ခရစ်ယာန်လူငယ်များအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး "typo fixing ဝလုံး/သုည"
စာကြောင်း ၇ -
အသင်းလုပ်ငန်းသည် တစ်စတစ်စ ကျယ်ပြန့်လာပြီးလျှင် အခြားနိုင်ငံများသို့ တဖြည်းဖြည်း ပျံ့နှံ့သွား၏။ အသင်းကို စတင်ပျိုးထောင်ခဲ့သော ဂျော့ဝီလျံမှာလည်း နောင်တွင် အလုပ်ကြီးပွား၍ အထည်တိုက်၌ အကြီးအကဲ ဖြစ်လာပြီးလျှင် ၁၈၉၄ ခုနှစ်၌ ဆာဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။ ဂျော့ဝီလျံသည် အခြေအနေ တိုးတက်လာသည်နှင့်အမျှ ခရစ်ယန်လူငယ်များ အသင်း၏ ကြီးပွားရာ ကြီးပွားကြောင်းကိုလည်း အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။
 
ခရစ်ယန်လူငယ်များအသင်း၏ အထိမ်းအမှတ်မှာ အနီ ရောင်တြိဂံ ဖြစ်ပေသည်။ [[ဂျီနီဗာမြို့]]၌ အပြည်ပြည်ဆိုင်ရာ ခရစ်ယန်လူငယ်များအသင်းအဖွဲ့ချုပ် တည်ရှိ၍ ကမ္ဘာအရပ်ရပ်ရှိ အသင်းခွဲများနှင့် ဆက်သွယ်လျက် ရှိသည်။ ၁၉၅၄ ခုနှစ် အကုန်တွင် နိုင်ငံပေါင်း ၇၂ နိုင်ငံတို့၌ အသင်းခွဲပေါင်း ၁ဝဝဝဝ၁၀၀၀ဝ ကျော်တို့သည် တာဝန်ခံအရာရှိပေါင်း ၆ဝဝဝ ခန့်နှင့် အသင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိလေသည်။ အသင်း ဝင် ဦးရေမှာ နှစ်စဉ်တိုးတက်ခဲ့သည်ဖြစ်ရာ ၁၉၅၄ ခုနှစ်တွင်
ကမ္ဘာတစ်ဝှန်းလုံးရှိ အသင်းဝင်ပေါင်းမှာ ၄ဝဝဝဝဝဝ ကျော်မျှ ဖြစ်လေသည်။