ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုရင်ဘဝ
သတ်ပုံပြင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၃ -
}}
[[File:Kinwun Mingyi portrait.jpg|thumb|ကင်းဝန်မင်းကြီး ဦးကောင်း]]
မြန်မာ ဘုရင်တို့၏ သက်ဦးဆံပိုင် အုပ်ချုပ်သော စနစ်ကို ခေတ်နှင့် အညီ ပြုပြင် ပြောင်းလဲကာ အနောက်တိုင်း နိုင်ငံများကဲ့သို့ အစိုးရဝန်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်ရေး စနစ်သစ်ကို လိုလားသူ [[ကင်းဝန်]]မင်းကြီး ဦးကောင်းသည် မြန်မာနိုင်ငံ သမိုင်းတွင်သာမက မြန်မာ စာပေတွင်လည်း အထူးပင် ထင်ရှားလှသော ပညာရှိ တစ်ဦးဖြစ်သည်။ မြန်မာပြည်၏ နောက်ဆုံး မင်းဆက်များ ဖြစ်ကြသော [[မင်းတုန်းမင်း]]နှင့် [[သီပေါမင်း]]တို့၏ လက်ထက်တွင် နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံ ထမ်းရွက်ကာ ထင်ပေါ် ကျော်ကြားလှသော သတိုးမင်းကြီး မဟာမင်းလှစည်သူ ဘွဲ့ခံ ကင်းဝန်မင်းကြီးမှာ ဗြိတိသျှတို့ အထက် မြန်မာပြည်ကို သိမ်းပိုက် ပြီးစဉ် ခေတ်က လူသိအများဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ အဖြစ်မှန်ကို မသိသူအချို့က “ '''ဦးကောင်းလိမ်ထုတ် မင်းဆက်ပြုတ် '''” ဟူသော စာအရ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသျှတို့လက်သို့ လက်သိပ်ထိုး အပ်ခဲ့သည်ဟု အယူမှားကာ သိနားလည် ခဲ့ကြသည်။ အထက်ပါ လင်္ကာ၏ အနက်မှာ ဦး = တနင်္ဂနွေနံ = ၁ ၊ ကောင်း= တနင်္လာနံ = ၂ ၊ လိမ် = ဗုဒ္ဓဟူးနံ = ၄ ၊ ထုတ် = သောကြာနံ= ၇ ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ အေဒီ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဦးကောင်း ကြောင့် အင်္ဂလိပ်လက်အောက်သို့ ကျရောက်ခဲ့ရသည့် အဓိပ္ပယ်အားအဓိပ္ပါယ်အား ရည်ညွန်း ချိုးနှိမ်ထားခြင်းဖြစ်သည်။ <ref>သီပေါမင်း ပါတော်မူခြင်း-အမျိုးသား ပညာဝန်ဦးဖိုးကျား</ref>
 
အမှန်မှာ [[ကုန်းဘောင်ခေတ်]]နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။
 
အမှန်မှာ [[ကုန်းဘောင်ခေတ်]]နောက်ပိုင်းတွင် ခေတ်မမှီပဲ နောက်ကျကျန်ခဲ့သည့် မြန်မာနိုင်ငံကို ခေတ်မှီတိုးတက်လျက်ရှိသော အခြား နိုင်ငံတို့နှင့် ရင်ဘောင်တန်းနိုင်အောင် စီမံအုပ်ချုပ်ရေး ၊ တရားစီရင်ရေး ၊ နိုင်ငံခြား ဆက်သွယ်ရေး ၊ ပြုပြင် ပြောင်းလဲရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့သည့် ရှေးမြန်မာကြီးများတွင် ကင်းဝန်မင်းကြီးသည် ထင်ရှားစွာ ပါဝင်ခဲ့လေသည်။
== ငယ်စဉ်ဘဝ ==
ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) ဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ [[သာသနာပိုင်]] [[ဗားကရာ ဆရာတော်]]၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။