ခေတ်စမ်းစာပေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
 
စာကြောင်း ၁ -
'''ခေတ်စမ်းစာပေ'''သည် ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သည်။ [[ရန်ကုန်တက္ကသိုလ်]]ကျောင်းသားအချို့၏ အရေးအသားပုံသဏ္ဌာန် အသစ်တစ်ခုမှ ထိုဝေါဟာရထွက်ပေါ်လာခြင်းဖြစ်သည်။ ၁၉၃၄ ခုနှစ်တွင် စုစည်းထုတ်ဝေခဲ့သော ခေတ်စမ်းပုံပြင်များစာအုပ်ပါ အရေးအသားပုံစံများကို ခေတ်စမ်းဟု စတင်ခေါ်ဆိုခဲ့သည်။ ထိုစာအုပ်ထုတ်ဝေချိန်တွင် ဆရာကြီးဖေမောင်တင်ကအမှာစာရေးပေးခဲ့ပြီးဆရာကြီး[[ဖေမောင်တင်၊ ဦး|ဖေမောင်တင်]]ကအမှာစာရေးပေးခဲ့ပြီး ထိုစာအုပ်ပါ ရသစာပေများသည် ခေတ်ကို စမ်းသပ်ထားခြင်း၊ စူးစမ်းထားခြင်းနှင့် မြန်မာရသစာပေ ဖန်တီးမှုကို နည်းလမ်းအသစ်ဖြင့် စမ်းသပ်ချဉ်းကပ်ထားခြင်းကြောင့် ထိုစာပေလက်ရာများကို ခေတ်စမ်းဟု ခေါ်ဆိုခဲ့သည်။ စာအုပ်အမည်ကိုလည်း ခေတ်စမ်းပုံပြင်ဟု ခေါ်ခဲ့သည်။
 
ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် [[ဇော်ဂျီ၊ စာရေးဆရာ|ဇော်ဂျီ]]၊ [[သိပ္ပံမောင်ဝ]]၊ [[မင်းသုဝဏ်]]၊ မောင်ထင်၊ [[သုတ၊ မောင် (ဗိုလ်မှူးဘသောင်း)|မောင်သုတ]]၊ [[ကုသ၊ စာရေးဆရာ|ကုသ]]နှင့် [[ဧမောင်၊ ဦး(ပါမောက္ခ)|ဧမောင်]] တို့သည် ဦးဆောင်ပါဝင်ကြသူများ ဖြစ်သည်။ ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် စတင်ခဲ့ခြင်းမဟုတ်ပါ။ [[မြန်မာစာပေ]]နှင့် ကမ္ဘာ့စာပေကို တတ်ကျွမ်းနားလည်သည့် လူငယ်စာရေးဆရာများ၏ စမ်းသပ်သောလက်ရာများမှတစ်ဆင့် ခေတ်စမ်းစာပေသည် လှုပ်ရှားမှုအသွင်ဖြစ် လာခဲ့ရခြင်းဖြစ်သည်။ စာပေလေ့လာသူပညာရှင်များကလည်း ခေတ်စမ်းစာပေကို လှုပ်ရှားမှုတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုလှုပ်ရှား မှုများကို ပံ့ပိုးခဲ့သည်များတွင် ဂန္တလောကမဂ္ဂဇင်း၊ ခေတ်စမ်းပုံပြင်များ(၁၉၃၄)၊ ခေတ်စမ်းကဗျာများ(၁၉၃၄)၊ ခေတ်စမ်းပုံပြင်များ(၁၉၃၈) တို့သည် အဓိကကျသောအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဆရာဇော်ဂျီ ရေးသားခဲ့သော [[ပိတောက်ပန်း (ကဗျာ)]] (၁၉၂၈)ကို ပထမဦးဆုံး ခေတ်စမ်းကဗျာအဖြစ် အသိအမှတ်ပြုထားကြသည်။