ကန့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၆ -
 
[[File:Burning-sulfur.png|thumb|200px|ကန့်အရည်ပျော်ရာတွင် အနီရင့်ရောင်ရှိပြီး မီးလောင်ကျွမ်းရာတွင် အပြာရောင် မီးလျှံအဖြစ် တွေ့ရှိရသည်။]]
ဈေးမှဝယ်ယူရရှိသော ကန့်ကို လျင်မြန်စွာ မီးတိုက်ပေးသောအခါ စင်တီဂရိတ် ၁၁၃ ဒီဂရီ တွင် အရည်ပျော်၍ ၄၄၄.၅၃ ဒီဂရီ တွင် ဆူပြီးလျှင် လိမ္မော်ဝါရောင် အငွေံသို့အငွေ့သို့ ကူးပြောင်းသွားသည်။ ဤအငွေ့သည် အပူချိန်တက်လာလေလေ ရင့်လာလေလေဖြစ်၍ ၅၀၀ ဒီဂရီ သို့ ရောက်ရှိသောအခါ၌ အနီရင့်ရောင် ဖြစ်လာသည်။ တစ်ဖန် အပူချိန် ၅၀၀ ဒီဂရီ ထက်ကျော်လွန်သောအခါ အရောင်မှာ တဖြည်းဖြည်း ဖျော့သွား၍ ၆၅၀ ဒီဂရီ တွင် ကောက်ရိုးအရောင်သို့ ကူးပြောင်းသွားသည်။ ကန့်ကို မီးရှို့သောအခါ အလွန်စူးရှပြင်းထန်သော ဆာလ​ဖာဒိုင်အောက်ဆိုက်ခေါ် ဓာတ်ငွေ့တမျိုးရသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို အောက်စီဂျင် ကဲပေးလျှင် ဆာလဖာထရိုင်အောက်ဆိုက်ကို ရ၍ ဆာလဖာထရိုင်အောက်ဆိုက်ကို ရေတွင်ပျော်စေသောအခါ စက်မှုလက်မှုလုပ်ငန်းတွင် အလွန်အသုံးဝင်သည့် ဆာလဖျူရစ်အက်ဆစ်ကို ရသည်။
 
သတ္တဝါများနှင့် အပင်များ၏ ခန္ဓာကိုယ်တွင် ပါရှိသော ပရိုတိန်းများမှာ အများအားဖြင့် အလွန်ရှုပ်ထွေးသော ကန့်ဒြပ်ပေါင်းများ ဖြစ်ကြသည်။ ဆံပင်တွင် ကန့် ၅ % အထိပါဝင်သည်။ လူတို့တွင် ကန့်၏ အသုံးဝင်ပုံမှာ အလွန် များမြောင်ပေသည်။ အသီးခြောက်များ တာရှည်ခံအောင် ပြုလုပ်ရာ၌ ကန့်ကို အသုံးပြုလေ့ရှိသည်။ ဆာလဖာနီလာမိုက်၊ ဆာလဖာဂွာနဒင်း၊ ဆာလဖာသိုင်ယာဇိုးစသော ဆာလဖာဆေးများမှာ ကန့်ဝင်ဆေးများဖြစ်၍ ရောဂါအမျိုးမျိုးအတွက် အလွန်အသုံးဝင်သည်။ ဝဲခြောက်နာနှင့် ပွေးကဲ့သို့ အရေပြားတွင် ဖြစ်တတ်သော အနာများကို အကြောတွင် ကန့်ကော်လွိုက် ထိုးပေး၍ ကုသကြသည်။ ဆာလဖာဒိုင်အောက်ဆိုက်ကို တံမြက်စည်း၊​ကောက်ရိုးဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များကို အရောင်ချွတ်ရာ၌ သုံးသည်။ ကန့်ဒြပ်ပေါင်းဖြစ်သော ကျောက်ချဉ်ကို သားရေနယ်ရာ၌ဖြစ်စေ၊ ဆေးဆိုးရာ၌ဖြစ်စေ၊ စက္ကူပြုလုပ်ရာ၌ဖြစ်စေ အသုံးပြုသည်။ ဓာတ်ပုံရိုက်ရာ၌ အသုံးပြုသော ဟိုက်ပိုမှာ ဆိုဒီယမ် သိုင်အို ဆာလဖိတ်ဖြစ်သည်။ ကော့ပါးဆာလဖိတ်နှင့် ကာဗွန်ဒိုင်ဆာလဖိုက်မှာ ပိုးနှိမ်ဆေးအဖြစ်လည်းကောင်း၊ ဖဲရပ်ဆာလဖိတ်မှာ မင်ပြုလုပ်ရာ၌လည်းကောင်း အသီးသိး အသုံးဝင်သည်။
စာကြောင်း ၁၈ -
 
[[Category:ဓာတုဗေဒ]]
[[Category:ဒြပ်စင်ဒြပ်စင်များ]]
 
[[af:Swawel]]
"https://my.wikipedia.org/wiki/ကန့်" မှ ရယူရန်