ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
Fixed typo
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၅ -
[[File:Ymba_founders.jpg‎|thumb]]
:ဝိုင်အမ်ဘီအေ အသင်းကြီးဟာ ဗမာပြည်သမိုင်းမှာ မော်ကွန်းထိုးမှတ်တမ်းတင်ထားရမယ့် ပထမဆုံးသော နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး နိုင်ငံရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ ကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) ကို ၁၉၀၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့မှာ စတင်ဖွဲ့စည်းပါတယ်။ အသင်းတည်နေရာကို အမှတ် (၈၆)၊ ၂၈ လမ်း၊ ရန်ကုန်မြို့၊ ဦးမောင်ကြီးနေအိမ်မှာ စတင်အခြေစိုက်ပါတယ်။ ဝိုင်အမ်ဘီအေ ကို ရန်ကုန်ကောလိပ် ကျောင်းသား မျိုးချစ်လူငယ်တစုကနေ စတင် တည်ထောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ စတင် တည်ထောင်စက အဖွဲ့ဝင်အသင်းသားဦးရေ (၂၀) တောင်မပြည့် သလို ဥက္ကဋ္ဌ နှင့် အမှုဆောင် အဖွဲ့ဆိုတာလဲမရှိ၊ အကျိုးဆောင် အတွင်းရေးမှူး ဆိုတာသာ ရှိခဲ့ပါတယ်။ [[ဘဖေ၊ ဦး|ဦးဘဖေ]]၊ [[မောင်ကြီး၊ ဆာ(ရဲတပ်ဗိုလ်ချုပ်)|ဦးမောင်ကြီး]]၊ [[ဘရင်၊ ဒေါက်တာ|ဒေါက်တာဘရင်]] တို့ကနေ စတင်စည်းရုံး လှုံ့ဆော်လှုပ်ရှား ခဲ့တာဖြစ်ပြီး စတင်တည်ထောင်သူတွေ ထဲမှာ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]]၊ ဦးခင်၊ ဦးဘဒွန်း၊ ဦးစံဘ၊ ဦးစံလွင် ၊ ဦးလှဖေ၊ ဦးသိန်းမောင်၊ ဦးစိန်လှအောင် စတဲ့ပုဂ္ဂိုလ်တွေလဲစတဲ့ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။
 
၁၉၀၈ ခုနှစ်မှာ ရန်ကုန်မြို့လုံးဆိုင်ရာ ဝိုင်အမ်ဘီအေ အသင်း အစည်းအဝေး ကို ကျင်းပနိုင်ခဲ့ပြီး၊ ဥက္ကဋ္ဌ နှင့် အမှုဆောင် လူကြီးစာရင်းလဲပဲလူကြီးစာရင်းလည်းပဲ ရှိလာပါတယ်။ အသင်းရဲ့ စည်းမျဉ်း ဥပဒေကို ရေးဆွဲကြပြီး၊ အသင်းကို မြို့တိုင်း နယ်တိုင်းမှာဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ မြို့ကြီးတချို့မှာ အသင်းခွဲတွေ ပေါ်ပေါက်လာခဲ့ပြီး စတင်စဉ်က ကျောင်းသားလူငယ်တွေနှင့်ပဲ စတင်ခဲ့တာဖြစ်ပေမဲ့ တဖြည်းဖြည်း နှင့် လယ်သမား၊ အလုပ်သမား၊ ဝန်ထမ်းနှင့် ပညာတတ် တွေပါ ပါဝင်လာခဲ့ပါတယ်။
[[File:Ymba_nayakas.jpg‎|thumb]]
၁၉၁၀ ခုနှစ်မှာ အသင်းခွဲတိုင်း က ကိုယ်စားလှယ်တွေပါ ပါဝင်တက်ရောက်တဲ့ အစည်းအဝေးကြီးတခု ခေါ်ဆိုနိုင်ခဲ့ပြီး အသင်းချုပ်ကြီးအဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဥက္ကဋ္ဌ အဖြစ် ‘ဦးဘိုးပြေ့’ က ဆောင်ရွက်ပါတယ်။ ၁၉၁၁ ခုနှစ်၊ မေလ-၇ ရက်နေ့မှာ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးရဲ့ နိုင်ငံလုံးဆိုင်ရာ ပထမကွန်ဖရင့်ကို ရန်ကုန်မြို့မှာကျင်းပရာ ဦးမေအောင်က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဦးဘိုးပြေ့အား ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ပါတယ်။ ဝိုင်အမ်ဘီအေ ရဲ့ မူလရည်ရွယ်ချက်ကတော့ ‘အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ’ ကို မြှင့်တင်ဖို့ဖြစ်ပြီး ကြွေးကြော်သံတွေကတော့ ‘အမျိုးကို ချစ်ပါ’၊ ‘ဘာသာကို လေးစားပါ’၊ ‘သာသနာကို ချီးမြှင့်ပါ’၊ ‘ပညာရေးကို အားပေးပါ’ တို့ ဖြစ်ပါတယ်။