ဂေါ်ဖီထုပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့ - အပင် ကို အပင်များ ဖြင့် အစားထိုးနေသည်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Cabbage and cross section on white.jpg|thumb|300px|ဂေါ်ဖီထုပ်ကြီးများ]]
ဂေါ်ဖီထုပ်သည်ဂေါ်ဖီထုပ် ({{lang-hi| गोभी}}) သည် ဂေါ်ဖီပွင့် (ပန်းမုန်လာ) ခါးပု၊ မုန်ညင်း၊ စမုန် စသည်တို့နှင့်အတူ 'ကရူစီဖာရီး'မျိုးရင်းတွင် ပါဝင်သည်။ ဂေါ်ဖီထုပ်၏ ရုက္ခဗေဒအမည်မှာ '[[wikipedia:Brassica_oleracea|Brassica oleracea]]' ဖြစ်သည်။ ဂေါ်ဖီထုပ်ကို မုန်လာထုပ် ဟူ၍လည်း ခေါ်သည်။ဂေါ်ဖီထုပ်သည် ရေမတင်နိုင်သော မြေနုမြေမွများတွင် ကောင်းစွာ ဖြစ်ထွန်းသည်။ ယင်းကို ပျိုးထောင်ပြီးမှ စိုက် ခင်းတွင် ထပ်မံ၍ စိုက်ရသည်။ မျိုးစေ့များမချမီ ပျိုးခင်းတွင် ဗောင်နိမ့်နိမ့် ပြုလုပ်ရသည်။ ထိုနောက် ဗောင်ပေါ်တွင် ၄ လက်မ၊ ၅ လက်မစီခွါလျက် မျိုးစေ့များကို အတန်းလိုက် ပါးပါးချပေးရသည်။ ထိုမျိုးစေ့များပေါ်တွင် မြေစာမြေမှုန့်တို့ကို ခပ်ပါးပါး ဖုံးအုပ်ပေးပြီးနောက် ပန်းကရားဖြင့် ရေလောင်းပေး ရသည်။ ဗောင်များကို ငှက်ပျောရွက်၊ ထန်းရွက် စသည်တို့ဖြင့် နေပူမှ ကာကွယ်ရန် ဖုံးအုပ်ပေးရသည်။ပျိုးပင်ကလေးများသည် ၄ လက်မခန့် ကြီးမြင့်လာ၍ အရွက် ၃ ရွက်မှ ၆ ရွက်အထိ ရှိလာသောအခါ ရွှေ့ပြောင်းစိုက်ရန် သင့်ပြီဖြစ်သည်။
 
ပျိုးပင်ကလေးများကို ရွှေ့ပြောင်း မစိုက်မီ စိုက်ခင်းများကို ရေကောင်းစွာ ဖျန်းပေးရသည်။ ထိုနောက် ဗောင်တန်းများတွင် တပေစီခွါလျက် ကျင်းငယ်ကလေးများ ခပ်နက်နက်တူးပြီးလျှင် ထိုကျင်းများထဲ၌ ပျိုးပင်ကလေးများကို စိုက်ပျိုးရသည်။ ရွှေ့ ပြောင်းစိုက်ပြီးနောက် ၃၊ ၄ ရက်လောက်ကြာအောင် အပင် ကလေးများကို နေပူမှ ကာကွယ်ပေးရ၍ ရေကိုလည်း နိုင်နိုင် လောင်းပေးရသည်။