ကညွတ်ပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး wikidata interwiki
→‎Common Asparagus (ကညွတ်): သတ်ပုံပြင်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၇၉ -
(က)မျိုးစေ့ပျိုးထောင်ခြင်း ။ ။ အစေ့မှ ပျိုးထောင်ပါက တစ်နှစ်ခန့် ပျိုးထောင်ရသည်။ အစေ့မှ အပင်ပေါက်ရန် ၂ ပတ်မှ ၆ ပတ် ကြာတတ်သဖြင့် ၃ဝံ စင်တီဂရိတ်ရှိသော ရေတွင် ၃-၄ မိနစ်ခန့် အကြာစိမ်ပြီး စိုက်ခြင်းဖြင့် ၄-၅ ရက်အတွင်း အပင်ပေါက်နိုင်သည်။ ပျိုးခင်းဘောင်များကို ၂-၃ ပေခွာပြုလုပ်၍ ဘောင်များပေါ်တွင် မျိုးစေ့ကို ၃-၄ လက်မခြားခွာပြီး ပျိုးကြဲသင့်သည်။
(ခ) စိုက်ပျိုးခြင်း ။ ။ မြေဆွေးဩဇာဓာတ်များသည့်မြေကို ထွန်ယက်ပြုပြင်ပြီး အကျယ် ၃ ပေ ၊ အနက် ၁ ပေရှိ စိုက်မြောင်းများကို ၄ ပေ ခွာကာတူးဖော်၍ တစ်နှစ်ခန့် ရှိ ပျိုးပင်မှ အမြစ်အုံကို မနာစေဘဲ မိုးဦးကျအချိန်တွင် စိုက်ပျိုးရမည်။
(ဂ) ပြုစု ဂရုစိုက်ခြင်း။ ။ မြေဆခြင်း၊မြေဆွခြင်း၊ ပေါင်းသင်ခြင်းလုပ်ငန်းများကို မကြာမကြာ ပြုလုပ်ပေးရမည်။ ကညွတ်ရိုးကို ဖြူအောင်ပြုလုပ်ရာ၌ ဥတက်များပေါ်တွင် အညှောင့်များ မထွက်မီ ထယ်ထိုးပြီး မြေဖို့ထားရသည်။
(ဃ) ရိတ်သိမ်းခြင်း ။ ။ သက်နုကညွတ်ပင်များ ၂-၃ နှစ်သား အရွယ်တွင် ကညွတ်အစို့ကို ၂ ကြိမ် ၃ ကြိမ်ခန့်သာဖြတ်ယူသင့်သည်။ ၃နှစ်သား ကျော်လျှင်မူ တစ်နှစ်အတွင်း ၄-၅ ကြိမ်အထိ ဖြတ်ယူနိုင်သည်။
အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများ အလိုအရ ချိုအေးသော အရသာရှိ၍ အေးသော ဂုဏ်သတ္တိရှိ၏။ သလိပ်ကို ကြေစေ၍ သွေးသည်းခြေကိုနိုင်သည်။ သွေးလွန် သွေးအန်နာတို့ကို ပယ်၏။