ဘကြီးတော်(စစ်ကိုင်းမင်း): တည်းဖြတ်မှု မူကွဲများ

Bajidwa, King of Burma photo added
စာကြောင်း ၂၃ -
 
== ပထမ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခြင်း ==
[[File:Minister of State in Konbaung uniform.jpg|thumb|295x295px|ကုန်းဘောင်ခေတ် ဗိုလ်ချုပ်]]
မင်းတရားကြီး အိမ်ရှေ့စံစဉ်က မစစောင့်ရှောက်၍ မဏိပူရတွင် စိုးစံနေရသော၊ မဏိပူရ ကသည်းစော်ဘွား မဟာရှိန်ရာဇာသည် မကျိုးမနွံရှိသဖြင့် မင်းတရားကြီး
နန်းတက်သည့် နှစ်အတွင်း၌ပင် ညီတော် ဒွါရာဝတီ မင်းသား သတိုးမင်းရဲကျော်ထင်ကို ဗိုလ်ချုပ်ခန့်၍ တပ်တော်များချီတက်သိမ်းယူစေရာ၊ မဏိပူရ တစ်မြို့လုံးကို ရသည်။ မဏိပူရချီတပ်တွင် အလုံမြို့ဝန်မင်းကြီး [[မဟာဗန္ဓုလ]]က လက်ဝဲစစ်ကြောင်း၊ စစ်ကဲမင်းကြီး မင်ခေါင်းကျော်က လက်ယာကြာင်း ချီတက်သည်။ မြို့ကိုရပြီးနောက်၊ အစောင့်တပ်များ ချထားကာ တပ်များပြန်လာကြသည်။မဟာရှိန် ရာဇာသည် အင်္ဂလိပ်တို့ဩဇာလွှမ်းမိုးသော ကချာနယ်ထဲသို့ ပြေးဝင်ခိုလှုံသည်။ ယင်းစော်ဘွား၏ သားဟဲလာစန္ဒရော် အိန်စောင်တာပသည် ၁၁၈၂ ခုနှစ်တွင် ကချာမှနေ၍ မဏိပူရရှိ မြန်မာတပ်များကို လာရောက်တိုက်ခိုက်သည်။ မြို့စောင့် တပ်များက ပြန်လှန်ခုခံနေစဉ် အမရပူရမှစစ်ကူတပ်များ ရောက်ရှိလာ သဖြင့် ကသည်းတပ်များကို နှိမ်နင်းရသည်။ အင်္ဂလိပ်တို့သည် မြန်မာတို့၏ တန်ခိုးပျံ့နှံ့လာခြင်းကို မနှစ်သက်ပေ။ ထို့ကြောင့် ကချာနယ် အုပ်ချုပ်ရေးတွင် ဝင်ရောက်စိုးမိုးချယ်လှယ်မှုများ ပြုသည်။ ထို့ကြောင့်လည်း မြန်မာတပ်များနှင့် မသင့်မတင့် ဖြစ်သည်။