သောက်ရှူသကဲ့သို့ မီးရှို့၍ အငွေ့ကို နည်းမျိုးစုံဖြင့် ရှူရှိုက်တတ်ကြသည်။ ထို့ပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်ကဲ့သို့ အသုံးပြုခြင်း၊ မုန့်မျိုးစုံနှင့် ဟင်းလျာများတွင် ထည့်သွင်းချက်လုပ် စားသောက်တတ်ကြသည်။ <ref>ကြေးမုံသတင်းစာ၊ (၂၀. ၆. ၂၀၁၈)စာ-၁၀</ref>