အောက်စီဂျင်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၀ -
'''အောက်စီဂျင်'''သည် လေထုထဲတွင် အဓိကပါဝင်ပြီး သက်ရှိသတ္တဝါများအတွက် အရေးပါသည့် ဓာတ်ငွေ့ တစ်မျိုးဖြစ်သည်။ အက်တမ် အမှတ်စဉ် မှာ ၈ ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ ‘'''O'''’ ဆိုသော သင်္ကေတဖြင့် ဖော်ပြလေ့ရှိသည်။ ၎င်း၏ အမည်မှာ ဂရိဝေါဟာရ ὀξύς (oxys) (အက်ဆစ် - ဆူးရှသည်ဟု အဓိပ္ပာယ် ရသည်။ အက်ဆစ်များ၏ ချဉ်သော အရသာကို ညွှန်းဆိုသည်။) နှင့် -γενής (-genēs) (ထုတ်လုပ်သည်၊ ဖြစ်စေသည်ဟု အဓိပ္ပာယ်ရသည်။) မှ ဆင်းသက်လာသည်။ အက်ဆစ်ဖြစ်စေသည့် ပစ္စည်းဟု တိုက်ရိုက် ဘာသာပြန်နိုင်သည်။ အောက်စီဂျင်အား အမည်ပေးသည့် ခေတ်ကာလတွင် အက်ဆစ်အားလုံး၌ အောက်စီဂျင်ပါဝင်သည်ဟု ယူဆခဲ့သောကြောင့် ဤကဲ့သို့ အမည်တွင်လာခြင်းဖြစ်သည်။
 
အောက်စီဂျင်သည် [[ဒြပ်စင်အလှည့်ကျဇယား]]တွင် ချာကိုဂျင် (chalcogen) အုပ်စုဝင်ဖြစ်သည်။ ဓာတ်ပြုလွယ်သည့် သတ္တုမဟုတ်သည့် ဒြပ်စင်ဖြစ်ပြီး အခြားဒြပ်စင် အားလုံးနီးပါးနှင့် ဒြပ်ပေါင်းများ အဖြစ် (အထူးသဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများအဖြစ်) ပေါင်းစပ်နေလေ့ရှိသည်။ သာမန် အပူချိန်နှင့် ဖိအားအောက်တွင် အောက်စီဂျင် အက်တမ် နှစ်ခုပူးတွဲကာ အနံ့အသက် အရသာနှင့် အရောင်အရောင်အဆင်း ကင်းမဲ့သည့် ဒိုင်အောက်စီဂျင် (O<sub>2</sub>) ဓာတ်ငွေ့ အဖြစ်တည်ရှိသည်။ အောက်စီဂျင်သည် စကြာဝဠာကြီးအတွင်း [[ဟိုက်ဒရိုဂျင်]] နှင့် [[ဟီလီယမ်]] ပြီးနောက် တတိယ အများဆုံးတွေ့ရသည့် ဒြပ်စင်လည်းဖြစ်ပြီး<ref name="NBB297">[[#Reference-idEmsley2001|Emsley 2001]], p.297</ref> ကမ္ဘာမြေကြီး၏ အပေါ်ယံမြေလွှာတွင် အများဆုံး ပါဝင်သည်။ ကမ္ဘာ့[[လေထု]]၏ ၂၀.၈% မှာ အောက်စီဂျင် ဓာတ်ငွေ့ဖြစ်သည်။
 
အသားဓာတ် ([[ပရိုတိန်း]])၊ သကြားဓာတ် ([[ကာဗိုဟိုက်ဒရိတ်]])၊ အဆီဓာတ် စသည့် သက်ရှိများ၏ အခြေခံ [[မော်လီကျူး]]များတွင် အောက်စီဂျင် ပါဝင်သကဲ့သို့ သတ္တဝါများ၏ အခွံ၊ သွားနှင့် အရိုးများကို ဖွဲ့စည်းထားသည့် အင်ဩဂဲနစ် ဒြပ်ပေါင်းများတွင်လဲ အောက်စီဂျင်ကို တွေ့ရှိနိုင်သည်။ စိမ်းပြာရောင်ရေညှိ၊ ရေမှော်ပင်နှင့် ရွက်စိမ်းပင်များ အလင်းဖြင့် အစာချက်လုပ်ရာတွင် ရေမော်လီကျူးအား ဖြိုခွဲကာ အောက်စီဂျင်ကို O<sub>2</sub> အသွင်ဖြင့် ထုတ်လွှတ်ပေးသည်။ အောက်စီဂျင်သည် ရှုပ်ထွေးပွေလီသည့် (ဗဟုကလာပ်စည်းပါ) သက်ရှိအများစု အသက်ရှူရာတွင် အရေးပါသည့် ဓာတ်ငွေ့ဖြစ်သည်။