နီကိုလာ တက်စလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး replace with free image
လှျပ်ဟူသောစာလုံးကို လျှပ် သို့ပြောင်းသည်။
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၁ -
တက်စလာအနေဖြင့် ရေဒီယို နည်းပညာ ပေါ်ပေါက်လာစေရန် များစွာ စိတ်အား ထက်သန်ခဲ့သည်။ ၁၈၉၇ အစောပိုင်းတွင် နယူးယောက်မြို့ မက်ဒီဆင် စကွဲ ပန်းခြံ (Madison Square Gardan) တွင် အဝေးထိန်းစံနစ်သုံး လှေပုံစံငယ် ၂ ခုကို သရုပ်ပြခဲ့သည်။ ၁၉၀ဝ ခုနှစ်မှ စတင်ကာ လောင်းကျွန်းငယ် (Long Island) ပေါ်တွင် အသံလွှင့် စက်ရုံတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ကမာ္ဘ့ကြိုးမဲ့ ဆက်သွယ်မှု စနစ် ပရောဂျက် (World Wireless) တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ နောင် နှစ်အနည်းငယ် ကြာသော အခါ သူ့ပရောဂျက်သည် သူ့ကို ထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစားရိတ် များပြားလာကြောင်း သိလာကြပြီး သူ့ကို စွန့်ခွာ သွားခဲ့ကြသည်။ (၁၉၁၄-၁၉၁၈) [[ပထမ ကမ္ဘာစစ်]] အစတွင် တက်စလာအနေနှင့် စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရသည်။ အသံလွှင့်ရုံ အပါအဝင် မြောက်များစွာသော သူ၏ မအောင်မြင်သော ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ် ကလည်း စီးပွားရေးအရ ထောက်ပံ့ကူညီရန် ငြင်းပယ်ခဲ့သည်။ အခြား အဓိက ငွေကြေးထောက်ပံ့သူ တစ်ဦးဖြစ်သော စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။
 
တက်စလာသည် သူ့နောက်ဆုံးကာလများကို အထီးကျန်စွာ ကုန်ဆုံးခဲ့ရသည်။ သူ့ တီထွင်မှုများစွာကို အခြားသူများက အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြပြီး အကျိုး ခံစားသွားကြသည်။ တက်စလာအနေဖြင့် ပင်လယ်တွင် သင်္ဘောများအား ထောက်လှမ်းသည့် စနစ် တစ်ခုကို ပုံစံကြမ်းထုတ်ခဲ့ပြီး ယခုအခါ ရေဒါအဖြစ် ပေါ်ထွက်လာခဲ့သည်။ ငွေကြေးအခက်အခဲကြောင့် လက်တွေ့မလုပ်ခဲ့နိုင်သဖြင့် လှျပ်စစ်နာရီ၊လျှပ်စစ်နာရီ၊ တာဘိုင် အစရှိသော မြောက်များလှစွာသော သူ၏ တီထွင်မှုများစွာသည် သူကွယ်လွန်မှုနှင့် အတူ ပျောက်ဆုံးခဲ့ရသည်။
 
==ပြင်ပလင့် ==