ရိုဟင်ဂျာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၄၈ -
 
=== ၁၈ရာစုတွင် စတင်အသုံးပြုဟု ===
သို့သော် ရခိုင်သမိုင်းကျွမ်းကျင်ပညာရှင် ဒေါက်တာ ဂျကွေ့ပီလိန်ဒါမှ ''ရိုအင်ဂါ''ဆိုသည့် အသုံးအနှုံးကို ဗြိတိသျှ ဆေးဆရာဝန်[[ဖရန်စစ် ဘူချာနန်-ဟာမီလ်တန်]]မှ (၁၈)ရာစု နောက်ပိုင်းတွင် အသုံးပြုခဲ့ခြင်းရှိသည်။<ref name="leider_arakan">{{cite news| last=Leider | first=Jacques P.| title=Interview: History Behind Arakan State Conflict | url=http://www.irrawaddy.org/archives/8642|accessdate=9 July 2012 | work=The Irrawaddy | date=July 9, 2012}}</ref> သူ၏ '''၁၇၉၉ ခုနှစ်ထုတ် ဗမာအင်ပါယာတွင် သုံးနှုံးပြောဆိုခဲ့ကြသည့် ဘာသာစကားများမှ စကားလုံးဝေါဟာရများ''' ဆိုသည့် စာတမ်းတွင် ဘူချာနန်ဗျူးခန်နန် ဟာလ်မီတန်မှ''ကျွန်တော်အခု ဘာသာသုံးခုထပ်မံထည့်လိုက်ပါတယ်၊ ဗမာအင်ပါယာ လက်ထပ်မှာ အသုံးပြုသည့်စကားများဖြစ်သော်လည်း၊ ဟိန္ဒူဘာသာစကားမှ ဆင်းသက်လာတဲ့ စကားမျိုးနွယ်တွေဖြစ်ပါတယ်။ ပထမဘာသာမှာ ရခိုင်တွင် ကြာမြင့်စွာ နေထိုင်ခဲ့ကြတဲ့ မိုဟာမဒ္ဒန်တွေ သုံးတဲ့စကားဖြစ်ပြီး၊ သူတို့ကိုသူတို့ ရိုအင်ဂါလို့ ခေါ်ဆိုကြပြီး၊ ရခိုင်ပြည်နယ်ရဲ့ မူရင်းလူမျိုးများဖြစ်ပါတယ်'' <ref name="buchanan_burma">{{cite journal|last=Buchanan-Hamilton|first=Francis|title=A Comparative Vocabulary of Some of the Languages Spoken in the Burma Empire|journal=Asiatic Researches|year=1799|volume=5|pages=219-240|url=http://www.soas.ac.uk/sbbr/editions/file64276.pdf|accessdate=9 July 2012|author=Francis Buchanan-Hamilton|authorlink=Francis Buchanan-Hamilton|publisher=The Asiatic Society}}</ref> လိဒ္ဒါမှ ထိုစကားလုံး၏ အဓိပ္ပါယ်မှာ နိုင်ငံရေးနှင့် လုံးဝသက်ဆိုင်သည့် စကားလုံးမဟုတ်ဘဲ၊ ၂၀ ရာစုခေါတ်က ကိုယ်မည်သူမည်ဝါဖြစ်သည်ကို နိုင်ငံရေးကိစ္စများတွင် ဖော်ပြနိုင်ရန် အသုံးပြုကြခြင်းဖြစ်သည်ဟုဆိုသည်။ ၁၉၅၀မှ စ၍ အဘယ့်ကြောင့် စတင်အသုံးပြုခဲ့သနည်းဆိုသည် မေးခွန်း၏အဖြေမှာ၊ ထိုလူများမှ အမည်ကို အသုံးပြု၍ ကိုယ်မည်သူမည်ဝါဖြစ်သည်ကို အသိအမှတ်ပြုကြစေရန် အသုံးပြုခဲ့ခြင်းဖြစ်ပေမည်။"<ref name="leider_arakan"/>
 
=== ၁၉၅၀မတိုင်မီတွင် သုံးနှုံးမှုမရှိခြင်း ===
မြန်မာ့သမိုင်းပညာရှင်များဖြစ်သည့် ဦးခင်မောင်စောမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ၁၉၅၀ မတိုင်မီတွင် လုံးဝဖော်ပြခြင်းမျိုးမရှိခဲ့ဟုဆိုသည်။<ref>{{harv|Khin Maung Saw|1993|p=90}}</ref> သမိုင်းပညာရှင် ဒေါက်တာမောင်မောင် မှ ၁၈၂၄ခုနှစ်တွင် ဗြိတိသျှတို့မှ လူမျိုးစစ်တမ်းကောက်ယူခဲ့ရာတွင် ရိုဟင်ဂျာအသုံးအနှုံး မပါရှိခဲ့ဟုဆိုသည်။<ref>{{cite web | url=http://www.irrawaddy.org/archives/6933 | title=Why is Western Burma Burning? | publisher=The Irrawaddy | accessdate=July 26, 2012 | author=KYAW ZWA MOE}}</ref>[[အပြည်ပြည်ဆိုင်ရာ သင်ကြားလေ့လာရေး ကန်ဒါသက္ကသိုလ်]]မှ သမိုင်းပညာရှင် အေးချမ်းမှ ရိုဟင်ဂျာဆိုသည့် စကားလုံးသည် ဘင်္ဂလီလူမျိုးများမှ ဆင်းသက်လာသူများဖြစ်ပြီး၊ ၁၉၅၀ခုနှစ်နှောင်းပိုင်းများတွင် ကိုလိုနီလက်ထက် ရခိုင်ပြည်နယ်သို့ ပြောင်းရွှေ့နေထိုင်လာကြသူများဟုဆိုသည်။ ၁၉၅၀အစောပိုင်းကာလများတွင် ဘာသာစကားပေါင်းစုံများတွင် ရိုဟင်ဂျာဆိုသည့် အသုံးအနှုံးကိုမူ လုံးဝမတွေ့ရှိနိုင်ဟု ထပ်မံငြင်းဆိုခဲ့သူဖြစ်သည်။ ထိုသို့ စကားလုံးအသုံးအနှုံး မတွေ့ရှိခြင်းကိုမူတည်၍ ၁၈၂၄ခုနှစ်မတိုင်မီကာလများ၌ မြန်မာနိုင်ငံတွင် မူစလင်များမရှိခဲ့ဟု ဆိုလို၍မရဟုဆိုသည်။