မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၃၇ -
ခရစ်နှစ် ၁၈၂၆ မှ ၁၈၆၂ အကြားတွင်, ကိုလိုနီခေတ်မော်လမြိုင်မြို့သည် ဗြိတိသျှမြန်မာနိုင်ငံ၏ဗဟို ဖြစ်လာခဲ့ပါသည်။<ref>McPherson, Kenneth (2002). ''Port Cities as Nodal Points of Change''. Columbia University Press. pp. 75–95.</ref> [[ဒုတိယအင်္ဂလိပ်မြန်မာစစ်]] ပြီးသော ဗြိတိသျှတို့ သည် အုပ်ချုပ်ရေးမြို့တော်ကို ရန်ကုန်သို့ ၁၈၆၂ ခုနှစ်တွင် တရားဝင်ပြောင်းရွေ့ခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် [[ကုန်းဘောင်မင်းဆက်]] (၁၁) ဆက်တွင် ဒဿမ​မြောက် ဖြစ်သော မြန်မာဘုရင် [[မင်းတုန်းမင်း]] စေလွှတ်သောသံအဖွဲ့ကို [[ကောင်း၊ ဦး (ကင်းဝန်မင်းကြီး)|ကင်းဝန်မင်းကြီးဦးကောင်း]] ဦးဆောင်၍ ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့အသွား၌ ဗြိတိသျှပိုင်မော်လမြိုင်မြို့သို့ ခေတ္တရောက်လာရာတွင် မြို့၏ရှုမျှော်ခင်းကို ခရီးစဉ် ရကန်ဖွဲ့ဆိုခဲ့လေသည်။
 
ခရစ်နှစ် ၁၈၇၈ ပြည့်နှစ်တွင် [[မင်းတုန်းမင်း]] နတ်ရွာစံပြီးနောက် "သီရိပုဗ္ဗာရတနာဒေဝီ"ဘွဲခံဘွဲ့ခံ [[စိန်တုံးမိဖုရား]] သည် ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ [[မော်လမြိုင်|မော်လမြိုင်မြို့]] သာယာကုန်းရပ်ရှိ အိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။
 
 
 
စာပေ [[နိုဘဲလ်ဆု|နိုဘဲလ်ဆုရ]] အင်္ဂလိပ် ဂန္ထဝင် ကဗျာဆရာ [[ရတ်ဒ်ယတ် ကစ်ပလင်]] သည် ၁၈၉ဝ ခုနှစ်တွင် မော်လမြိုင်မြို့သို့ ခေတ္တရောက်ရှိခဲ့ပြီး ၁၈၉၂ ခုနှစ်တွင်သူ၏ မန္တလေးအမည်ရှိ ကဗျာအဖွင့် ၌ ဤသို့ ရေးသားထားသည်။<blockquote>"By the old Moulmein pagoda