လျှပ်စစ်ဓာတ်အား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
စာကြောင်း ၄ -
==လျှပ်စစ်စွမ်းအင် (ဝါ) လျှပ်စစ်စွမ်းအင်၏သမိုင်းအကျဉ်း==
[[File:Thales.jpg|thumb|200px|alt=A bust of a bearded man with dishevelled hair|upright|[[သေလိ]],လျှပ်စစ်စွမ်းအင်ကိုကမာဘတွင်အစောဆုံးတွေ့ရှိသူ]]
လျှပ်စစ်စွမ်းအင်၏အကြောင်းကို နကန်းတလုံးမှနားမလည်စဉ် ရှေးပဝေသဏီ ကပင် [[Electric Fishလျှပ်စစ်ငါး]] ဟုခေါ်သည့် လျှပ်စစ်စက်ကွင်းကို ရုတ်တရက်ထုတ်လွတ်နိုင်သည့် ငါးမှတဆင့် Electric Shock ကိုလူသားတို့ သိရှိနားလည် ခံစားခဲ့ကြသည်။ ဘီစီ ၂၇၅ဝ တွင်တွေ့ရှိရသော ရှေးဟောင်းအီဂျစ်လူမျိုးတို့၏ မှတ်ရာမှတ်တမ်းများတွင် လျှပ်စစ်စစ်ငါးတို့ကို နိုင်းမြစ်ဝှမ်းမှ မိုးကြိုးပစ်သူများဟု ဖော်ပြထားပါသည်။ ထိုငါးများကို ငါးအပေါင်းတို့၏ဘုရင်ဟုတောင် တင်စားထားပါသည်။ ထိုလျှပ်စစ်ငါးများနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာများကို ရှေးခေါမမှတ်တမ်းများတွင်လည်းကောင်း၊ ရောမမှတ်တမ်းများတွင်လည်းကောင်း၊ အာရေဗျမှတ်တမ်းများတွင်လည်း တွေ့မြင်နိုင်ပါသည်။ [[Mediterranean]] ခေတ်ဝန်းကျင်တွင်ရှိခဲ့သော တချို့သောလူအဖွဲ့အစည်းများသည် ဖန်ချောင်းဖြင့်သိုးမွေးကိုပွတ်တိုင်ခြင်းဖြင့် [[တည်ငြိမ်လျှပ်စစ်]] ရကြောင်း ကိုလည်းသိရှိခဲ့ကြသည်။ ဂရိတွေးခေါ်ပညာရှင် [[သေလိ]] သည် တည်ငြိမ်လျှပ်စစ်နှင့် ပတ်သက်၍ စမ်းသပ်မှု အမျိုးမျိုးကိုပြုလုပ်ခဲ့ကာ [[ပွတ်တိုက်အား]] သည် [[ပယင်း]] ကို [[သံလိုက်]] အဖြစ်ပြောင်းလဲပေးသည်ဟုယူဆခဲ့လေသည်။
 
ပွတ်တိုက်မှုကြောင့် ဖန်ချောင်းသည် သံလိုက်ဖြစ်လာသည်ဟူ၍ ယူဆသော သေလိ၏အယူအဆသည် မှားသော်ငြားလည်း၊ နောက်ပိုင်းတွင်သံလိုက်နှင့် လျှပ်စစ်တို့ဆက်စပ်မှုရှိသည်ဟု [[သီအိုရီ]] များ သည်သက်သေများနှင့်တကွပေါ်ထွက်ခဲ့လေသည်။ ၁၉၃၆တွင် အီရတ်နိုင်ငံ ဘတ်ဒက်မြို့တော်အနီးရှိ [[Ctesiphon]] ရှေးဟောင်းတူးဖော်ရေးဆိုဒ် တွင် တွေ့ရှိခဲ့သော [[Baghdad Battery]] များကိုသုံးသပ်ခြင်းအားဖြင့် ရှေးဟောင်း [[ပါးရှန်း]] လူမျိုးများသည်လည်း [[ရွေရည်စိမ်ခြင်း]] [[Electroplating]] ကို တတ်ကျွမ်းသည်ဟု ယူဆရပါသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်ပြီး ခရစ်နှစ် ၁၆ဝဝ လောက်အထိ မည်သူမှ တိတိကျကျ ရေရေရာရာ မလေ့လာခဲ့ပေ။ ခရစ်နှစ် ၁၆ဝဝ လောက်တွင်မှ အင်္ဂလိပ်ဆရာဝန်[[ William Gilbert]] သည် လျှပ်စစ်နှင်သံလိုက်ကို စတင်လေ့လာခဲ့ကာ [[Loadstone Effect]] နှင့် ပယင်း နှင့်သိုးမွေးပွတ်တိုက်မှုကြောင့်ဖြစ်သော တည်ငြိမ်လျှပ်စစ် တို့သည် မတူညီကြောင်းကို ခွဲခြားပြသခဲ့ပါသည်။ Dr.Gilbert ရှာဖွေတွေ့ရှိသော တည်ငြိမ်လျှပ်စစ်သည် ပယင်းကို ပွတ်တိုက်သော အခါတွင် ယင်းတည်ငြိမ်လျှပ်စစ် ဖြစ်ပေါ်သည့်အတွက် လျှပ်စစ်ကို [[လက်တင်ဘာသာ]] ဖြင့် ပယင်းနှင့်တူသောအရာ electricus ဟု Dr.Gilbertမှ နာမည်ပေးကာ၊ ထိုမှတဆင့် [[အင်္ဂလိပ်ဘာသာ]] Electric ဟုပင်ခေါ်ဝေါ်ခဲ့သည်။