ဆေးခြောက်: တည်းဖြတ်မှု မူကွဲများ

လူသားများနှင့်ဆေးခြောက်
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Reverted to revision 457736 by Dr Lotus Black (talk). (TW)
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁ -
[[File:Blooming cannabis plant by My 420 Tours.jpg|thumb|ဆေးခြောက်ပင်]]
'''"The gift of God "'''
မြန်မာလို ဆေးခြောက်ဟုဆိုလျှင် နားလည်လွယ်၍ ရုက္ခဗေဒဘာသာ အားဖြင့် cannabis sativa and cannabis indica ဟု ခေါ်ဆိုပါသည်။ ကမ္ဘာတစ်ဝန်း ရာစုနှစ်များစွာကပင် ကျယ်ပြန့်စွာ ပေါက်ရောက်သိရှိပြီး ဖြစ်သည်။ ပင်စည်အမျှင်များကို ကြိုးနှင့် အဝတ်အထည် ရက်လုပ်ခြင်းအပြင် ဆေးဝါးအနေဖြင့် အသုံးပြုသကဲ့သို့ ဆေးခြောက်ရှူခြင်းမှာ နားနေပျော်ရွှင်မှုအတွက် ရှေးယခင်ကပင် ခေတ်စား၍ ပေါ်ပြူလာဖြစ်လာပါသည်။ ဆေးခြောက်အဆီကို
bhang, ganja, hashish, resin ဟု ခေါ်ကြပါသည်။ ထို့အပြင် အပွင့်၊ အညွန့်နှင့် ရွက်ခြောက်တို့ကို grass, marijuana, spliff, weed ဟုခေါ်ကြသည်။
Skunkဆိုသည်မှာ ပြင်းသော ဆေးခြောက် အမျိုးအစား ဖြစ်ပြီး ယင်းတွင်ပါဝင်သော အဓိကဓာတုပစ္စည်း THC (tetrahydrocannabinol)ပါဝင်မှုနှုန်းမှာ သာမန်ဆေးခြောက်ထက် နှစ်ဆ၊ သုံးဆမျှ မြင့်မားပေသည်။ ဆေးခြောက်အမျိုးပေါင်းမှာ ရာချီ၍ များစွာရှိပြီး ဗန်းစကားအဖြစ် AK-47, Knock Out, Destroyer ဟု ပြင်းထန်မှုကို ညွှန်း၍ အမည်များ ပေးထားကြသည်။
==သုံးစွဲပုံ==
ဆေးခြောက်ကို ဆေးလိပ်တွင် ဆေးရွက်ကြီးများ နှင့် ရော၍ သောက်ရှူသကဲ့သို့ မီးရှို့၍ အငွေ့ကို နည်းမျိုးစုံဖြင့် ရှူရှိုက်တတ်ကြသည်။ ထို့ပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်ကဲ့သို့ အသုံးပြုခြင်း၊ မုန့်မျိုးစုံနှင့် ဟင်းလျာများတွင် ထည့်သွင်းချက်လုပ် စားသောက်တတ်ကြသည်။ <ref>ကြေးမုံသတင်းစာ၊ (၂၀. ၆. ၂၀၁၈)စာ-၁၀</ref>
 
ငယ်ရွယ်စဉ်အခါမှာ ဆေးခြောက်(Cannabis)သုံးစွဲခြင်းသည် နောင်နှစ်ရှည်တွင် စိတ္တဇရောဂါကြီး (Psychosis) ရောဂါလက္ခဏာများဖြစ်နိုင်ချေကို တိုးမြင့်စေသည်နဟု သုတေသနပညာရှင်များက ဆိုသည်။
Dutch လူမျိုး သုတေသနပညာရှင်များက ပိုက်ဆံပင်ဟုခေါ်တွင်သော ဆေးခြောက်ပင် (cannabis) နှင့် စိတ်ဝေဒနာများ ဆက်စပ်ပုံကို ၁၀နှစ်တာ သုတေသနပြုလုပ်ပြီးနောက် လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ဆေးခြောက်သုံးစွဲမှုသည် စိတ္တဇဝေဒနာကိုနှစ်ဆ တိုးပွားစေနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ လူငယ်များကို ဆေးခြောက်သုံးစွဲခြင်း၊ စားသုံးခြင်းမှ ဟန့်တားရန် အာဏာပိုင်များနှင့် တာဝန်ရှိသူများကို သုတေသနပညာရှင်များက ပြောကြားလိုက်ပါသည်။ လူငယ်များ ဆေးခြောက်သုံးစွဲခြင်းကို ဟန့်တားနိုင်ခြင်းဖြင့် စိတ္တဇာရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေမည်ဟု ဆိုပါသည်။
Marijuana (သို.) cannabis (သို.) Pot  (သို.) ဆေးခြောက်ဟာ တစ်ကမ္ဘာလုံးအတိုင်း
 
ရိုးရာဓလေ့ထုံးလမ်းစဉ်လာအဖြစ် ဆေးခြောက်ကို စားသုံးမှုများသည် စိတ်ကစဉ့်ကလျားရောဂါဖြစ်သော Schizophrenia ရောဂါဖြစ်ပွားစေကြောင်း သုတေသနတွင် ပါဝင်ဆောင်ရွက်နေသော လန်ဒန်မြို့၊ Kings College ၊ Institute of Psychiatry မှ Robin Murray က ထပ်လောင်းပြောကြားခဲ့သည်။
အတာနဲ့  လူသုံးစွဲမှု အများဆုံး မူးယစ်ဆေးဝါး အဖြစ် သတ်မှတ်ခံထားရပါတယ်။
 
ငယ်ရွယ်စဉ်ကာလတွင် ဆေးခြောက်ကို ၆ နှစ်နှင့်အထက်သုံးစွဲသူများသည် စိတ်မူမမှန်မှုများ ၊ အမြင်အာရုံမှောက်မှားခြင်းများကို နှစ်ဆတိုးဖြစ်ပွားနိုင်ကြောင်း British Medical Journal တွင် သုတေသနမှတွေ့ရှိချက်များကို ဖော်ပြခဲ့သည်။
ဆေးခြောက်မှာ  ဓါတုပစ္စည်းပေါင်း ၄၀၀ ခန့်ပါဝင်ပေမဲ့ အဓိက အားဖြင့် ပါဝင်တာကတော့
 
ဆေးခြောက်(Cannabis)သည် ကမ္ဘာအနှံ့နေရာများတွင် ဥပဒေအရတားမြစ်ထားသော မူးယစ်ဆေးဝါးဖြစ်သည်။
THC (delta-9-tetrahydrocannabinol) ပါ။ ဆေးခြောက်ရဲ့ ပြင်းအား ပျော့အားကို
သုတေသီများက ဆေးခြောက်နှင့် စိတ်မူမမှန်မှု ဆက်စပ်နေမှုသည် မတော်တဆတိုက်ဆိုင်မှု ဖြစ်သည် မဖြစ်သည်ကို ရှင်းလင်းခြင်းမရှိသေးပေ။ စိတ်မူမမှန်သူများသည် သူတို့၏ ဝေဒနာကို ရှောင်တခင်သက်သာစေရန် ဆေးခြောက်ကို သုံးစွဲလေ့ရှိကြသည်။ Dutch လူမျိုး Jim van Os ဦးဆောင်သော Maastricht University မှသုတေသီအဖွဲ့သည် အသက် ၁၄ နှစ်နှင့် ၂၄ နှစ်အကြား ဆယ်ကျော်သက်နှင့် ငယ်ရွယ်သူပေါင်း ၁၉၂၃ ဦးကို သုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လေ့လာမှုကို ဂျာမဏီနိုင်ငံတွင် ပြုလုပ်ခဲ့သည်။ ဆေးခြောက်သုံးစွဲနေသည်ဟု ဆိုသော ဆယ်ကျော်သက် တစ်ဦးချင်းစီကို နဂိုမူလကတည်းက စိတ်ဝေဒနာ လက္ခဏာများ ခံစားနေရသူများနှင့် သီးသန့်စီ ခွဲထားပြီးနောက် ဆေးခြောက်သုံးစွဲမှုနှင့် စိတ္တဇရောဂါ ဆက်စပ်မှုကို လေ့လာခဲ့ကြခြင်းဖြစ်သည်။
လေ့လာမှုအစကတည်းကပင် ဆေးခြောက်သုံးစွဲနေပြီးဖြစ်သောသူများသည် ဖြစ်ပေါ်ခံစားနေသော စိတ်ဝေဒနာကို နှစ်ဆတိုး ခံစားရကြောင်း သုတေသနက ဆိုပါသည်။ ဆေးခြောက်သုံးစွဲမှုကို ဥပဒေအရ တားမြစ်ရန်၊ ဥပဒေပြုလုပ်ရန် အာဏာပိုင်များအား University of Liverpool မှ clinical psychology ပါမောက္ခတစ်ဦးဖြစ်သူ Peter Kindermanက အကြံပေးပြောကြားခဲ့သည်။
<ref> Pot can double psychosis risk by Kate Kelland (REUTERS)</ref>
 
== ကိုးကား ==
ပါဝင်တဲ့ THC ပမာဏ အနည်းအများဖြင့်သတ်မှတ်နိုင်ပါတယ်။
<references/>
 
THC ပမာဏ များခြင်း နည်းခြင်းသည်လည်း ဆေးခြောက်ပင် အမျိုးအစား ၊ရာသီဥတု၊
 
စိုက်ပျိုးသောမြေ ၊ ရိပ်သိမ်းသောအချိန် တို.အပေါ်မှာ များစွာ မှီခိုနေပြန်ပါတယ်။
 
တကယ်တော့ ဆေးခြောက်ဆိုတာ သဘာဝအရ ပေါက်နေတဲ့ သစ်ပင်တစ်မျိုး ခန်.သာ
 
ဖြစ်ပါတယ်။
 
ဒီသစ်ပင်လေးကို အသုံးပြုတာဟာ ဘာကြောင့်တရားမ၀င်ဖြစ်နေရတာလဲ။
 
ဆေးခြောက်ဟာ လူကို တကယ်ရော အကျိုးယုတ်စေတာလား။
 
ကောင်းကျိုးတွေရော မပေးနိုင်ဘူးလား ဆိုတာကို  
 
သိပ္ပံနည်းကျလေ့လာထားတဲ့ အချက်အလက်များဖြင့် ကျွန်တော်တို. လေ့လာဆန်း
 
စစ်ကြည့်ရအောင်။
 
1# ဆေးခြောက်ဟာ ဦးနှောက်ဆဲလ် အသစ်အသစ်ပွားခြင်းဖြစ်စဉ်ကို ပိုမိုအားပေးထောက်ပံ့
 
ပါတယ်။အလွန်အကျွံမဟုတ်သော ဆေးခြောက်သုံးစွဲခြင်းဟာ မှတ်ဥာဏ်ကို ပိုမို အားကောင်း
 
လာစေပြီး စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါများကို သိသိသာသာသက်သာသွားစေနိုင်ပါတယ်။
 
2# ဆေးခြောက်ဟာ  Alzheimer ရောဂါ ( ဦးနှောက် ပုံမှန်အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်
 
်ချွတ်ယွင်းခြင်း၊ ပီသစွာ စကားမပြောနိုင်တော့ခြင်း စသည်ဖြစ်ပွားစေသော ရောဂါတစ်မျိုး။
 
အကြိုဇရာရောဂါ။)ဖြစ်ပွားနှုန်းကို သိသိသာသာလျော့နည်းစေနိုင်ပါတယ်။
 
3# နောက်ဆုံးလေ့လာတွေ.ရှိချက်များအရ ဆေးခြောက်ဟာ ကင်ဆာရောဂါကြောင့်ဖြစ်တဲ့
 
နာကျင်မှုတွေကို သိသာစွာ လျော့ပါးသွား စေနိုင်ပါတယ်။
 
4# သိပ္ပံ ပညာရှင်များတောင် အံ့သြနေရတဲ့ အချက်တစ်ချက်ကတော့ဆေးခြောက်ရွက်ကို
 
နည်းအမျိုးမျိုးဖြင့် ရှုရှိုက်သုံးစွဲသော လူ ၂၀၀၀ ကို သုတေသန ပြုလုပ်ရာမှာ သူတို.ဟာ
 
အဆုပ်ကင်ဆာ ဖြစ်နိုင်ချေ လုံးဝမရှိသလောက်နည်းပါးနေတာကို အံ့သြဖွယ်
 
လေ့လာတွေ.ရှိရပါတယ်။
 
5# လူသိနည်းတဲ့ အချက်တစ်ချက်ကတော့ ဆေးခြောက်ပင်မှ စက္ကူ ထုတ်လုပ်လို.ရတယ်
 
ဆိုတာပါပဲ။ဆေးခြောက်ပင်မှ ပင်စည် အကိုင်းအခက်တို.ကို အမျှင်ပြုလုပ်ပီး စက္ကူ ထုတ်လုပ်
 
ခြင်းဖြစ်ပါတယ်။ဆေးခြောက်ပင်မှ စက္ကူထုတ်လုပ်ခြင်းဟာ စီးပွားရေးအရ အလွန်စိတ်ဝင်စား
 
ဖွယ်ကောင်းလှပါတယ်။ဲ့ ဆေးခြောက်ပင် ဧက တစ်သောင်းမှ တစ်နှစ်အတွင်း ထုတ်လုပ်
 
နိုင်သောစက္ကူပမာဏဟာ သစ်တော ဧက သုံးသောင်းမှ နှစ်ပေါင်း ၃၀လောက် ထုတ်လုပ်ရမဲ့
 
စက္ကူပမာဏ ထက် ပိုမိုများပြားနေပါတယ်။
 
6# အမေရိကန် ရောဂါထိန်းချုပ်ရေးစင်တာက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ တစ်နှစ်ကို
 
လူပေါင်း ၇၅၀၀၀ လောက်ဟာ အရက်သောက်ခြင်းကြောင့်သေဆုံးခဲ့ရပါတယ်။ဆေးလိပ်
 
သောက်ခြင်းကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၄၃၅၀၀၀ ယောက်လောက်ရှိပါတယ်။
 
ဒါပေမဲ့ ယခုအချိန်ထိ ဆေးခြောက်သုံးစွဲ ခြင်းကြောင့်သေဆုံးသွားရတဲ့ လူ အရေအတွက်က
 
တစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။
 
7# ဆေးခြောက်ကို အများအားဖြင့် ရှုရှိုက်ခြင်းအားဖြင့်သုံးစွဲလေ့ရှိပါတယ်။တခါတရံမှာ အစား
 
အသောက်ထဲ ထည့်ချက်တာ ၊ဆေးခြောက်ပါတဲ့ ကွတ်ကီးတွေ ချောကလက်တွေ ပြုလုပ်တာ ၊
 
လက်ဖက်ရည်ကဲ့သို့ သောက်သုံးတာ စသည်ဖြင့် အသုံးချလေ့ရှိပါတယ်။
 
ဆေးခြောက်ရဲ့ သိသာထင်ရှားတဲ့ ဂုဏ်သတ္တိတွေကတော့ စိတ်ဖိစီးမှုကို လျော့ကျစေခြင်း ၊စိတ်ကို ကြည်နူး
 
ပျော်ရွှင်စေခြင်း ရယ်မောချင်စိတ်ကို ပိုမို ဖြစ်ပေါ်စေခြင်း အကိုက်အခဲများကို လျော့ကျစေခြင်းနဲ့
 
ပျို.အန်မှုကို သက်သာစေခြင်းတို.ပဲ ဖြစ်ပါတယ်။
 
8# ဆေးခြောက်ဟာ နှလုံးမှ သွေးစီးဆင်းမှုဖြစ်စဉ်ကို နှေးကွေးသွားစေပီး သွေးတိုးလဲကျစေနိုင်ပါတယ်။
 
9# လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော် ( 2700 B.C) လောက်ကတည်းက တရုတ်ပြည်မှာ ဆေးခြောက်ကို
 
အိမ်သုံးဆေးဝါးအဖြစ်သုံးစွဲခဲ့ကြောင့် အထောက်အထားတွေ.ရှိရပါတယ်။ရှေးခေတ် အီဂျစ်နဲ့ ဂရိ လူမျိုးတွေ
 
ဟာလည်း နေထိုင်မကောင်းဖျားနာမှုများအတွက် ဆေးခြောက်ကိုသုံးစွဲခဲ့ကြပါတယ်။
 
10#  The National Multiple Sclerosis Society ရဲ့ လေ့လာစမ်းသပ်ချက်များအရ ဆေးခြောက်မှာ ပါတဲ့ THC ဟာ
 
AIDS ရောဂါခံစားနေရသူတွေ ဓါတုကုထုံးတွေနဲ့ကုသမှုခံယူထားရတဲ့ ကင်ဆာရောဂါရှင်တွေ နဲ့ ရေတိမ်ရောဂါစွဲကပ်သူတွေကို
 
သိသိသာသာဝေဒနာခံစားမှုသက်သာလာစေတယ်လို. တွေ.ရှိရပါတယ်။
 
ဆေးခြောက်ဟာ အထက်ပါအတိုင်း ကောင်းကျိုးများစွာရှိပေမဲ့ ကမ္ဘာ့ အနှံ.အပြားမှာတော့
 
ဥပဒေ အရတားမြစ်ထားပါတယ်။
 
ဒါပေမဲ့ ဆေးခြောက်ကို နည်းလမ်းအမျိုးမျိုးဖြင့် ခွင့်ပြုထားတဲ့ နိုင်ငံတွေလည်းရှိပါတယ်။
 
<nowiki>-----------------------------------------------------------------------------------------------------------</nowiki>
 
1# Argentina နီုင်ငံမှာ ဆေးခြောက်ကို တစ်ကိုယ်ရေ အိမ်မှာသုံးစွဲတာကို ခွင့်ပြုထားပါတယ်။
 
(ဆိုလိုတာက အိမ်ထဲမှာ ဆေးခြောက်ရှုနေတဲ့ လူတစ်ယောက်ကို ဘယ်ရဲမှ လာဝင်မဖမ်းပါဘူး)
 
2# Australia နိုင်ငံရဲ့ တချို.သော ပြည်နယ်တွေမှာ ဆေးခြောက်ကို တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့
 
၂ပင်ထက်မပိုသောဆေးခြောက်ပင် စိုက်ပျိုးခြင်းတို.ဟာ ဥပဒေအရ တရားဝင်ပါတယ်။
 
3# Belgium နိုင်ငံမှာ အသက် ၁၈ နှစ်အထက် လူတစ်ယောက်ဟာ (3 grams) ထက်မပိုသောဆေးခြောက်
 
ကို တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့ ဆေးခြောက်ပင်တစ်ပင် စိုက်ပျိုးခြင်းဟာ  ဥပဒေအရ တရားဝင်ပါတယ်။
 
4# Brazil နိုင်ငံမှာလည်း တစ်ကိုယ်ရေ ဆေးခြောက်သုံးစွဲခြင်းကို အရေးမယူပါဘူး။
 
5# Cambodia နိုင်ငံမှာတော့ဆေးခြောက်ကို လွယ်လင့်တကူဝယ်ယူရရှိနိုင်ပီး Public Areaများမှာ
 
လည်းလွတ်လပ်စွာ သုံးစွဲနိုင်ပါတယ်။ Phnom Penh, Siem Reap နဲ့ Sihanoukville တို.မှာရှိတဲ့
 
"Happy" restaurants  တွေမှာလည်း ဆေးခြောက်ထည့်ချက်ထားတဲ့ စားသောက်ဖွယ်ရာများကို
 
အလွယ်တကူ မှာယူသုံးဆောင်နိုင်ပါတယ်။
 
6#  Canada နိုင်ငံမှာ medical use အတွက် ဆေးခြောက်ကို သုံးစွဲ ၊ သယ်ယူ ၊ စိုက်ပျိုးနိုင်ပါတယ်။
 
7#  Colombia နိုင်ငံမှာ အရွယ်ရောက်ပီးသောလူတစ်ယောက်ဟာ ဆေးခြောက် ( 22 Grams) အောက်
 
တစ်ကိုယ်ရေ သုံးစွဲခြင်းဟာ တရားဝင်ပါတယ်။
 
8# Costa Rica နိုင်ငံမှာလည်း တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့ တစ်ကိုယ်ရေသုံးစွဲဖို.ဆေးခြောက်စိုက်ပျိုးခြင်းကို
 
အရေးမယူပါဘူး။
 
9# Croatia နိုင်ငံမှာလည်း တစ်ကိုယ်ရေ ဆေးခြောက်သုံးစွဲခြင်းကို အရေးမယူပါဘူး။
 
10# Czech Republic နိုင်ငံမှာလည်း ( 15 grams) ထက်မပိုသောဆေးခြောက်သုံးစွဲခြင်းနဲ့ ၅ ပင်ထက်မပိုသော
 
ဆေးခြောက်စိုက်ပျိုးခြင်းကို ခွင့်ပြုပါတယ်။ အစိုး၇ကလည်း 1 April 2013 ကစပီး Medical use အတွက်
 
ဆေးခြောက် အရောင်းဆိုင်များကို တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ခွင့်ပေးထားပါတယ်။
 
11#  Ecuador နိုင်ငံမှာလည်း (10 grams) အောက် ဆေးခြောက်ပမာဏကို တစ်ကိုယ်ရေ သုံးစွဲခြင်းအတွက် ခွင့်ပြုပါတယ်။
 
12# India နိုင်ငံမှာတော့ ဟိန္ဒူရိုးရာ ဓလေ့များအရ သုံးစွဲခြင်း ၊ရောင်းချခြင်း ၊ စိုက်ပျိုးခြင်း ဟာ ဥပဒေအရကို တရားဝင်ပါတယ်။
 
အစိုးရကိုယ်တိုင်လည်း ဆေးခြောက်အရောင်းဆိုင်များဖွင့်လှစ်ထားပေးပါတယ်။  India နိုင်ငံ ရဲ့ ပြည်နယ်အချို.မှာ ဆေးခြောက်ကို
 
အကြီးအကျယ် စိုက်ပျိုးလေ့ရှိပီး  India နိုင်ငံ မှာတော့ဆေးခြောက်ကို Ganja လို. လူသိများပါတယ်။
 
13# Iran နိုင်ငံမှာလည်း ဆေးခြောက်  သုံးစွဲခြင်း နှင့် ရောင်းချခြင်း ကို အရေးမယူပါဘူး။
 
ဆေးခြောက်ကို ဥပဒေ အရ တရားဝင် စိုက်ကြိုက် စိုက်ပျိုးခွင့်ရှိပါတယ်။
 
14#  Jamaica နိုင်ငံမှာလည်း ဆေးခြောက်ကို သုံးစွဲခြင်း ၊ရောင်းချခြင်း ၊ စိုက်ပျိုးခြင်း ကို အရေးမယူပါဘူး။
 
မြန်မာပြည်တွင် ကွမ်းယာဆိုင်များပေါများသကဲ့သို့ Jamaica နိုင်ငံမှာလည်း  ဆေးခြောက်အရောင်းဆိုင်များကို လမ်းဘေးမှာ လွယ်လင့်တကူတွေ့နိုင်ပါတယ်။
 
15# Maxico နိုင်ငံမှာ 21 August 2009  ကစပီး ( 5 grams) ထက်မပိုသောတစ်ကိုယ်ရေ ဆေးခြောက်သုံးစွဲခြင်းကို ခွင့်ပြုပါတယ်။
 
16# Netherlands နိုင်ငံမှာ ဆေးခြောက်ထွက်ကုန်များကို ကော်ဖီဆိုင်တွေမှာတင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါတယ်။ တစ်ကိုယ်ရေ သုံးရန်စိုက်ပျိုးခြင်းနဲ့ သုံးစွဲခြင်းကို ခွင့်ပြု
 
ထားပါတယ်။ မြို.တော် Amsterdam မှာ ရှိတဲ့ Smoking area တွေမှာ ဆေးခြောက်ကို လွတ်လပ်စာရှုရှိုက်သုံးစွဲနိုင်ပါတယ်။
 
17# Pakistan နိုင်ငံမှာလည်း တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့ တစ်ကိုယ်ရေသုံးစွဲဖို.ဆေးခြောက်စိုက်ပျိုးခြင်းကို
 
အရေးမယူပါဘူး။
 
18#  Peru နိုင်ငံမှာ လည်း (8 grams) ထက်မပိုသော ဆေးခြောက်သုံးစွဲခြင်း ၊ စိုက်ပျိုးခြင်းနဲ့ သယ်ဆောင်ခြင်းတို.ကို အရေးမယူပါဘူး။
 
19# Portugal နိုင်ငံမှာတော့ ဆေးခြောက် သုံးစွဲခြင်း ၊ စိုက်ပျိုးခြင်းနဲ့ သယ်ဆောင်ခြင်း တို.ကို ကြိုက်သလို လုပ်ဆောင်လို.ရပီး အရေးမယူပါဘူး။
 
20# Russia နိုင်ငံမှာလည်း ( 6 grams) ထက်မပိုသော တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့ အပင် ၂၀ ထက်မကျော်သော ဆေးခြောက်စိုက်ပျိုးခြင်းတို.ကို
 
အရေးမယူပါဘူး။
 
21# Spain နိုင်ငံမှာလည်း ဆေးခြောက်တစ်ကိုယ်ရေ သုံးစွဲခြင်းနဲ့ တစ်ကိုယ်ရေသုံးရန် ဆေးခြောက်စိုက်ပျိုးခြင်းတို.ကို
 
အရေးမယူပါဘူး။
 
22# Switzerland နိုင်ငံမှာ တစ်ကိုယ်ရေ ဆေးခြောက်သုံးစွဲခြင်းကို ခွင့်ပြုပါတယ်။ ဥပဒေအရ လူတစ်ဦးဟာ ဆေးခြောက် ၄ ပင်အထိ တရားဝင် စိုက်ပျိုး
 
ခွင့်ရှိပါတယ်။
 
23# အမေရိကန်နိုင်ငံမှာ  Colorado and Washington ပြည်နယ်တွေမှာ ဆေးခြောက်သုံးစွဲမှုကို အရေးမယူပါဘူး။တခြားပြည်နယ် ၂၀ မှာလည်း Medical use အတွက်
 
ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့်ရှိပါတယ်။ တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ထားတဲ့ တရားဝင်ဆေးခြောက် အရောင်းဆိုင်အေ၇အတွက်ဟာ Mc Donalds ဆိုင် အရေအတွက်
 
ထက်တောင် များပါတယ်။
 
24# Uruguay နိုင်ငံကတော့ ကမ္ဘာပေါ်မှာ ဆေးခြောက်နဲ့ပတ်သက်ပီး အလွတ်လပ်ဆုံးနိုင်ငံပါပဲ။
 
ကြိုက်သလို သုံးစွဲ ကြိုက်သလို သယ်ယူ ကြိုက်သလို ရောင်းချ ကြိုက်သလောက်စိုက်ပျိုး ၊ ဆေးခြောက်နဲ့ ဆိုင်တဲ့ ကိစ္စအ၀၀ဟာ Uruguay နိုင်ငံမှာ
 
ဥပဒေအရကို တ၇ားဝင်ပါတယ်။
 
သိပ္ပံ ပညာရှင်တွေရဲ့ မြောက်မြားစွာသောစမ်းသပ်ချက်တွေ အရ ဆေးခြောက်ရဲ့ ကောင်းကျိုးက များစွာရှိကြောင်းသိရှိနေပါပီ။
 
ကမ္ဘာမှာ ဆေးခြောက်ရဲ့ ကောင်းကျိုးကိုသိရှိပီး ခွင့်ပြုပေးနေတဲ့နိုင်ငံပေါင်း ၂၄ နိုင်ငံ ရှိနေပါပီ။
 
နောက်ထပ်လည်း နိုင်ငံများစွာ ထပ်မံပေါ်ပေါက်လာဖို.ရှိပါတယ်။
 
တကယ်တော့ ဆေးခြောက်ဆိုတာ မူးယစ်ဆေးဝါး လုံးဝမဟုတ်ပါဘူး။
 
မူးယစ်ဆေးဝါးအဖြစ် မှားယွင်း စာရင်းသွင်း ဥပဒေအရ ပိတ်ပင်ခံထားရသော ကောင်းကျိုးများစွာရှိတဲ့ "The gift of God " သာလျှင် ဖြစ်ပါကြောင်း။
 
<nowiki>---------------------------------------------------------------</nowiki>
 
Legend
 
Ref - Wikipedia
 
      - Science News Online Article
 
      -  Live Science Article
 
      -  New Scientist Article
 
      -   Scientific American Article
 
      -  Scientific facts of Pot
 
<nowiki>#</nowiki>ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး(NJ)
 
== လူသားများနှင့်ဆေးခြောက် ==
<references/><nowiki>''</nowiki> လူသားများနှင့် ဆေးခြောက် <nowiki>''</nowiki>  #မောင်သာ
 
နိုင်ငံအသီးသီးတွင် အများဆုံး သုံးစွဲနေကြသည့် မူးယစ်ရီဝေတတ်သော သဘာဝပစ္စည်းများတွင် ဘိန်းနှင့်ဆေးခြောက်သည် အပင်ထွက်ပစ္စည်းများဖြစ်ကြသည်။ဘိန်းမှတစ်ဆင့် မူးယစ်ရီဝေမှု ပြင်းအားမြင့်မားသည့် ဘိန်းဖြူ၊စိတ်ကြွဆေး စသည့် မူးယစ်ဆေး များကို ထုတ်လုပ်နိုင်သော်လည်း ဆေးခြောက်ကိုမူ အရွက်အတိုင်းသာအသုံးပြုနိုင်ပြီး ဆေးခြောက်ရွက်ကို အခြောက်လှမ်း၍ မီးရှို့ ကာ ရှူရှိုက်သကဲ့သို့ဟင်းလျာများတွင် ထည့်၍ ချက်ပြုတ်စားသောက်ခြင်းလည်းရှိသည်။
 
ဆေးခြောက်ပင်၏ ရူက္ခဗေဒဆိုင်ရာဝေါဟာရသည် Cannabis sativa ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံများတွင် ဆေး ခြောက်ပင်ကို မူးယစ်စေရန်သုံးစွဲခြင်းအတွက်သာမက လျှော်မျှင်ထုတ်ယူရန်အတွက်ပါ စိုက်ပျိုးကြသည်။ ဆေးခြောက်ပင်၏ အရွက် နှင့် အခက်နုလေးများကိုအခြောက်လှမ်းခြင်းဖြင့် ဘင်းဟုခေါ်သည့် မူးယစ်စေတတ်သည့် ပစ္စည်းတစ်မျိုးဖြစ်လာသည်။ဆေးခြောက် ပင်၏ အပွင့် ပွင့်သောနေရာမှ အခက်အလက်များကို လက်ဖြင့်ပွတ်ချေပါက အစေးတစ်မျိုးထွက်လာလေ့ရှိသည်။ယင်းအစေးကို ဆေးတံသောက်ဆေး၊တမာကူတို့နှင့်ရော၍ ရှူကြသည်။
 
အပင်ပေါက်ရောက်ရာ အရပ်ဒေသကိုမူတည်လျက် အဓိကအားဖြင့် အိန္ဒိယဆေးခြောက်၊ အမေရိကန်ဆေးခြောက်နှင့် အာဖရိကဆေးခြောက်ဟု သုံးမျိုးကွဲပြားသည်။အိန္ဒိယဆေးခြောက်ကို ဘင်္ဂလားဂန်ဂျာနှင့် ဘုံဘေဂန်ဂျာဟု နှစ်မျိုးခွဲခြားထားပြီး
 
အမေရိကန် ဆေးခြောက်သည် အိန္ဒိယဆေးခြောက်လောက် အစေးမများချေ။အပူပိုင်းတွင်ပေါက်ရောက်သော ဆေးခြောက်ပင်မှ  ဘင်းကိုရရှိနိုင်ပြီး အအေးပိုင်းဒေသတွင်ပေါက်သည့် ဆေးခြောက်ပင်များမှ ဘင်းကို မရရှိနိုင်ပါချေ။
 
ဆေးခြောက်သည် လျှော်မျှင်မဟုတ်
 
Hump ဟုခေါ်သည့် လျှော်မျှင်ပင်နှင့် ဆေးခြောက်ပင်၏ မတူညီမှုများကို လူအများ အလွယ်တကူမသိရှိကြပါချေ။ယင်းတို့ နှစ်မျိုးလုံးသည် ချုံ အုပ်စုဝင် အပင်များဖြစ်ကြပြီး အရွက်များက တူညီသော ပုံသဏ္ဍာန်ရှိကြပြီး ဆေးခြောက်က စတီဗာ(Cannabis sativa) အပင်မျိုး စိတ်ကွဲဖြစ်သည်။သို့သော် ယင်းတို့သည် တစ်မျိုးနှင့် တစ်မျိုး ကွဲပြားကြကာ ဆေးခြောက်ပင်သည် လူ့စိတ်ကို မြောက်ကြွစေသည့် သတ္တိရှိသော THC ပါဝင်မှုနှုန်းမြင့်မားကာ ပန်းပွင့်သော အဖူးများထွက်လေ့ရှိသည်။ဆေးခြောက်ပင် နှင့်ဆင် သော လျှော်ပင်တွင် THC ပါဝင်မှုနှုန်းအလွန်နည်းပါးသည်။
 
ယင်းအပင်နှစ်မျိုးကို နီးကပ်စွာ အတူစိုက်ပျိုးနိုင်ပြီး ယင်းအပင်များမှ အသုံးဝင်သည့် အရာများကို အသီးသီး ထုတ်လုပ်နိုင် သည်။သို့သော် လျှော်ပင်ကို မီးရှို့၍ ထွက်လာသောမီးခိုးသည် ဆေးခြောက်ကဲ့သို့ရှူရှိုက်မိသူအား စိတ်ကြီးဝင်စေလိမ့်မည် မဟုတ် ချေ။တစ်ချိန်က လျှော်မျှင်ပင်နှင့် ဆေးခြောက်ပင်များကို အုပ်စုတစ်ခုအတွင်း မထားခဲ့သော်လည်း ၁၉၃၇ ခုနှစ်တွင်ဆေးခြောက် အခွန် အက်ဥပဒေကို THC ထုတ်လုပ်နိုင်မှုအပေါ် မူတည်တွက်ချက်ခဲ့ကြသည်။၁၉၇၀ ပြည့်နှစ်တွင် မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် ထိန်းချုပ်ရေး ဥပဒေအရ လျှော်မျှင်ပင်နှင့် ဆေးခြောက်ပင်များကို တစ်မျိုးတစ်စားတည်း သတ်မှတ်ခဲ့သည်။ယင်းတို့ နှစ်မျိုးလုံး သည် တရားမ၀င် မူးယစ်ပင်များဖြစ်စေခဲ့ကာ လူများအား စိတ်ရှုပ်ထွေးမှုများ ဖြစ်စေခဲ့သည်။
 
အမေရိကန်နှင့် ဆေးခြောက်
 
အမေရိကန်နိုင်ငံတွင် ၁၆၁၉ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ တစ်ရပ်အရ အမေရိကန် လယ်သမားများသည် ဆေးခြောက် ပင်များကို စိုက်ပျိုးရန်လိုအပ်သည်။ဆေးခြောက်နှင့် လျှော်မျှင်ပင်များမှ ထွက်ရှိလာသည့် အမျှင်များကို ကြိုးများ၊ အ၀တ်အထည် များ နှင့် လှေသင်္ဘောရွက်ဖျင်များကို ပြုလုပ်ရန် သုံးစွဲခဲ့သည်။
 
အမေရိကန်သမ္မတ ဂျော့ဝါရှင်တန်နှင့်သောမတ်စ်ဂျက်ဖာဆင်တို့သည်ပင် ဆေးခြောက်အုပ်စုဝင်လျှော်ခင်းများကို ပိုင်ဆိုင် ခဲ့ကြသည်။်ဂျက်ဖာဆင်ကိုယ်တိုင် လျှော်ဖြင့်ပြုလုပ်ထားသည့် စာရွက်ပေါ်တွင် လွတ်လပ်ရေးကြေညာစာတမ်းမူကြမ်းကို ရေးသားခဲ့ သည်။ ထိုစဉ်က အမေရိကန်နိုင်ငံအလံကိုပင် ဆေးခြောက်အုပ်စုဝင် လျှော်မျှင်များဖြင့် ရက်လုပ်ခဲ့သည်။
 
ဆေးခြောက်နှင့် နာဇီ
 
အမေရိကန်တို့သည် နာဇီများကိုချေမှုန်းရန် ဆေးခြောက်ကို အသုံးပြုခဲ့ကြသည်ဟု ဆိုနိုင်ပေသည်။ဒုတိယ ကမ္ဘာစစ်အရှိန် အမြင့်ဆုံးဖြစ်နေချိန်တွင် အမေရိကန်တို့သည် “အောင်ပွဲအတွက် ဆေးခြောက်လျှော်”အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ထုတ်လုပ်ခဲ့ သည်။ ယင်းဇာတ်ကားတွင် ဆေးခြောက်၏ များစွာသောအသုံးဝင်ခြင်းများကို ချီးကျူးထောပနာပြုလျက် အမေရိကန်လယ်သမားများ အား အမေရိကန် နိုင်ငံ၏ စစ်မက်ရေး ရာကိစ္စများကို ကူညီသောအားဖြင့် ဆေးခြောက်ပင်များစိုက်ပျိုးရန် တိုက်တွန်းခဲ့သည်။
 
အမေရိကန်နိုင်ငံအစိုးရများက ယင်းရုပ်ရှင် ရှိနေမှု ကို နှစ်ပေါင်းများစွာငြင်းဆိုခဲ့ကြသည်။သို့သော်၁၉၈၉ ခုနှစ်တွင် ဆေး ခြောက်မှုခင်းရှေ့နေ ဂျက်ဟာရာက ကွန်ဂရက်စာကြည့်တိုက်သို့ ယင်း ရုပ်ရှင်ဇာတ်ကား ကူးခွေတစ်ခုကို လှူဒါန်းခဲ့သည်။ယခုအခါ တွင် ယင်းရုပ်ရှင်ကားကို အင်တာနက် YouTube တွင် ကြည့်ရှုနိုင်သည်။
 
တရုတ်နိုင်ငံနှင့် ဆေးဘက်ဝင်ဆေးခြောက်
 
ရှေးဟောင်းတရုတ်နိုင်ငံတွင် မားဟုခေါ်သည့် ဆေးခြောက်ပင်ကို အစားအစာ၊လောင်စာ၊အ၀တ်အထည်နှင့်ဆေးဝါးအဖြစ် ခရစ်တော်မပေါ်မီ နှစ် ၆၀၀၀ တွင်စတင်အသုံးပြုခဲ့သည်။သို့သော် တရုတ်လူမျိုးများသည် ဆေးခြောက်ကို ဆေးဝါးအဖြစ် ဘီစီ ၂၇၃၇ ခုနှစ် ရောက်မှသုံးစွဲခဲ့ ကြသည်။
 
တရုတ် ဧကရာဇ် ရှန်နန်း (Shen Nung) သည် အဆစ်အမြစ်များနာကျင်ကိုက်ခဲမှုကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးဘက်ဝင် ပရဆေးပင်များစာရင်းများတွင် ဆေးခြောက်ကို ထည့်သွင်းထားခြင်းကို လက်ခံခဲ့သည်။ အေဒီ ၂ ရာစုတွင် နာကျင်မှုများကို ခွဲစိတ် ကုသရာတွင် ဆေးခြောက်နှင့် ၀ိုင်နီများကို ထုံဆေး၊မေ့ဆေးအဖြစ် အသုံးပြုခဲ့သည်။
 
ဆေးခြောက်သည် အဆုပ်ကို အားကောင်းစေသလော
 
ဘရာဇီးလ်နိုင်ငံမှ ပန်းချီကျော်ဖာနန်ဒိုဒီလာရော့သည် ပန်းချီမဆွဲမီဆေးတစ်အိုးရှူလေ့ရှိသည်။အမေရိကန်နိုင်ငံ၊အယ်ဘားမား တက္ကသိုလ်၏ မကြာမီက ဆေးခြောက်ရှူသူ ၅၀၀၀ အပေါ် သုတေသနပြုချက်များအရ တစ်ပတ်လျှင် ဆေးခြောက်အနည်းငယ် ရှူရှိုက်ခြင်းသည် အဆုပ်ကိုအားကောင်းစေပြီး ဆေးမရှူရှိုက်သူများထက် ပြင်ပသို့ လေကို မှုတ်ထုတ်နိုင်အား ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ သည်။၂၀၀၅ ခုနှစ်က တင်သွင်းခဲ့သည့် စာတမ်း တစ်စောင်တွင် ဆေးခြောက်မီးခိုးငွေ့သည် အဆုတ်ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ် နိုင်ကြောင်းရေးသားထားသည်။
 
ဆေးခြောက်သည် နီကိုတင်းပါဝင်သည့် ဆေးရွက်ကြီးနှင့် မတူဘဲ ကင်ဆာဖြစ်ပွားစေမှုကို အားပေးခြင်းမရှိဟု ဆိုသည်။ ဆေးခြောက်ကို ဆေးတံတစ်ခုအတွင်း အလွန်အကျွံ ထည့်သွင်းရှူရှိုက်ခြင်းကြောင့် ဆေးလွန်ပြီး သေဆုံးရခြင်းမျိုးလည်းမရှိပါချေ။
 
ဆေးခြောက်သည် ဘေးဥပါဒ်မရှိ
 
တရုတ်နိုင်ငံက ဆေးခြောက်ကို ဆေးဝါးအဖြစ် အဓိကသုံးစွဲနေချိန်တွင် အိန္ဒိယနိုင်ငံကလည်း ဆေးခြောက်ကို သုံးစွဲရန် သဘောကျနှစ်ခြိုက်နေခဲ့သည်။ထိုအချိန်တွင် အိန္ဒိယနိုင်ငံတွင် ဆေးခြောက်သည် ဘာသာရေးပွဲများတွင် အသုံးပြုသည့် အများသုံး ပစ္စည်းတစ်ခုဖြစ်ခဲ့ပြီး ဆေးခြောက်ကို လူအများ စိတ်သက်သာမှုရစေရန် အသုံးပြုခဲ့သည်။ဆေးခြောက်ကိုမြေပဲ၊နို့တို့နှင့် ရော၍ ကြို ချက် သောက်သုံးလေ့လည်းရှိခဲ့ကြသည်။ နို့မြေပဲ ဆေးခြောက်ပြုတ်ရေကို ဘန်း Bhang ဟုခေါ်ဆိုပြီး ဘန်းကိုသောက်ခြင်းဖြင့် သောက်သုံးသူများအား ပျော်ရွှင်မှုများကို ဖြစ်စေသဖြင့် ဗြိတိသျှအစိုးရသည် ဆေးခြောက်က လူအများ ကို ရူးသွပ်စွဲလန်းသွား မည်ကို စိုးရိမ်ခဲ့ကြသည်။
 
ထို့ကြောင့် ဗြိတိသျှ အစိုးရသည် ဆေးခြောက်ဆိုင်ရာ လေ့လာမှုများပြုလုပ်ပြီး အိန္ဒိယနိုင်ငံ ဆေးခြောက်ကော်မရှင်အစီရင် ခံစာ ကို ၁၈၉၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ယင်းအစီရင်ခံစာက ခေတ်ရေစီးကြောင်းအရ ဆေးခြောက်ကို သုံးစွဲခြင်းသည် အန္တရာယ် မရှိဟူသည့် အချက်ကို လက်မခံသော်လည်း ဆေးခြောက်သုံးစွဲမှုကို ပိတ်ပင်ခြင်းဖြင့် ထိခိုက်နစ်နာမှုများကို ပိုမိုဖြစ်ပေါ်စေနိုင်မည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။
 
အမေရိကန်များနှင့်ဆေးခြောက်
 
အမေရိကန် အစိုးရက ၂၀၀၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဆေးခြောက်ကို စမ်းသပ်သုံးစွဲသူ အမေရိကန်လူမျိုးများသည် တစ်လလျှင် ခန့်မှန်းခြေ ၁၄ ဒသမ ၄ သန်းရှိကြောင်းဖော်ပြထားသည်။၂၀၀၆ ခုနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် ဆေးခြောက်သည် အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၃၅ ဒသမ ၈ ဘီလီယံ ပမာဏအထိ သုံးစွဲသည့် အပင်ဖြစ် ကြောင်းပြောဆိုခဲ့သော်လည်း ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံသာရှိကြောင်း အငြင်းပွားမှုများလည်းရှိခဲ့သည်။
 
မည်သို့ပင်ဖြစ်စေ ဆေးခြောက်ကို အတိအကျမသိရှိနိုင်သည့် ကိန်းဂဏန်းတစ်ခုအဆင့်အထိ အမေရိကန်နိုင်ငံတွင် သုံးစွဲနေကြသည်။ကမ္ဘာပေါ်တွင် ဆေးခြောက် အများဆုံးထုတ်လုပ်သည့် နိုင်ငံသည် မက္ကဆီကိုဖြစ်ပြီး ပါရာဂွေးနိုင်ငံက ဒုတိယ အများဆုံး ထုတ်လုပ်သည်။ သို့သော် ဆေးခြောက်ကို မည်သည့် နိုင်ငံက အများဆုံးသုံးစွဲကြောင်းမသိရှိပါချေ။ Time မဂ္ဂဇင်း၏ လေ့လာချက်များအရ အမေရိကန်လူမျိုး ၄၂ ရာခိုင်နှုန်းသည် ဆေးခြောက်ကို စမ်းသပ်ရှူကြည့်ကြဖူးသည်ဟု ဆိုပေသည်။
 
ဆေးခြောက်ဝေါဟာရ မည်သည့်နေရာမှလာ
 
ဆေးခြောက် (marijuana) ဟူသည့် စကားလုံးနှင့် ပတ်သက်၍ ယူဆချက်အမျိုးမျိုးရှိခဲ့သော်လည်း ရှေးရိုးစဉ်လာ ပြောစကားများအရ ဆေးခြောက်သည် Maria နှင့် Juana ဝေါဟာရ နှစ်လုံးပေါင်းစပ်ထားသည့် စကားလုံးဟု ယူဆကြသည်။ ယင်းစကား လုံးတို့သည် ဗန်းစကားအရ လိင်လုပ်သား မိန်းကလေးကို ရည်ညွှန်းပြောဆိုကြသည်။အချို့ကလည်း မူးယစ်ရီဝေစေသည့် အပင်ဟု အဓိပ္ပာယ်ရှိသည့် maraguanquo ဟူသည့် စကားလုံးမှပေါက်ပွားလာသည်ဟု ယူဆကြသည်။
 
ယင်းဝေါဟာရသည် ၁၈၇၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ကာ ရုက္ခဗေဒအမည် Cannabis အပင်ဟု အများဆုံးသိရှိခဲ့ကြသည်။
 
နှစ်ပေါင်းရာနှင့်ချီ၍ ကြာမြင့်လာချိန်တွင် ဆေးခြောက်သည် grass ၊ weed ၊ dope ၊ pot ၊ kush စသည့် အမည်ကွဲများစွာဖြင့် ထင် ရှား လာခဲ့ပေသည်။
 
ဆေးခြောက်ပင်စိုက်ပျိုးခြင်းသည် ကမ္ဘာမြေကိုကာကွယ်သည်ဟု ဆိုခြင်း
 
ဆေးခြောက်အုပ်စုဝင် လျှော်ပင်၏ အမျှင်ကို ကြိုးကျစ်ခြင်း၊စက္ကူပြုလုပ်ခြင်း၊အ၀တ်စရက်လုပ်ခြင်း၊ အစားအစာအဖြစ်စား သုံးခြင်း၊အစေ့ကို လောင်စာအဖြစ်သုံးခြင်းစသည်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိရာ ကမ္ဘာမြေအတွက် များစွာ အကျိုးရှိကြောင်း ယူဆမှုများရှိနေသည်။ကနေဒါနိုင်ငံ၊မက်ဂေးလ်တက္ကသိုလ်၏ လေ့လာမှုများအရ စက်မှု ထုတ်ကုန် လျှော်မျှင်ပင် ခန့်မှန်းခြေ စိုက်ပျိုး ဧက ၁၅ သိန်းမှ ၃၅ သိန်းသည်  လူသားများ၏ ဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်ဟု ဆိုသည်။
 
ဆေးခြောက်ပင်များသည် ဆေးရွက်ကြီးပင်များကဲ့သို့ မြေဆီလွှာပျက်စီးမှုကို မဖြစ်စေဘဲ ဆေးခြောက်ပင်များ စိုက်ပျိုး ခြင်း သည် မြေဆီလွှာကို တိုးတက်ကောင်းမွန်စေသည်ဟုပင်ဆိုပေသည်။ထို့ကြောင့်ဥရုဂွေး၊ပီရူးနှင့်အိန္ဒိယနိုင်ငံတို့တွင်ဆေး ခြောက် ကို တရားဝင်စိုက်ပျိုးခွင့်ရှိပြီး အီရန်နိုင်ငံ၌ပင် ရိက္ခာနှင့် လောင်စာအတွက် စိုက်ပျိုးခွင့်ပြုထားသည်။
 
ဆေးခြောက်နှင့် ဆေးခြောက်အုပ်စုဝင် လျှော်ပင်များတရားဝင်စိုက်ပျိုးခွင့်ပြုပါက အလုပ်အကိုင်နေရာများ ဖန်တီးပေးနိုင် သကဲ့သို့ ကမ္ဘာ့ စားနပ်ရိက္ခာအတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ကြောင်း ပြောဆိုကြကာ အေအိုင်ဒီအက်စ်နှင့် ကင်ဆာရောဂါ ဝေဒနာခံစားနေရသူများအား နာကြင်ကိုက်ခဲမှုသက်သာစေသည်။
 
<nowiki>#</nowiki>ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေးNJ
 
၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတစွယ်စုံ မဂ္ဂဇင်းမှ....
[[Category:ဆေးဖက်ဝင် အပင်များ]]
[[Category:မူးယစ်ဆေးဝါး]]